News

15-Oct-2016
ဘာသာတရားနဲ့ ဆူညံမှုကို ရောထွေးထားရှိသင့်သလား။ ဘာသာတရားနဲ့ ဆူညံမှုမှာ လုံးဝ ရောယှက်ခြင်း မရှိ။ ဆူညံခြင်းက လူကို ဒေါသဖြစ်စေတဲ့ အား။
15-Oct-2016
ယခု ရောက်ရှိနေသော အရင်းရှင်စနစ်မှာ အကျဘက်သို့ ရောက်ရှိနေပြီဖြစ်ရာ တက္ကနိုလိုဂျီအသစ်နှင့် ဘိဇနက်မိုဒယ်သစ်များကို အပူတပြင်း တောင်းဆိုလျက် ရှိသည်။ အကယ်၍ ဆိုခဲ့ပါ တက္ကနိုလိုဂျီ အသစ်နှင့် မိုဒယ်သစ်များ ပေါ်ခဲ့လျှင်သော်မှ ယခင်အရင်းရှင်စနစ်နှင့် မတူနိုင်တော့ပြီ။
15-Oct-2016
ရခိုင်ပြည်နယ် ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ရဲတပ်ဖွဲ့ဝင်များ သာမက တပ်မတော်သားများပါ ကျဆုံးနေသော စီးနင်းမှုများ၊ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းမှာ ရခိုင်ပြည်နယ် ဒေသခံများအတွက် သာမက နိုင်ငံတော်နှင့် နိုင်ငံသား အားလုံး၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်ခြင်း ဖြစ်သည်
14-Oct-2016
အမေရိကန်ပြည်ထောင်စု၏ ဖက်ဒရယ် နိုင်ငံရေးစနစ်မှာ အစောဆုံး ပေါ်ပေါက်လာသော ဖက်ဒရယ်စနစ်ဖြစ်ပြီး (Coming Together) စိတ်တူကိုယ်တူ လာရောက်ပူးပေါင်း စုဖွဲ့သောပုံစံ ဖြစ်သည်။
13-Oct-2016
သို့ရာတွင် ယနေ့အထိ လွှတ်တော်များက ဆုံးဖြတ်ခဲ့သည့် တိုက်တွန်းချက်များကို ပြည်ထောင်စု အစိုးရက လိုက်နာ ဆောင်ရွက်ကြောင်း မတွေ့ရသလို မည်ကဲ့သို့ ဆောင်ရွက်ထားပါကြောင်း ပြန်လည် တင်ပြသည်များကိုလည်း မကြားရ၊ မတွေ့ရပါ။
13-Oct-2016
မြန်မာနိုင်ငံကို လက်ရှိအခြေအနေမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်း ဘယ်လူပုဂ္ဂိုလ်များကမှ တစ်ဦးကောင်း တစ်ယောက်ကောင်း တစ်ဖွဲ့ကောင်းနဲ့ တည်ဆောက်ဖို့ မဖြစ်နိုင်ပါ။ ပြဿနာ များပါတယ်။ အကျိုးဆိုင်သူ များပါတယ်။
13-Oct-2016
ဒီမိုကရေစီ သဘောအရမူ ရွေးကောက်တင်မြှောက်သော နည်းလမ်းဖြင့် တာဝန် ထမ်းဆောင်ရသော နေရာမျိုးတွင် ယနေ့အချိန်အထိ ဗဟိုက တိုက်ရိုက် ခန့်ထားနေဆဲ ဖြစ်နေသည့်အပြင် ထိုသို့ ခန့်ထားခံရသူများ၏ နှုတ်ထွက် စကားများသည်လည်း ယခင် အာဏာရှင်ခေတ်က စစ်ဗိုလ်ချုပ်များ၏ လေသံအတိုင်း ဖြစ်နေခြင်းမှာ များစွာ အရုပ်ဆိုးလှသည်။
12-Oct-2016
ဒီမိုကရေစီစနစ်ဆိုသည်မှာ အုပ်ချုပ်သူ အစိုးရဘက်မှလည်း စည်းလွတ်ဝါးလွတ် အုပ်ချုပ်လို့ မရသလို ပြည်သူတွေဘက်ကလည်း ဥပဒေမဲ့ စည်းလွတ်ဝါးလွတ် လိုက်ပါပြုကျင့်လို့ မရဘူးဆိုတာကို ဆိုလိုလိုရင်းသာ ဖြစ်ပါတယ်။
11-Oct-2016
ကမ္ဘာပေါ်တွင် ဖြစ်ပေါ်ခဲ့သော ပဋိပက္ခ၊ အကျပ်အတည်း၊ အငြင်းပွားမှု များစွာကို စနစ်တကျ သုတေသနပြု ဖော်ထုတ်ထားသည့် Conflict ခေါ် ပဋိပက္ခ ကိုင်တွယ် ဖြေရှင်းမှု ပညာရပ်တွင် အခြေခံအားဖြင့် ပုံစံ ငါးမျိုးဖြင့် ချဉ်းကပ် ဖြေရှင်းလေ့ ရှိသည်။
11-Oct-2016
မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင် လှုပ်ရှားမှုများမှာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ဒေသများ၌ ပိုမို အားကောင်းသည်။ တည်ငြိမ်သော အခြေခံဒေသ အတည်တကျ မရှိသော လက်နက်ကိုင် ပြောက်ကျားတပ်ဖွဲ့များအဖို့ စဉ်ဆက်မပြတ် ထောက်ပံ့ပေးနိုင်သည့် အရင်းအမြစ် မရှိပါက ရပ်တည်ရန် မလွယ်ကူသဖြင့် လက်နက်ကိုင် ပဋိပက္ခတွင် ပြည်ပနိုင်ငံ၏ အရေးပါပုံကို တွက်ဆနိုင်သည်။
11-Oct-2016
သမ္မတကြီးတို့ အစိုးရအဖွဲ့ စတင်တာဝန်ယူခဲ့သည့် ဧပြီလသည် ကျွန်တော်တို့၏ မျှော်လင့်ချက်ရောင်ခြည်များ တစ်လက်လက် တောက်ပလာခဲ့ကြသည့် အချိန်များ ဖြစ်ပါသည်၊ သို့ပါသော်လည်း ယနေ့အထိ နိုင်ငံတော်၏ အုပ်ချုပ်ရေး ယန္တယားကြီးမှာ အပြောင်းအလဲဟူ၍ ထင်ရှားစွာ မတွေ့ရဘဲ ယခင်အချိန်များအတိုင်း ကြိုးနီစနစ်၊ တင်းကျပ်သော စည်းမျဉ်းဥပဒေများဖြင့် ပြည်သူလူထုအဖို့ အလုပ်အကိုင် ခက်ခဲနေဆဲပင် ဖြစ်ပါသည်။
10-Oct-2016
ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တည်ရှိသော ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းမှ နယ်ခြားစောင့် ကွပ်ကဲမှု ဌာနချုပ်ကို အကြမ်းဖက် တိုက်ခိုက်သူများ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ခြင်းမှာ ပေါ့သေးသေး သဘော မထားသင့်သော ပြဿနာ ဖြစ်သည်။
10-Oct-2016
ည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပိုင် တိုက်ခန်းတွင် နေထိုင်သူ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် နှစ်ဦးကို တိုက်ခန်းမှ အပြီးသတ် ပြောင်းရွှေ့ပေးရန် ပါတီဌာနချုပ်က အမိန့်စာ ထုတ်ပြန်လိုက်ခြင်းမှာ ပုဂ္ဂိုလ်ရေးကဲသော ပါတီတွင်း အကွဲအပြဲ၏ ရိုက်ခတ်မှုတစ်ခုဟု ဆိုနိုင်သည်။