News

13-Aug-2018
ပုဂ္ဂလိကဘဏ်များအနေနှင့် မိမိတို့၏ဘဏ်များအပေါ်တွင် ပြည်သူတို့က ပိုမိုယုံကြည်မှုရရှိရေးနှင့် ရှိရင်းစွဲယုံကြည်မှု မကျဆင်းစေရေးအတွက် ဘဏ်ဝန်ထမ်းများနှင့် ပတ်သက်သော အတွင်းစည်း၊ Customer များနှင့်ပတ်သက်သော အပြင်စည်းနှင့် လေလှိုင်းထဲမှ ဖောက်ထွင်းဝင်ရောက်လာမည့် နည်းပညာစည်းတို့ကို ဘက်စုံထောင့်စုံမှ ကာကွယ်နိုင်မည့် အစီအမံများကို ချမှတ်လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း စေတနာကောင်းဖြင့် မီးမောင်းထိုးပြလိုက်ရပါသည် ... ။
12-Aug-2018
ခေါင်းညိတ်ထောက်ခံမှုများအပေါ် သာယာယစ်မူးလာသည်နှင့်အမျှ မိတ်ဆွေကောင်းတို့၏ မည်သို့သော ဝေဖန်၊ ထောက်ပြ၊ အကြံပေးချက်ကိုမဆို နားခါးလာတတ်ပြီး ထိုမိတ်ဆွေကောင်းတို့ကိုပင် ရန်သူသဖွယ် သဘောထားလာတတ်သည်။
11-Aug-2018
“ဂိုဒေါင်တွေ ဖွင့်ကာ ... ဝင်စစ်မယ် ... မာစီဒီးများ တွေ့စေသား ... ဟိုအရင်အဘများရယ် ... ဝှက်ထားတယ် ... ငါတို့အတွက်တော့ ... ကားစုတ်များ ချန်ရစ်တယ် ... ”
11-Aug-2018
မြို့တော်စည်ပင်ရဲ့အလုပ်က ဘယ်သူ့အတွက်လဲ။ ဘတ်ဂျက်ကို အဓိက ထားပြီး အလုပ်လုပ်တာလား၊ အလုပ်ကိုမူတည်ပြီး ဘတ်ဂျက်ဆွဲတာလား၊ ဘတ်ဂျက်မလောက်ရင် လောက်တဲ့အချိန်မှ လုပ်လို့မရဘူးလား၊ မြို့တော်စည်ပင်နဲ့ စည်ပင်အရာထမ်း၊ ဝန်ထမ်းတွေဆိုတာ ဘယ်သူ့အကျိုးအတွက် ထူထောင်၊ ခန့်ထား၊ တာဝန်ပေးထားတာလဲဆိုတဲ့ မေးခွန်းတွေ မေးကြည့်၊ ဖြေကြည့်လိုက်ရင် သိပ်ရှင်းသွားမယ်။
11-Aug-2018
မဲဆန္ဒရှင်ပြည်သူများက ၎င်းတို့ကိုယ်တိုင် မဲပေးရွေးချယ်ပေးခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အကျင့်သိက္ခာ ပျက်ပြားခဲ့ပါက ၎င်းအပေါ် ပြန်လည်ထိန်းကျောင်းသမှု ပြုမည့်အခွင့်အရေးများ ပြန်မရ၊ ထို့အတွက် သူတို့က ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ပါ နိုင်ငံသားတစ်ယောက် ရပိုင်ခွင့်ရှိသည့် မူလအခွင့်အရေးများ ဆုံးရှုံးနေသလိုဖြစ်ရသည်ဟု ပြောဆိုလာကြတော့သည်မှာ တစ်ဖက်ကကြည့်လျှင် တရားနည်းလမ်းကျပြန်သည်။
11-Aug-2018
အဂတိလိုက်စားမှုတိုက်ဖျက်ရာတွင် အဂတိလိုက်စားသူကို ဥပဒေအရ အပြစ်ပေး အရေးယူခြင်းဖြင့် အဂတိလိုက်စားမှု ပျောက်သွားမည်ဟု တရားသေဆိုရန် ခက်ခဲပေမည်။ အချို့သော တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများသည် အဂတိလိုက်စားမှု ဖြစ်စေရန် အားပေးထားသကဲ့သို့ တစ်ဦးတစ်ယောက်တည်းကိုသာ လုပ်ပိုင်ခွင့် များစွာပေးထားခြင်း၊ အပြန်အလှန် ထိန်းညှိမှု မရှိခြင်းတို့ ရှိနေဆဲဖြစ်သည်။
09-Aug-2018
ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းမှု တည်ဆောက်ရေးကဲ့သို့ ခက်ခဲနက်နဲလှသော လုပ်ငန်းတာဝန်ကြီးများ မဟုတ်ဘဲ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကပင် တရားဝင်ပေးအပ်ထားသော ဗဟိုချုပ်ကိုင်မှု လျှော့ချနိုင်မည့် လုပ်ငန်းစဉ်များကိုပင် ခွင့်ပြုဆောင်ရွက်ခြင်းမရှိပါက ပြောင်းလဲချိန်တန်ပြီဆိုသော ဆောင်ပုဒ်၊ မဲဆန္ဒရှင် ပြည်သူလူထုနှင့် ဒီမိုကရေစီစနစ်၏ အခြေခံသဘောတရားများကို ပြက်ရယ်ပြုသကဲ့သို့ဖြစ်သွားနိုင်သဖြင့် အချိန်မီ ပြုပြင်နိုင်စေကြောင်း
09-Aug-2018
အခုတော့ဗျာ ...။ ပညာရေးဌာနက ဖြန့်ဝေထားတဲ့ ကျောင်းထွက်လက်မှတ်စာအုပ် တစ်အုပ်တည်းမှာပဲ အခေါ်အဝေါ်က နှစ်မျိုးဖြစ်နေလေမှတော့ မှတ်သားရတာက အတော့်ကို ဝေဝေဝါးဝါး ဖြစ်နိုင်စေတာကလား။ ကျောင်းထွက်လက်မှတ်ဆိုတဲ့ အသုံးအနှုန်းက မှန်သလား၊ ကျောင်းပြောင်း လက်မှတ်ဆိုတဲ့ အသုံးအနှုန်းက မှန်သလားဆိုတာ ငြင်းချက်ထုတ်စရာ မရှိပေမယ့် (TC) ဆိုတဲ့ စကားရပ်နဲ့ လိုက်လျောညီထွေဖြစ်ရင်တော့ ပိုကောင်းတာပေါ့။
09-Aug-2018
ဒါပေမဲ့ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရင် တရုတ်ကို လျော်ရမယ့်ကိစ္စ၊ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲလာရေး တရုတ်ကို အတိုင်းအတာတစ်ခုအထိ အားကိုးနေရတဲ့ကိစ္စ၊ ရခိုင်အရေး ကုလသမဂ္ဂစင်မြင့်မှာ တရုတ်ရဲ့ဗီတိုအာဏာကို အားကိုးနေရတဲ့ကိစ္စ စတာတွေကြောင့် တရုတ်ကို ခပ်တင်းတင်းဆက်ဆံလို့ မရတာလည်း ရှိနေပါတယ်။ ဒါကြောင့် တရုတ်ကိုလည်း စိတ်ကျေနပ်စေ၊ မြန်မာနိုင်ငံအတွက်လည်း မနစ်နာစေ ပုံစံမျိုးနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို ပါးပါးနပ်နပ် လိမ်လိမ်မာမာ အကောင်အထည်ဖော်နိုင်ပါစေလို့ပဲ မျှော်လင့်ဆုတောင်းမိပါတယ်။
09-Aug-2018
ဂျပန်တွေက ငွေကြေးအင်အား၊ ပစ္စည်းပစ္စယအင်အား၊ နည်းပညာအင်အား ကောင်းတယ်။ မြို့ကို ပင်လယ်ရေလှိုင်းတွေ ပုတ်နိုင်လို့၊ မြစ်ရေကြီးနိုင်လို့ဆိုတဲ့ အခြေအနေမျိုးမှာဆိုရင် တာရိုးမြင့်မြင့်ကြီးတွေကို ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး တည်ဆောက်ထားလိုက်တယ်။ တချို့နေရာတွေမှာ မြို့ရဲ့မြေပြင်ကို မြေဖို့ပြီး မြှင့်လိုက်ကြတယ်။ တချို့မြို့လေးတွေကျတော့ နိမ့်တဲ့အပိုင်းကအိမ်တွေကို တောင်ကုန်းပေါ်မြေထိုးညှိပြီး ပြန်လည်နေရာချထားရေး လုပ်လိုက်ကြတယ်။ တချို့မြို့လေးတွေကျတော့ တစ်မြို့လုံးကို မြင့်ရာရွှေ့ပစ်လိုက်နိုင်ကြတယ်။
08-Aug-2018
တစ်ခါတစ်ရံ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်စေ၊ ယုတ်စွအဆုံး ရဟန်းသံဃာများဖြစ်စေ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက်မရှိပါဘဲ မိမိတို့၏ သံသယမကင်း၊ စိုးရိမ်စိတ်ကဲသော လုပ်ရပ်မျိုး၊ တုံ့ပြန်မှုမျိုးများကသာ မိမိတို့ဘာသာ ခွဲခြားကန့်သတ်သည့်သဘော သက်ရောက်သွားတတ်ခြင်းမျိုးကို ဆိုလိုသည်။
08-Aug-2018
အမှန်တကယ်သာ အဲ့ဒီတုန်းက အစိုးရတစ်ရပ်အနေနဲ့ ပြည်သူတွေကို စီးပွားရေး အကျပ်အတည်းမဖြစ်အောင်၊ စက်မှုနိုင်ငံဖြစ်အောင်၊ ပြည်ပနဲ့ ကူးသွားကူးလာလုပ် ပညာတွေသင် တံခါးဖွင့်ဝါဒကျင့်သုံးပြီး ကိုယ့်နိုင်ငံသားတွေ ကမ္ဘာနဲ့ရင်ပေါင်တန်းနိုင်အောင်၊ ကိုယ့်နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီးရပြီး တစ်နေ့တာဝင်ငွေ တိုးတက်ရရှိနေအောင်၊ ကျွဲ၊ နွားတွေ၊ အထွက်နှုန်းနည်းပြီး ရာသီဥတု၊ ပိုးမွှားဒဏ် မခံနိုင်တဲ့ ခေတ်နောက်ကျတဲ့ မျိုးစေ့တွေသုံးနေရတဲ့ လက်မှုလယ်ယာစနစ်ကနေ စက်မှုလယ်ယာစနစ်ဖြစ်အောင် ကြံဆောင်လုပ်ဆောင်ပေးခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာနိုင်မယ် မထင်ပါဘူး