News

25-Jul-2018 tagged as
ကြားဖြတ်ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသော အစိုးရအပေါ် နိုင်ငံရေးနည်းလမ်းအရ နည်းမျိုးစုံဖြင့် ဖိအားပေးမှုများ၊ ဝေဖန်ထောက်ပြမှုများ၊ အပြစ်တင် အဆိုးပြောမှုများ ရှိလာနိုင်ခြင်းမှာ သာမန်ဖြစ်ရိုးဖြစ်စဉ် သို့မဟုတ် သဘာဝကျသောဖြစ်စဉ်ဟု ဆိုနိုင်သည်။
... နိုင်ငံရေးစနစ် ဘယ်လောက်ကောင်းကောင်း အဂတိတရား ဘယ်လောက်ကင်းပါတယ်ဆိုဆို နိုင်ငံကို စီးပွားရေးတိုးတက်အောင် မလုပ်နိုင်ဘူး၊ ပြည်သူတွေကို ဝမ်းဝခါးလှအောင် မဆောင်ကြဉ်းပေးနိုင်ဘူး၊ အလုပ်အကိုင် မဖန်တီးပေးနိုင်ဘူး၊ ပညာရေးစနစ် မတည်ငြိမ်သလို နည်းစနစ် မမှန်ဘူး၊ နိုင်ငံ့ဝန်ထမ်းတွေ လစာနည်းပါးနေမယ်၊ နိုင်ငံ့ဘဏ္ဍာ ခွဲဝေသုံးစွဲမှုတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုရင်တော့ သူ့ကိုထောက်ခံမယ့် ပြည်သူတွေရဲ့ရာခိုင်နှုန်းဟာ အတော်နည်းပါးသွားတာ မြင်ရပါလိမ့်မယ်။ ဥပမာအနေနဲ့ တရုတ်နဲ့ စင်ကာပူ အစိုးရတို့ရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် မြင်ကြရနိုင်ပါတယ်။ ဥပမာယူပြီး ကြိုးစားသင့်ပါတယ်။
24-Jul-2018 tagged as
ခေတ်မီပြောင်းလဲနေသော လမ်းပြင်ဆင်ဖာထေးခြင်းလုပ်ငန်း၊ လမ်းခင်းလုပ်ငန်းများနှင့် နှစ်များစွာ အဆက်ပြတ်ကျန်နေခဲ့သည့်အပြင် ခေါက်ရိုးကျိုးနေသော အကျင့်ပျက်ခြစားမှုတို့ကြောင့် လမ်းများ နှစ်စဉ် မိုးရာသီရောက်တိုင်း လမ်းပြင်သံသရာ လည်နေခြင်းဖြစ်သည်။
24-Jul-2018 tagged as အာဇာနည်
ယနေ့အချိန်ထိလည်း မြန်မာ့နိုင်ငံရေးဟာ အစေးမကပ်သေးဘူးလို့ ဆိုရမှာပါ။ တစ်ပါးသူရဲ့ သွေးထိုးမှုတွေ၊ စွက်ဖက်မှုတွေ ပါဝင်နေသလို အချင်းချင်း အတ္တ၊ မာန၊ အာဃာတတွေနဲ့ ယှဉ်ပြိုင်နေကြဆဲပါပဲ။ မျက်စိတစ်ဆုံး ကြည့်ဖို့ထက် မျက်တောင်မွေးတစ်ဆုံးသာ ကြည့်နေကြတာပါ။ ကိုယ်စီကိုယ်စီရဲ့ အသိတရား ကျယ်ပြန့်အောင် ဆောင်ရွက်နေကြတာထက် အတ္တတွေကိုပဲ ကျယ်ပြန့်အောင် လုပ်ဆောင်နေကြတယ်လို့ မြင်ပါတယ်။
23-Jul-2018 tagged as
ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် တရုတ်လူမျိုး တတိယအများဆုံး နေထိုင်သော မလေးရှားနိုင်သည် ယနေ့အချိန်အထိ မလေးလူမျိုးများကိုသာ အထူးဦးစားပေးနေဆဲဖြစ်သော်လည်း အစိုးရအဖွဲ့တွင် ငယ်ရွယ်သူ တရုတ် အမျိုးသမီး ပညာတတ်တစ်ဦးကို ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းမှာ မလေးရှားသမိုင်းတွင် ပထမဦးဆုံးဖြစ်သည်။
ရခိုင်တွေက အမျိုးသားရေး အစွန်းရောက်တွေ၊ မွတ်ဆလင်တွေကို အမုန်းလွန်နေတယ် ဆိုတာမျိုး။ ရခိုင်တွေနှင့် တပ်မတော်က အဲဒီဒေသတွေမှာ အတူတူ လုပ်နေကြတယ် ဆိုတာမျိုးကတော့ လွှတ်တော်ထဲမှာ တီးတိုးတီးတိုး ကြားနေရသည်။
မြောက်ပိုင်းအဖွဲ့တွေကို တရုတ်က သူ့လေယာဉ်နှင့် ခေါ်လာတာ ဖြစ်သော်လည်း ပြည်တွင်း မီဒီယာတွေနှင့် တွေ့ခွင့်မပေးလောက်သည်အထိ ဝင်ရောက်စွက်ဖက်ဖို့တော့ မကောင်း။ တရုတ်သည် ပြည်တွင်း ငြိမ်းချမ်းရေးတွင် ဆရာဝင်လုပ်နေသည်ကို မည်သူမျှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်နေရသလို ဖြစ်သည်။
22-Jul-2018 tagged as
ဘာ့ကြောင့် စီးပွားရေးကျနေသနည်း၊ ယင်းသို့ စီးပွားရေးကျနေခြင်းကို အစိုးရက ကောင်းစွာ သိရှိပါ၏လော၊ စီးပွားရေးကျနေခြင်းကို အပ်ကြောင်းထပ် အထူးပြု ပြောဆိုနေကြသလော သို့မဟုတ် တမင်ရည်ရွယ်ချက်ဖြင့် ပိုပိုသာသာ ချဲ့ကားပြောဆိုနေကြသလောဆိုသော မေးခွန်းများလည်း မေးကြည့် ဖြေကြည့်ရမည်ဖြစ်သည်။
21-Jul-2018 tagged as
ဒီကနေ့ အစိုးရဆိုတာ အရင်ကလို ကိုယ့်ဘာသာ ဇွတ်အတင်း တက်လုပ်တဲ့ အစိုးရမဟုတ်တော့ဘူး။ ပြည်သူက ရွေးချယ်တင်မြှောက်တဲ့အစိုးရ ဖြစ်နေတဲ့အတွက် ပြည်သူနဲ့ အစိုးရ ချိန်စက်ကြည့်ရင် အစိုးရမှာ တာဝန်ပို များတယ်။ တာဝန်မဲ့တဲ့ ပြည်သူတွေ မဖြစ်အောင် အစိုးရက နည်းလမ်းမျိုးစုံနဲ့ ပြုပြင်ပေးရမယ်။ ဒါကလည်း အစိုးရဖြစ်လာရင် မဖြစ်မနေထမ်းရမယ့် တာဝန်ပဲ။
21-Jul-2018 tagged as
UWSP/UWSA နှင့် KIO/KIA အဖွဲ့တို့သည် အင်အားကြီးမားပြီး အဓိကကျသည့်အဖွဲ့များဖြစ်ရာ ၎င်းတို့သာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲတွင် ပါဝင်လာမည်ဆိုလျှင် ယနေ့မြောက်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ကြိုးကြားကြိုးကြားတိုက်ပွဲများ အရှိန်လျော့ကျလာမည်ဖြစ်ပြီး အကယ်၍သာ လုံးဝပျောက်ကွယ်သွားမည်ဆိုပါက လတ်တလောကြုံတွေ့နေရသည့် စစ်ဘေးရှောင်ဒုက္ခသည်များမှာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်း၏ အကျိုးအာနိသင်ကို ပထမဦးစွာ ခံစားရရှိမည့်သူများ ဖြစ်လာကြမည်ဖြစ်ပါသည်။
19-Jul-2018 tagged as
“လူ”ဟုခေါ်သည့် ပုဂ္ဂိုလ်၊ တစ်ဦး၊ တစ်ဖွဲ့ကို မဏ္ဍိုင်ပြု၍ သို့မဟုတ် ဦးစားပေး၍ စီမံခန့်ခွဲ အုပ်ချုပ်သော ပုံစံနှင့် “မူ”ဟုခေါ်သော အင်စတီကျူးရှင်းများ၊ ဆီလျော်၊ မျှတ၊ ခေတ်မီ၊ လွှမ်းခြုံမှုရှိသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို အခြေပြု၍ စီမံခန့်ခွဲအုပ်ချုပ်မှုတို့အပေါ် မူတည်ကာ နိုင်ငံနှင့် နိုင်ငံသားတို့၏ တန်ဖိုးများ တက်ခြင်း၊ ကျခြင်း၊ မြင့်မားခြင်း၊ နိမ့်ကျခြင်းတို့ ဖြစ်ရကြောင်း
19-Jul-2018 tagged as
ကျွန်တော့်အဖွဲ့သားများသည် ငှက်ကြီးတောင်ဓား၊ ဝါးရင်းတုတ်များနဲ့ ဂျင်ဂလိများကို ကိုင်စွဲ၍ လိုက်ပါလာကြပါတယ်။ ကိုတင်ဦးနှင့် ကိုအောင်မင်းသိန်းတို့နှစ်ဦးသည် ကျွန်တော့်ရှေ့မှကာ၍လျှောက်ပြီး ကျန်အဖွဲ့ဝင်များမှာ ကျွန်တော့်ရဲ့ဘယ်ညာနှင့် နောက်ကျောဘက်မှရံ၍ လျှောက်ကြပါတယ်။
ကျွန်ုပ်တို့နိုင်ငံရှိ မျိုးဆက်သစ်လူငယ်များတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် အခြားသောပြဿနာများကို ဖြေရှင်းဆောင်ရွက်နိုင်သည့် ပင်ကိုစွမ်းရည်များ ရှိကြသည်။ သို့သော် စိန်ခေါ်မှုရှိနေသော အခြေအနေများတွင် ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် မဆုတ်မနစ် ကြိုးစားရန်နှင့် တီထွင်ဖန်တီးနိုင်ရန် အရည်အချင်းများ ပိုမိုလိုအပ်နေသည်။ ထိုအရည်အချင်းများသည် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုကဲ့သို့ များစွာ အရေးကြီးလှပါသည်။
18-Jul-2018 tagged as
မိမိအဖွဲ့အစည်း၊ မိမိပါတီ၊ မိမိတို့ထောက်ခံသော အဖွဲ့အစည်းဝင်ဖြစ်နေသောကြောင့် နိုင်ငံတော်အဆင့် လူပုဂ္ဂိုလ်တစ်ဦး၊ ပြည်ထောင်စုအဆင့် ဝန်ကြီးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး။ ဒေသဆိုင်ရာ အစိုးရအဖွဲ့ဝန်ကြီးချုပ်တစ်ဦး၊ ဒေသ အစိုးရအဖွဲ့ဝန်ကြီးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အရာရာကို ဖြည့်တွေးထောက်ခံနေခြင်းကြောင့် ၎င်းတို့ကို အားပေးချစ်ခင်ခြင်းထက် ၎င်းတို့နှင့် ၎င်းတို့၏ အဖွဲ့အစည်း အရည်အချင်းမြင့်မားရေးကို အဟန့်အတားဖြစ်စေကြောင်း လူအများစု သတိမပြုမိတတ်ကြပေ။
... အစိုးရနဲ့ တစ်ခါတွေ့လိုက်၊ တပ်မတော်နဲ့ တစ်မျိုးဆုံလိုက် ဆိုတာမျိုးထက် ကျော်လွန်ပြီး ဒီလုပ်ငန်းစဉ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ နိုင်ငံတော်သမ္မတ အနေနဲ့ကသာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ အခြားနိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ သီးခြားခေါ်ယူတွေ့ဆုံပြီး ဦးဆောင်သင့်တဲ့ကာလ ဖြစ်နေပါပြီ ...