News

POST TYPE

OPINION

မြန်မာ့အခြေခံဥပဒေများနှင့် သက်တမ်း
11-Dec-2020


ရန်ပိုင် ။ ။ ပါတီစုံအထွေထွေရွေးကောက်ပွဲများ ကျင်းပပြီးစီးခဲ့ပြီးနောက် ရွေးကောက်ပွဲကော်မရှင်နှင့် ကြံ့ခိုင်ရေးပါတီနှင့် မဟာမိတ်နိုင်ငံရေးပါတီများ၊ တပ်မတော်အဖွဲ့အစည်းအကြား အငြင်းပွားမှုများ၊ ပွတ်တိုက်မှုများ ဖြစ်ပေါ်လာပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများသည် ကြံ့ခိုင်ရေး အပါအဝင် မိတ်ဖက်နိုင်ငံရေးပါတီများနှင့် တပ်မတော်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အကျပ်အတည်းကာလတစ်ခုကို ဖြတ်သန်းနေရသည့် သဘောမျိုးလည်း တွေ့မြင်လို့နေရတယ်။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံး၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပတ်သက်ပြီး ဖော်ပြ ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နိုင်ငံတော်အတွင်းရှိ ဥပဒေအားလုံး ၏ အခြေခံဖြစ်သည်လို့ ဆိုပါတယ်ဗျ။ ထို့ကြောင့် လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေ၏ ပေးထားချက်အရ ဘယ်လောက်ထိ ပြင်းထန်မည်ဆိုသည်က စောင့်ကြည့်ရမည်ဖြစ်ပါတယ်။

ရန်နိုင် ။ ။ လတ်တလော အခြေခံဥပဒေဆိုတဲ့စကားလုံး အသုံးများနေ တာကိုကြည့်ပြီး ဖတ်မိမှတ်မိတဲ့ မြန်မာနိုင်နဲ့သက်ဆိုင်တဲ့ အခြေခံဥပဒေ များနဲ့သက်တမ်းဆိုပြီး ဦးဖြိုးဝေသူ ဆိုသူရဲ့ ရေးသားထားတဲ့ အကြောင်း အရာကလည်း စဉ်းစားတွေးတောစရာ ထင်ပါတယ်။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေများ သက်တမ်း

၁။ ရာဇဓမ္မသင်္ဂဟကျမ်း  ၁၉ ရာစု။ 
ဘုရင်သြဇာကို အနောက်နိုင်ငံတွေလိုမျိုး ကန့်သတ်မယ့် အခြေခံမူ။ 
သီပေါဘုရင်ပယ်ချသဖြင့် အသက်မဝင်။ ရေးသူ ရွှေပြည်ဝန်ကြီး ယောအတွင်းဝန် အရေးယူအရာချခံရ။

၂။ ၁၉၃၅ ဗမာပြည်အက်ဥပဒေ။
၁၉၃၅ ကနေ ၁၉၄၇အထိ။
ပြည်သူ့ဆန္ဒခံတဲ့ တွဲရေး ခွဲရေး ရွေးကောက်ပွဲမှာ မြန်မာပြည်က အိန္ဒိယနဲ့ ဆက်ပေါင်းဖို့ဘက် အနိုင်ရပေမယ့် နောက်ဆုံး အင်္ဂလိပ်က မြန်မာ ပြည်နဲ့  အိန္ဒိယကိုခွဲပြီး  မြန်မာအတွက် သက်သက် ဥပဒေပြဋ္ဌာန်းပေးလိုက် တယ်။
သက်တမ်း။ ၁၂နှစ်ခန့် (ကြားမှာ ဒုတိယကမ္ဘာစစ်ကြောင့် ဥပဒေ အသက်မဝင်တာရှိသေးတယ်)

၃။ ၁၉၄၃ ဂျပန်ခေတ် ဖွဲ့စည်းပုံ။
၁၉၄၃-၄၅
သက်တမ်း ၂နှစ်ခန့်။

၄။ ၁၉၄၇ အခြေခံဥပဒေ။
၁၉၄၇-၆၂
သက်တမ်း ၁၅နှစ်။

၅။ ၁၉၇၄ အခြေခံဥပဒေ။
၁၉၇၄-၈၈
သက်တမ်း ၁၄နှစ်ခန့်။

၆။ ၂၀ဝ၈ အခြေခံဥပဒေ။
၂၀ဝ၈ ကနေ ယနေ့အထိ။

အမှတ်မမှားရင် ဘယ်အခြေခံဥပဒေမှ ရွေးကောက်ပွဲသက်တမ်း ၃ခု မကျော်ဘူး။ 
ကျွန်တော်တို့နိုင်ငံဟာ တချို့ကိစ္စတွေမှာ အစဉ်အလာ ကလင်ဒါကျ ဖြစ်ရပ်တွေကို မကျော်နိုင်ဘဲ တဝဲလည်လည် ဖြစ်တတ်တာတော့ စိတ် မကောင်းစရာပဲ။

အခြေခံဥပဒေတစ်ခုနေရာမှာ နောက်တစ်ခု တစ်ဆက်စပ်ထဲ ပေါ်လာပြီး တည်တည်ငြိမ်ငြိမ်နဲ့ ပိုကောင်းတဲ့တစ်ခုကို အစားထိုးနိုင်တာ ၁၉၃၅ နဲ့ ၁၉၄၇ တုန်းက ရှိခဲ့တယ်။ ၁၉၃၅ က အာဏာရှိသူ အင်္ဂလိပ်က Top-Down ပြောင်းတာ၊ ၁၉၄၇ က ဗိုလ်ချုပ်ဦးဆောင်မှုနဲ့ ပြည်သူရဲ့ ရွေးကောက်ခံအမတ်တွေက တိုင်းပြုပြည်ပြုလွှတ်တော်ခေါ်ပြီး ပြောင်းနိုင်တာ။

၂၀ဝ၈ အခြေခံဥပဒေအောက်မှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ကျင်းပမယ့် တတိယအကြိမ် လွှတ်တော်ရွေးကောက်ပွဲပြီးရင် ဘာဖြစ်လာပါ လိမ့်မလဲလို့ သူ့ရဲ့သဘောထားအမြင်ကို ရေးသားထားတာကလည်း စိတ်ဝင် စားစရာတစ်ခုပါ။

ရန်ပိုင် ။ ။ စစ်အစိုးရခေတ် စစ်တပ်ကိုအခြေပြုရေးဆွဲထားခဲ့သည့် မြန်မာ့ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတိုက်အခံနိုင်ငံရေးပါတီများ၏ အာဏာ နိုင်ငံရေးအတွက် အတားအဆီးတစ်ခုသဖွယ်ဖြစ်နေခဲ့သော်လည်း ပြည်သူ လူထု၏ ထက်သန်သောနိုင်ငံရေးဆန္ဒနှင့် ဖြတ်ကျော်ခဲ့သည်မှာ ဒုတိယ အကြိမ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီအတွက်လည်း ထင်တိုင် မပေါက်ခဲ့သည်မှာ နှစ်ကြိမ်တိုင်ပြီဖြစ်ပါတယ်။ ပြီးပြည့်စုံသော ဥပဒေဟူသည် မရှိဟူ၍ ဆိုပါသော်လည်း အစိုးရတစ်ရပ်၏ အခွင့်အာဏာကို ဥပဒေ သို့မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေအရသာ ဆုံးဖြတ်ပါကြောင်း။

အဂ္ဂ