News

13-Aug-2017
ကမ္ဘာသိ ပညာရှင်များ ပေါ်ထွန်းရန် မဖြစ်မနေ လိုအပ်သလို အဆိုပါ ပညာရှင်များ ပေါ်ထွန်းရေးကို လူပုဂ္ဂိုလ်နိုင်ငံရေး၊ အုပ်စုစွဲအရေး စသည်တို့ဖြင့် မတိုင်းတာကြရန်နှင့် အသိဉာဏ် ကြီးမားသူ ပညာရှင်များ ပေါ်ထွန်းမည့်ကိစ္စကို မလိုလားသည့် စိတ်နေစိတ်ထားများ ကင်းစင်ကြရန် လိုအပ်ကြောင်း
13-Aug-2017
ပွင့်ပွင့်လင်းလင်းနဲ့ တည့်တည့် ပြောရရင်တော့ ဆင်းရဲမွဲတေမှုဆိုတဲ့ ချောက်ကမ်းပါးထဲက မြန်မာပြည် ရုန်းမထွက်နိုင်သေးသရွေ့ ဒုစရိုက်မှုတွေ ထူပြောပြီး အမှုအခင်းတွေနဲ့ နပန်းလုံးနေရဦးမှာပဲ။ ဆင်းရဲတွင်း နက်နေနေတာက ပြည်သူလူထုတင်မကဘူး။
12-Aug-2017
ဒါ့အပြင် တပ်မတော်အနေနဲ့ ပြည်ထောင်စုအစိုးရရဲ့ ဦးဆောင်မှုကို အပြည့်အဝ ခံယူလိုက်နာ ပူးပေါင်းဆောင်ရွက်နေတဲ့ တစ်ချိန်တည်းမှာပဲ နိုင်ငံတော်လုံခြုံရေးအတွက် မိမိတို့ သင့်လျော်ကောင်းမွန်မယ်လို့ ယူဆတဲ့ နည်းလမ်းများနဲ့လည်း အခြားပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းစကားပါးလိုတာလည်း ဖြစ်နိုင်ပါတယ်။
10-Aug-2017
မိမိနောက်တွင် ကိုယ်စားပြု အဖွဲ့အစည်း ရှိနေသူများအနေနှင့် မိမိကိုယ်ကျိုးအတ္တ မကင်းသော ကိစ္စရပ်များ၊ ဆက်နွှယ်သည့် အရေးကိစ္စများ ပေါ်ပေါက်လာပါက အသိတရား၊ သတိတရားဖြင့် ဆင်ခြင်နှလုံးသွင်းပြီးမှသာ ဆုံးဖြတ်ချက်ချကြစေလိုကြောင်း
10-Aug-2017
အခုလို ပြည်သူ့အစိုးရ အရပ်သားစစ်စစ် ပုဂ္ဂိုလ်တွေက တိုင်းပြည်ကို အုပ်ချုပ်ပြီး မင်းတက်လုပ်နေကြတဲ့ခေတ်မှာ ဥပဒေတွေနဲ့ ပတ်သက်လို့ ဒီလိုဖြစ်နေတာဟာ အင်မတန် ဝမ်းနည်းစရာ ကောင်းလှပါတယ်။ အရင် စစ်အစိုးရတစ်ပိုင်းလို့ ခေါ်ဆိုခဲ့တဲ့ သမ္မတဦးသိန်းစိန်လက်ထက်မှာတုန်းကတောင် ဒီ ၆၆ (ဃ) နဲ့စွဲဆိုခဲ့တဲ့အမှုဟာ ခြောက်ခုလောက်သာ ရှိခဲ့ပေမယ့် အခုအစိုးရလက်ထက်မှာ ၈၀ လောက်ထိ နီးကပ်လာနေတာဟာလည်း အနာဂတ်သမိုင်းမှာ ကောင်းလှတာ မဟုတ်ပါဘူး။
10-Aug-2017
Learning ကသတ်သတ်၊ Employment ကသတ်သတ် ဆက်လက်ဖြစ်နေဦးမယ်ဆိုရင် Internal Brain Drain, External Brain Drain များ ဆက်လက်ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။ အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်းကိုလည်း တိုက်တွန်းလိုပါတယ်။
09-Aug-2017
ယခုကတည်းကပင် ပြည်သူလူထုက စိတ်ချအားကိုးထိုက် သော၊ လေးစားယုံကြည်ထိုက်သော၊ တရားမျှတသည့် ဥပဒေများနှင့်အညီ ရိုးသားဖြောင့်မတ်မှု အပြည့်ရှိသော မှားယွင်းမှုများကို ပြင်ဆင်တည့်မတ်နိုင်သော တရားရုံးများ၊ သတင်းမီဒီယာများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအဖြစ် လေ့ကျင့်ပြင်ဆင်ထားသင့်ကြောင်း
09-Aug-2017
လက်ရှိ ကျင့်သုံးလျက်ရှိသည့် မူးယစ်ဆေးဝါး ဥပဒေကို ထိုက်သင့်သလို ပြင်ဆင်ခြင်းနှင့် အဓိက သယ်ဆောင်ရောင်းဝယ်သူများကိုသာ ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရေး၊ လက်ကားဖြန့်သည့် ပင်မဒိုင်ကြီးများ၊ လက်လီပြန်ဖြန့်ကြသည့် အရောင်းအဝယ်သမားများကို အမြစ်ပါမကျန် ရှင်းလင်းသုတ်သင်သွားကြရန် အချိန်တန်နေပြီဖြစ်ပါကြောင်း
09-Aug-2017
အရည်အချင်း သတ်မှတ်ချက် စံများကို အဓိပ္ပာယ် ဖွင့်ဆိုသည့်အခါ Policy Maker ဘက်မှ စဉ်းစားသော Descriptive Approach နှင့် ဘာသာရပ် တစ်ခုချင်းစီအလိုက် မတူညီသော စံနှုန်းစံထားများ တန်ဖိုးများဘက်မှ စဉ်းစားသော Normative Approach ဟူ၍ စံနှုန်း စံထား နှစ်ခုကို အချေအတင် ဆွေးနွေးကာ အဓိပ္ပာယ် ဖွင့်ဆိုဖို့ လိုအပ်သည်ဟု ယူဆပါသည်။
08-Aug-2017
မည်သူမဆို မိမိကျူးလွန်၊ ပြုမူထားသော စေတနာကံနှင့် ထိုက်တန်သည့် အကျိုးရလဒ်မျိုးသာ ရရှိနိုင်သောကြောင့် ယနေ့ ကြုံတွေ့နေရသော အဆိုး၊ အကောင်းဟု အမည် တပ်ထားသော အရာများသည် အတိတ် သို့မဟုတ် မကြာ မတင်ခင်ကာလက မိမိတို့ ကျူးလွန်ခဲ့သော အပြုအမူ “ကံ”များအတိုင်း ကြေးမုံပြင်ကဲ့သို့ ပြန်ထင်ဟပ်ခြင်း ဖြစ်သည်။
08-Aug-2017
မြန်မာတို့မှာ ဦးဆောင်သူ ပုဂ္ဂိုလ်ခေါင်းဆောင်နှင့် အဖွဲ့အစည်းတို့နှင့်ပတ်သက်ပြီး ရှေးယခင်ကတည်းက စွဲခိုင်ထားသည့် အယူအဆတစ်ခု ရှိပါသည်။ အုပ်စိုးသူမင်းကို ရန်သူမျိုး ငါးပါးထဲ ထည့်သွင်းထားသော ယဉ်ကျေးမှု ရှိသည်။ ထိုထက် အုပ်စိုးသူများဘက်ကလည်း အာဏာရယူပြီးနောက် ကတိကဝတ်များ ဖျက်၍ ထင်ရာလုပ်တတ်သော သဘောလည်း ရှိသည်။ သို့အတွက် ဦးဆောင်သူနှင့် နောက်လိုက်များကြား တရားနည်းလမ်းကျသည်ဖြစ်စေ အခြေခံတင်းမာမှုက ရှိနေပြန်သည်။
08-Aug-2017
မည်သို့ပင်ဆိုစေကာမူ ရှစ်လေးလုံး အရေးတော်ပုံကြီးသည် ယူတတ်လျှင် သင်ခန်းစာများကို ပေးစွမ်းပါသည်။ (၁) စစ်အာဏာရှင်များ၏ လက်သုံးစကား တစ်ခုဖြစ်သည့် “အာဏာသည် သေနတ်ပြောင်းဝမှာ ရှိသည်”ဟူသောစကားကို ချေဖျက်ခဲ့သည်။
07-Aug-2017
များမကြာမီ အချိန်ကာလတစ်ခုတွင် အကျဉ်းထောင်တံခါးများ ကျဉ်းသထက်ကျဉ်းကာ စာသင်ကျောင်းတံခါးများ ကျယ်သထက် ကျယ်လာနိုင်စေကြောင်း
07-Aug-2017
....တရားရုံးကို လေးစား အားကိုးပြီး အမှန်တရားကို ကူညီဖော်ထုတ်ပေးလိုသည့် ဆန္ဒများ ပြည်သူများတွင် ရှိဖို့လိုပါပြီ။ ပြည်သူများက မလိမ်မညာ၊ မကွယ် မဝှက်၊ အမှန်ကိုအမှန်အတိုင်း ထွက်ဆိုချက် ပေးလာဖို့အရေး ကျမ်းစာအုပ်ကြီးကလည်း အကူအညီ မပေးတော့ပါ။ နိုင်ငံတကာတွင်တော့ မုသားဖော်စက်များ သုံးနေသည်ဟု ကြားဖူးနားဝရှိပါသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း နည်းလမ်း ရှာကြံသင့်ပြီဖြစ်ပါကြောင်း ပုဂံခေတ်ကို အကြောင်းပြု၍ မောင်းထုလိုက်ရပါသည်။
07-Aug-2017
အမှန်ဆိုရလျှင် ယခုရက်ပိုင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ပညာရေး တက္ကသိုလ် ကျောင်းသားများ၏ ဆန္ဒထုတ်ဖော်မှုကို ဖြေရှင်းပေးရာတွင် ထိုအတိုင်းသာ ဖြစ်သင့်သည်။ တာဝန်ရှိဌာနဆိုင်ရာများမှ ညှိနှိုင်းဖြေရှင်း ပေးကြရမည်။ ညှိနှိုင်းဖြေရှင်းရန် ကိစ္စများကိုလည်း အထက်တွင် တင်ပြခဲ့သည့် ဥပဒေကြီးအထဲတွင် ပြန်လည်ဖြည့်စွက် ထည့်သွင်းကြရမည်။