News

22-Dec-2018
ဝန်ထမ်းတွေကို ပေးထားတဲ့ လစာနှုန်းထားနဲ့ အဆောင်အယောင်ခံစားခွင့်တွေအရဆိုရင် အောက်ခြေဝန်ထမ်းငယ်တွေကသာ အများဆုံးဒုက္ခရောက်နေကြရတဲ့ သဘောမျိုးပါ။ ဒီအတွက် ဒီဝန်ထမ်းငယ်လေးတွေအပေါ်ကို အထက်က ဆက်ဆံကြတဲ့အခါ အပြစ်တင်ခြင်းမျိုးထက် သင်ယူဆွဲဆောင်ခြင်းဆိုတဲ့ လမ်းကြောင်းကိုသာ လက်တွဲခေါ်ယူကြရမှာပါ။
21-Dec-2018
အစာမကြေလျှင် ရောဂါထူတတ်သတဲ့။ အခုများတော့ “စာမကြေ” သူတွေ များလာတဲ့တိုင်းပြည်မှာ အသိတရား ဆင်းရဲခြင်းရောဂါတွေ ထူပြောနေဦးမှာ အသေအချာပင်။ စာဖတ်နေတယ်။ စာဖတ်နေတယ်ဆိုတိုင်းလည်း စိတ်မချရ။ ဘာစာတွေကို ဘယ်လိုရင်အခံနဲ့ဖတ်ပြီး ဘယ်လိုဝမ်းစာပေတံနဲ့ တိုင်းတာသုံးသပ်နိုင်ကြမလဲ စဉ်းစားကြရဦးမှာ သေချာလှပါတယ်။
21-Dec-2018
နေရာတိုင်း၊ နယ်ပယ်တိုင်း၊ ကဏ္ဍတိုင်းတွင် ဖြစ်ပေါ်နေသော ပြဿနာများကို လေ့လာကြည့်သည့်အခါ ယင်းပြဿနာများ ပေါ်ပေါက်လာစေသည့် အရင်းခံအကြောင်းအရင်းများစွာ ရှိသည့်အနက် တရားဥပဒေစိုးမိုးမှု မရှိခြင်းမှာ အဓိကအချက် ဖြစ်နေသည်။
20-Dec-2018
တကယ်တော့ အမှားလုပ်မှ မလုပ်မှရယ်လို့ မဟုတ်ဘူး။ ကိုယ်က အောင်မြင်မှုတစ်ခု ရပြီးတဲ့အချိန်မှာ အေးအေးလူလူ သာသာယာယာနဲ့ နေနေပေမယ့် တစ်ဖက်က အရိုးကြေကြေ အရေခန်းခန်း ကြိုးစားနေတာ။ သူ့ကြိုးစားမှုက ကိုယ့်ထက်သာသွားရင် တစ်ချိန်ချိန်မှာ သူက ကိုယ့်ရှေ့ကို အလိုလိုရောက်သွားမှာ။ ဒီအချိန်ကျမှ အလန့်တကြားဖြစ်ပြီးတော့ ချက်ချင်း ထလိုက်ဖို့ကလည်း သိပ်တော့မလွယ်ပါဘူး။ အရှိန်ပြန်ယူရလိမ့်ဦးမယ်။ ဒါ့ကြောင့် ကိုယ်က ရှေ့ကရောက်နေနှင့်တဲ့သူဆိုရင်လည်း နှုန်းမလျှော့ဘဲ ဆက်ပြေးနေဖို့ လိုပြန်ပါသေးတယ်။
20-Dec-2018
ယခုအခါတွင် ကျပ်တစ်ထောင်တန်နှင့် ကျပ်တစ်သောင်းတန် ငွေစက္ကူ အတုပမာဏ များပြားစွာတွေ့ရှိလာခြင်း၊ ယင်းငွေစက္ကူများသည် တန်ဖိုးတူသော်လည်း ပုံသဏ္ဌာန် မသိမသာ ကွာခြားနေခြင်းကြောင့် ပြည်သူများ ဝေခွဲမရဖြစ်နေပြီး စက္ကူအစစ်များကို ပြည်သူတို့က အယုံအကြည် ကင်းမဲ့ရုံမျှမက ကိုင်တွယ်သုံးစွဲရမည်ကိုပင် ကြောက်လန့်နေကြပြီဖြစ်ပါသည်။
20-Dec-2018
လူ့အဖွဲ့အစည်းတစ်ရပ်တွင် သာမန်မိသားစုငယ်လေးတစ်ခု၊ ရပ်ကွက်သာရေး၊ နာရေးအသင်းမှသည် နယ်ပယ်အသီးသီးရှိ နိုင်ငံတော်အဆင့် အဖွဲ့အစည်း၊ အသင်းအပင်းများ၊ လွှတ်တော်နှင့် အုပ်ချုပ်ရေးမဏ္ဍိုင်များအထိ အပြောများသူထက် အလုပ်လုပ်သူများ ပို၍လိုအပ်သည်။
19-Dec-2018
အမှန်ဆိုရင် ယနေ့အချိန်မှာ အခြားမှောင်ခိုပစ္စည်းတွေ၊ အကောက်ခွန်မဲ့ ကား၊ ဆိုင်ကယ်တွေ၊ စားသောက်ကုန်တွေကိုတော့ လှည့်လည် စစ်ဆေးရေးလှုပ်ရှားအဖွဲ့တွေနဲ့ ကာကွယ်တားဆီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြသလို အဲ့ဒီလိုကုန်ပစ္စည်းတွေထက် အဆတစ်ရာအန္တရာယ်ကြီးတဲ့ တစ်မျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ်ထုံထိုင်းဆေးကိုတော့ ဘာလို့များ ဒီလိုအခြေအနေထိရောက်အောင် မကာကွယ် မတားဆီး မထိန်းချုပ် ကြသလဲဆိုတဲ့အဖြေကိုလည်း အစိုးရတာဝန်ရှိသူတွေ၊ တားဆီးကာကွယ်ပေးကြရမယ့်ဌာနတွေက အဖြေပေးကြရတော့မှာဖြစ်ပါတယ်။
19-Dec-2018
နောက်တစ်ချက်က ၇၅ ရာခိုင်နှုန်းလိုမလိုပေါ့။ လိုရင် ဘာအတွက်လိုတာလဲ။ ၇၅ ရာခိုင်နှုန်းအပြည့်တက်ရင် ဘာအကျိုးကျေးဇူးခံစားရမှာလဲ။ ဆိုပါစို့ အောင်မှတ် ၂ မှတ် ၃ မှတ်လိုနေရင် ဖြည့်ပေးမှာလား။ ဘယ်နေရာမှာမှ အကျိုးမရှိဘူး။ ဖြေခွင့်ရဖို့ တစ်ခုတည်းနဲ့ ထိန်းချုပ်ထားတာ။ ဒါလည်း အစိုးရကျောင်းတက်နေသူတွေအပေါ်မှာ ဖိနှိပ်ထားသလို ဖြစ်မနေဘူးလား။
19-Dec-2018
မည်သည့်စစ်ပွဲမဆို၊ မည်သည့်ဘက်က စတင်သည့် စစ်ပွဲမဆို နစ်နာကြသည်မှာ လက်တွေ့တိုက်ပွဲဝင်နေကြသည့် နှစ်ဖက်စစ်သည်များနှင့် မြေစာပင် ဒေသခံပြည်သူများ ဖြစ်သည်။
18-Dec-2018
“ဒီရွှေတြိဂံငြိမ်းချမ်းရေးစကားဝိုင်းကနေ ၂၀၂၀ အမီ ငြိမ်းချမ်းရေး မရနိုင်ဘူးလို့ လုံးလုံးလျားလျားယူဆသွားမှာရယ်၊ အဲဒီလိုမရတာဟာ ဘယ်သူ့ကြောင့်၊ ဘယ်အဖွဲ့ကြောင့်ဆိုတဲ့ အပြစ်ပုံချဆုံးဖြတ်လိုက်မှာရယ်၊ ပရိသတ်ရဲ့ရင်ထဲစွဲပါသွားမှာကိုတော့ ကျွန်တော်အထူးစိုးရိမ်မိပါတယ်”
18-Dec-2018
ပြည်ထောင်စုသားအားလုံးကို ဗလငါးတန် ပြည့်စုံလုံလောက်စေပြီး ဒီမိုကရေစီ ဖက်ဒရယ်နိုင်ငံတော်ကြီးကို ကမ္ဘာနဲ့ ရင်ပေါင်တန်းလိုက်နိုင်အောင် စွမ်းဆောင်ပေးမယ့်သူဆိုတဲ့ ပုဂ္ဂိုလ်တွေဟာ ပင်လုံသူရဲကောင်းတွေမှာ ရှိရမယ့် အရည်အချင်းတွေပဲပေါ့ဗျာ”
18-Dec-2018
“ဒီခွေအတွက် ငွေကြေးအမြတ်ကို လုံးဝမကြည့်ပါဘူး။ အနုပညာအမြတ်ကိုပဲ လိုချင်ပါတယ်”