News

22-Aug-2017
ဈေးသူ၊ ဈေးသားများ၏ စိုးရိမ်စိတ်၊ ပူပင်သောကနှင့် အခက်အခဲကို ဈေးသူ၊ ဈေးသားများထက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် ကြားဝင်ညှိနှိုင်းပေးသူ လွှတ်တော်ကိုယ်စားလှယ်တို့အပြင် မည်သူမျှ ထဲထဲဝင်ဝင် သိရှိနားလည်နိုင်မည် မဟုတ်ပေ။
22-Aug-2017
...ကရင်လူမျိုးကိုချစ်သော၊ ကရင်လူမျိုးနှင့် ကရင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်စေလိုသော ကရင်ပြည်နယ် အစိုးရ/ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်၏ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် ကျန်းမာရေး ထိခိုက်မည်ကို စိုးရိမ်ပူပန်နေကြသော ကရင်လူမျိုးတို့အကြား အကျေအလည် ညှိနှိုင်းတိုင်ပင် ဆွေးနွေးကြလျက် ပြည်ထောင်စုကြီး၏ အစိတ်အပိုင်းဖြစ်သည့် ကရင်ပြည်နယ်၏ အကျိုးစီးပွားကို သယ်ပိုးဆောင်ရွက်နိုင်ကြပါစေ...
22-Aug-2017
ခေတ်မီမီးပွိုင့်နဲ့ ဗဟိုထိန်းချုပ်ရေးစင်တာ ဆင်ဆာအားနည်းမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုကို ကာလအတန်ကြာအထိ ပြည်သူတွေ ခံစားကြရဦးမှာလည်းဖြစ်တယ်။ ယခင်က ဒိုင်နာနဲ့ ဘီအမ် လူစီးယာဉ်တွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ YBS စနစ်မှာ လျှော့ချပေးနိုင်ခဲ့ပြီး ယခုယာဉ်လိုင်းအသစ်၊ ယာဉ်အသစ်တွေ ပြန်ဝင်လာတဲ့အခါ နဂိုအတိုင်း ယာဉ်ကြောပိတ်ဆို့လျက် ရှိပါသေးတယ်။
21-Aug-2017
ဒါဟာ လူငယ်တွေအနေနဲ့ အင်တာနက်၊ လူမှုကွန်ရက်နဲ့ ဂိမ်းတွေမှာ အချိန် ကုန်နေကြတယ်လို့ ၂၀၁၆ နိုဗယ်မြန်မာစာပေပွဲတော် သဝဏ်လွှာမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း မှတ်ချက်ပြုခဲ့ပြီးနောက်မှာ တိုင်းရေးပြည်ရာ တာဝန်ရှိသူတစ်ဦးက ဒုတိယအကြိမ်မြောက် သိသာထင်ရှားစွာ နားလည်မှုလွဲနေတဲ့ ပြောဆိုဆွေးနွေးချက် ဖြစ်လာပါတယ်။
21-Aug-2017
... ဖွဲ့စည်းမှု တစ်နှစ်ကာလပြည့်ခဲ့ပြီး အပြီးသတ် အစီရင်ခံစာ တင်သွင်းမည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်အနေနှင့် လက်ရှိ ကြုံတွေ့နေရသည့် ပြည်ပနိုင်ငံများ၏ ဖိအားအကြားတွင် အစိုးရနှင့် တပ်မတော်ကို မည်သို့တင်သွင်းကြမည်နည်း ဆိုသည့်အချက်ကလည်း ပြည်သူများအကြားတွင် စိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
20-Aug-2017
နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ရပ်အတွက် မရှိမဖြစ် အရေးကြီးသော ပရော်ဖက်ရှင်နယ် အဖွဲ့အစည်း၊ အင်စတီကျူးရှင်း တစ်ခုဖြစ်ပါက ကာယကံရှင်အတွက် သာမက သက်ဆိုင်ရာ ကိုယ်စားပြု နယ်ပယ်၊ ရပ်ဝန်း၊ နိုင်ငံ၊ လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာ အဆင့်အတန်းနှင့်ပါ တိုက်ရိုက် အချိုးချကြောင်း သိစေလိုရင်းဖြစ်သည်။
19-Aug-2017
မြန်မာပြည်မှာ ခေါက်ရိုးကျိုးသလို ဖြစ်နေတာက တစ်ခုခုဖြစ်ရင် ဒဏ်ကြေး ပိုတိုးရိုက်၊ ထောင်ဒဏ်တို့၊ အရေးယူမှု တိုးမြှင့်ဆိုတာတွေပဲ။ ရောဂါ ပြဿနာရဲ့ ရင်းမြစ် အကြောင်းအရာကို မကုစားဘဲ အပေါ်ယံ အသေးအမွှား ရောင်ရမ်း၊ နာကျင်တာတွေကို ဆေးမြီးတိုနဲ့ ကုနေသလိုပေါ့။
19-Aug-2017
...အတန်းပညာရေး လုံးဝမရှိဘဲနှင့်လည်း အသိပညာကို ရရှိလာမည် မဟုတ်ပါ။ ယုတ်စွအဆုံး ဘုန်းကြီးကျောင်းသားဘဝကို မဖြတ်သန်းဖူးဘဲနှင့်လည်း အသိပညာကို အလိုအလျောက် ရရှိလာမည် မဟုတ်ပါ။ ဖိုးရာဇာလို ပါရမီရှင် ပညာရှိမျိုး ဆိုသည်ကလည်း လူသိန်းပေါင်းများစွာတွင် တစ်ဦးရှိဖို့ မလွယ်ပါ။
18-Aug-2017
မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံခေါင်းဆောင်တွေအနေနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စကြောင့်ပဲ ကျန်တာတွေကို လှည့်မကြည့်နိုင်အားတဲ့နေ့ရက်တွေ ရှိနေသလို မြန်မာ့ငြိမ်းချမ်းရေး၊ မြန်မာ့စီးပွားရေး၊ မြန်မာ့ဒီမိုကရေစီ အရေးတွေဟာ ဒီကိစ္စတစ်ခုကြောင့်ပဲ အရေးမပါသလို ဖြစ်နေရတာကြောင့်ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာက လာပြီဆိုရင် ရခိုင်ပြည်နယ်အရေး၊ နိုင်ငံတကာအစည်းအဝေးတွေမှာ ဆွေးနွေးပြီဆိုရင် ရခိုင်ပြည်နယ်အရေး၊ ဒီလိုမျိုး ဖြစ်နေတဲ့အတွက် ရင်းနှီးမြုပ်နှံမှု၊ ကုန်သွယ်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး စတဲ့ အရေးကြီးလှတဲ့ အရေးကိစ္စတွေ မှေးမှိန်နေတာ အားလုံးအသိပဲ ဖြစ်ပါ တယ်။
18-Aug-2017
အနောက်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံနယ်နိမိတ် လုံခြုံရေးတို့ကို ပြင်းထန်တဲ့ပေါ်လစီတွေ ချမှတ်ပြီး ဆောင်ရွက်နေချိန်မှာ တစ်ဖက်မှာ လူ့ အခွင့်အရေးမြှင့်တင်မှုကို ပြသသည့်အနေဖြင့် လူနည်းစုမူဆလင် ဟူသော အကြောင်းပြ ချက်နောက်မှာ ရပ်တည်ပြလာတယ် ဆိုတဲ့ ယူဆချက်။
17-Aug-2017
အဂါရဝ ဖြစ်စေသည်များကို သာမန်ပြည်သူများက မသိနားမလည်၍ ကျူးလွန်မိသကဲ့သို့ ဖြစ်သွားခြင်းကို နားလည် လက်ခံပေး၍ ရသော်ငြား တရားရုံးနှင့် ဆက်စပ်နေသော ပြည်သူ့ဝန်ထမ်းများက ဖောက်ဖျက် ကျူးလွန်နေခြင်းမှာမူ မည်သို့မျှမဖြစ်သင့်ပေ။
17-Aug-2017
...ကြွက်တွေကို မျိုးစပြတ်သွားအောင် မလုပ်နိုင်ဘူး ဆိုစေဦးတော့။ ကြွက်တွေပျော်နေတဲ့ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးမှာ ကြွက်ကောင်ရေ လျော့နည်းသွားအောင် ဘယ်လိုအစီအမံတွေနဲ့ လုပ်ကြမှာလဲလို့ မေးမြန်းခြင်းအဆိုကို သတင်းစာကနေ ပြည်သူတစ်ယောက်အနေနဲ့ တင်သွင်းလိုကြောင်းပါ...
16-Aug-2017
မည်သို့ပင်ဖြစ်စေ ဖော်ပြပါ အခက်အခဲနှင့် ကန့်သတ်မှုများအကြားမှ မြန်မာပရိသတ်များ၏ အာသာဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် အွန်လိုင်းလူမှုရေး ကွန်ရက်မှတစ်ဆင့် တိုက်ရိုက် ထုတ်လွှင့်ပြသရန် ကြံဆစီစဉ်နိုင်ခဲ့ခြင်းသည် ပြည်သူကို အလေးထားသော အစိုးရအဖြစ် ပြသနိုင်ခဲ့သည့်အပြင် အင်တာနက် မီဒီယာ၏ အားသာချက်ကို အကျိုးရှိစွာ အသုံးချပြနိုင်ခဲ့ခြင်းဟု ဆိုနိုင်သည်။
16-Aug-2017
အစွန်းရောက် အကြမ်းဖက်သူများ၏ အန္တရာယ်များမှာ ယနေ့အချိန်တွင် ကမ္ဘာတစ်ဝန်း အခြားသောနိုင်ငံများတွင်လည်း သိသိသာသာ ခံစားနေကြရချိန်လည်းဖြစ်သည်။ ..... ဖိလစ်ပိုင်နိုင်ငံတွင်မူ သမ္မတကိုယ်တိုင် ဦးစီးပြီး စစ်မြေပြင်သို့ဆင်းကာ ကွပ်ကဲနှိမ်နင်းနေရသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင်လည်း အစွန်းရောက် အကြမ်းဖက်မှုများ လက်ချက်ကြောင်း ထိုင်းစစ်သားများ မကြာခဏဆိုသလို ကျဆုံးနေကြရသည့် သတင်းများကို ဖတ်ရသည်။
15-Aug-2017
ယနေ့ အွန်လိုင်းမီဒီယာ သို့မဟုတ် အွန်လိုင်း လူမှုရေးကွန်ရက်ကို မရှိမဖြစ် ဘဝတစ်ခုသဖွယ် ပျော်ဝင်စီးမျောနေကြသူများအား ဤပြဿနာက သတိပေးလိုက်ခြင်းဖြစ်သည်။