News

POST TYPE

OPINION

ဗကသကျောင်းသားခေါင်းဆောင်ဟောင်း ကျော်ကိုကိုနှင့် တွေ့ဆုံခြင်း
01-Feb-2021
"ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို စစ်တပ်ကလုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိတဲ့အပြင် အာဏာကိုရယူပြီး သိမ်းပိုက်လိုက်တဲ့အတွက်ကြောင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်မှန်သမျှအားလုံးက ရပ်ဆိုင်းသွားတယ်လို့ ပြောချင်ပါတယ်"



တပ်မတော်အနေနှင့် ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် လက်ရှိအစိုးရ၏ ထိပ်ပိုင်းခေါင်းဆောင်များ အပါ အဝင် နိုင်ငံရေးတကြွ်ကလှုပ်ရှားသူများနှင့် ကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းထားပြီး အင်တာနက်နှင့် ဆက်သွယ်ရေးဖုန်းလိုင်းများအပြင် ရေဒီယို၊ တီဗီရုပ်သံလိုင်းများကိုပါ ပိတ်သိမ်းထားသည်။

ယင်းအာဏာသိမ်းမှုနှင့်ပတ်သက်၍ The Voice မှ ကိုကျော်ကိုကို (ဗကသ ကျောင်းသားခေါင်းဆောင် ဟောင်း) ထံ ဆက်သွယ်မေးမြန်းထားမှုကို စာဖတ်သူများသိရှိစေရန် ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။ 

Voice : လက်ရှိအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။
KKK : အာဏာသိမ်းမှုနဲ့ ပတ်သက်လာရင် ကျွန်တော်တို့အနေနဲ့ အပြင်းအထန် ကန့်ကွက်ရှုတ်ချ တယ်။ ဆိုရှယ်ဒီမိုကရက်တစ်ညီညွှတ်ရေးတပ်ဦး အနေနဲ့ သဘောထားကြေညာမှာဖြစ်ပါတယ် အာဏာ သိမ်းမှုကို လုံးဝဆန့်ကျင်တယ်။ ကန့်ကွက်တယ်။ 

Voice : အခုလိုအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဘယ်လိုမြင်လဲ။
KKK : စစ်တပ်က ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်မှာခင်းကျင်းတဲ့ နိုင်ငံရေးအခင်းအကျင်း မှာလည်း အပြည့်အဝမဟုတ်သော်လည်း အတိုင်း အတာတစ်စုံတစ်ရာအထိ အာဏာရှိပြီးသားဖြစ် တယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ နိုင်ငံရေးပါတီ တွေအားလုံးရဲ့အထက်မှာလည်း အာဏာရှိပြီးသား ဖြစ်တယ်။ ၂၀ဝ၈ ဥပဒေရဲ့အောက်မှာတောင် သူတို့ အနေနဲ့ မရောင့်ရဲ မတင်းတိမ်နိုင်ဘူးဆိုတဲ့သဘောမျိုး ကျွန်တော်မြင်တယ်။ နောက်ပြီး သူတို့အမြဲကြွေးကြော် နေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဆိုတာ အတုအယောင် အသွင်ကူးပြောင်းရေးလို့မြင်တယ်။  သူရဲ့စရိုက်လက္ခဏာအရ စစ်အာဏာရှင်စနစ်က ပုံသဏ္ဌာန်တစ်မျိုး၊ အသွင်သဏ္ဌာန်တစ်မျိုးနဲ့ ဆက် လက်ပြီး တည်ရှိနေတယ်ဆိုရင် ဒီမိုကရေစီအသွင် ကူးပြောင်းရေး မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့အမြဲ ပြောဆိုခဲ့တယ်။ အခုအချိန်မှာ ဒီအချက်က ခိုင်မာ အားကောင်းသွားပြီလို့ ပြောချင်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို စစ်တပ်ကလုပ်ဆောင်ခဲ့ ခြင်းလုံးဝမရှိတဲ့အပြင် အာဏာကိုရယူပြီးသိမ်းပိုက် လိုက်တဲ့အတွက်ကြောင့် ဒီမိုကရေစီ အသွင်ကူး ပြောင်းရေး လုပ်ငန်းစဉ်မှန်သမျှ အားလုံးကရပ်ဆိုင်း သွားတယ်လို့ ပြောချင်ပါတယ်။

Voice : လေးကြိမ်မြောက်အာဏာသိမ်းမှုမှာ  ပြည်သူတွေအနေနဲ့  ဘယ်လိုပြင်ဆင်နေထိုင်သင့်လဲ။
KKK : လူမျိုးပေါင်းစုံပြည်သူလူထုကိုတော့ ကျောချင်းကပ်လက်တွဲပြီး ရင်ဆိုင်ဖြေရှင်းသွားဖို့ လိုအပ်တယ်လို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူတွေ အပါအဝင် နိုင်ငံရေးအင်အားစုတွေ အကုန်လုံး သင်ခန်းစာယူစရာအချက်ရှိပါတယ်။   စစ်အာဏာရှင် စနစ်ကို တစ်စိတ်တစ်ပိုင်းလက်ခံပြီး ဆွေးနွေးတယ် ဆိုတဲ့ဖြစ်စဉ်ကြီး တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင်  အမျိုးသားပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ဖြစ်စဉ်ကြီး က ကျဆုံးသွားပြီလို့ ပြောချင်ပါတယ်။ ဒီလမ်းစဉ်နဲ့ အတူ ၂၁ ရာစု ပင်လုံတို့၊ NCA စာချုပ်တို့အပါအဝင်  လက်ရှိအစိုးရရဲ့ လုပ်ငန်းစဉ်အားလုံးဟာလည်း တစ် ပြိုင်နက်ထဲမှာ ကျဆုံးသွားတယ်လို့ ကျွန်တော်ပြော ချင်ပါတယ်။ နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပအသီးသီး ကလည်း စစ်တပ်ချခင်းထားတဲ့ အသွင်ကူးပြောင်း ရေးဖြစ်စဉ်ကို အဟုတ်မှတ်ပြီးလက်ခံတယ်။ စစ်တပ် အာဏာကို အသက်ဆက်ခွင့်ပေးခဲ့တဲ့ မိမိတို့ရဲ့ လုပ် ရပ်အသီးသီးကို ပြန်လည်ဆင်ခြင် သုံးသပ်သင့်တယ် လို့ ကျွန်တော်ပြောချင်ပါတယ်။

Voice : အာဏာသိမ်းတဲ့ တစ်နှစ်အတွင်း စစ်တပ် အနေနဲ့ ဘာတွေဆောင်ရွက်ဖို့ တိုက်တွန်းချင်လဲ။
KKK : ဒီတစ်နှစ်အတွင်းမှာ ဖမ်းဆီးထားတဲ့လူ တွေကို ဘယ်အချိန်ပြန်လွှတ်မယ်ဆိုတာ မသိရဘူး။ နိုင်ငံရေးအင်အားစုမှန်သမျှ အကုန်လုံးကိုဖမ်းဆီး မယ်။ နောက်ပြီး ပြဿနာက အင်တာနက်လိုင်းတွေ၊  တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ စီးပွားရေး လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းသွားတဲ့အခြေ အနေကြီး ဆက်ဖြစ်နေမယ်ဆိုရင် ကိုဗစ်နဲ့အထိနာ နေတဲ့ တိုင်းပြည်က ပိုပြီးပြိုလဲသွားနိုင်တယ်။ စစ် အာဏာသိမ်းမှုဆိုတာ ဒါလေးကြိမ်မြောက်ဖြစ်သွား ပြီ။ ဘယ်အကြိမ်ကမှ ကျွန်တော်တို့အတွက် ကောင်း ခဲ့တာမရှိဘူး။ စစ်အာဏာသိမ်းလိုက်တဲ့အချိန်မှာ စီးပွားရေးအရ နာလန်မထူနိုင်တဲ့ အဆင်းရဲဆုံး တိုင်း ပြည်ဖြစ်သွားတဲ့အထိ ကြုံခဲ့ပြီးပြီ။ စစ်တပ်အနေနဲ့ အခုလိုဆက်ပြီးလုပ်ဆောင်မယ်ဆိုရင် ပြည်သူလူထု အနေနဲ့ အဆိုးဆုံးအခြေအနေ ရင်ဆိုင်ရလိမ့်မယ်။ အဲ့အခြေအနေမှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကို ပိုပြီး ခါးခါးသီးသီး ဆန့်ကျင်လာလိမ့်မယ်လို့ ကျွန်တော် တို့မြင်တယ်။ စစ်တပ်အနေနဲ့ ဒီအခြေအနေကို ဘယ်လို  ရှောင်လွဲမလဲ သူတို့ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ သူ တို့ကိုယ်တိုင်စဉ်းစားဖို့လိုတယ်။ ကျွန်တော်တို့အနေနဲ့   သူတို့ကို ဘာလုပ်ပါဆိုပြီး တိုက်တွန်းလို့မရဘူး၊ အာဏာသိမ်းဖြစ်စဉ်မှာ သူတို့လုပ်ချင်တာလုပ်မှာ ပြဿနာတက်လာရင်တော့ တာဝန်ယူဖြေရှင်းရမှာပဲ။

Voice : ဘာများဖြည့်စွက်ပြောချင်လဲ။
KKK : ကျောင်းသား၊ နိုင်ငံရေးသမား၊ အလုပ် သမား၊ လယ်သမား အကုန်လုံးအတွက် အခြေအနေ  တွေမကောင်းဘူး။ အားလုံးထိခိုက်တာဖြစ်လာပြီး  ကျွန်တော်တို့ ဆိုရှယ်ဒီမိုကရက်တစ်ညီညွှတ်ရေး တပ်ဦးအနေနဲ့ အစကတည်းက ဒီအသွင်ကူးပြောင်း ရေးကို လုံးဝလက်မခံပါဘူး။ အတုအညာ၊ အလိမ် အညာလို့ ကျွန်တော်တို့သတ်မှတ်တယ်။ ဒီအသွင်ကူး ပြောင်းရေးဖြစ်စဉ်ကြီး ကျဆုံးသွားတဲ့အတွက်  တကယ်စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူ လူထုနဲ့ အတူလက်တွဲတိုက်ပွဲဝင်သွားဖို့ပဲလိုအပ် တယ်။ ကျွန်တော်တို့ရပ်တည်ချက်ကို မပြောင်းလဲဘူး  ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ 

The Voice