POST TYPE
OPINION
အွန်လိုင်းတွင် သတင်းတုတင်သူများကို အစိုးရနှင့် စာနယ်ဇင်းကောင်စီ ပူးပေါင်း၍ အရေးယူရန်စီစဉ်
25-Jul-2018
ရန်ကုန်၊ ဇူလိုင် ၂၅
လူမှုကွန်ရက်တွင် လုပ်ကြံဖန်တီးထားသည့် သတင်းတုများနှင့် အမုန်းစကား ဖြန့်ဝေမှုများကို အရေးယူနိုင်ရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ MoU လက်မှတ်ထိုးရန် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီက စီစဉ်နေကြောင်း ကောင်စီအတွင်းရေးမှူး ဦးသီဟစောက ပြောကြားသည်။
အဆိုပါ MoU တွင် အထက်ပါ အကြောင်းအရာများအပြင် အခြားကိစ္စရပ်များလည်း ပါဝင်သောကြောင့် လက်မှတ်ထိုးသည့်အဆင့် ရောက်ရန် အချိန်ထပ်ယူရဦးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အစည်းအဝေး နှစ်ကြိမ်သာ ပြုလုပ်နိုင်သေးကြောင်း ၎င်းက ဆက်လက်ပြောသည်။
“ဒါက နည်းနည်း ကျယ်ပြန့်တယ်။ အချိန်လည်း ထပ်ယူရဦးမယ်။ ဘယ်လိုအရေးယူမလဲဆိုတာတွေ၊ ဘယ်အချက်ကြောင့် အရေးယူတယ် ဆိုတာမျိုးတွေ အများကြီးကို အသေးစိတ် လုပ်ပြီးမှပဲ ဖြစ်လာမှာပါ။ ကောင်စီရဲ့ နောက်သက်တမ်း ထိတောင် ဆက်လုပ်ရမယ့်သဘော”ဟု ဦးသီဟစောက ရှင်းပြသည်။
ယခုနှစ် နိုဝင်ဘာလတွင် လက်ရှိကောင်စီ၏ သက်တမ်း ၃ နှစ်ပြည့်မြောက်သဖြင့် ကောင်စီအသစ် ပြန်လည်ရွေးချယ်တင်မြှောက်ရန် ဩဂုတ်လအတွင်း ရွေးကောက်ပွဲကျင်းပရန် စီစဉ်လျက်ရှိသည်။
အများပြည်သူ ထိခိုက်နစ်နာစေရန်၊ စိုးရိမ်ထိတ်လန့်စေရန် ရည်ရွယ်ပြီး ဖေ့စ်ဘွတ်ခ်ကဲ့သို့သော လူမှုကွန်ရက် စာမျက်နှာများတွင် အမုန်းစကားများ၊ သတင်းတုများ ဖြန့်ဝေလျက်ရှိပြီး တရားဝင် သတင်းဌာနများ၏ လူမှုကွန်ရက် စာမျက်နှာ အတုများဖြင့်လည်း မဟုတ်မမှန် သတင်းများကို ဖြန့်ဝေလျက်ရှိသည်။
လက်ရှိတွင် သတင်းမီဒီယာကောင်စီအနေနှင့် အဆိုပါသတင်းတုများ၊ သတင်းတုများ ဖြန့်ဝေသည့် ဖေ့စ်ဘွတ်ခ်အကောင့်များကို စဉ်ဆက်မပြတ် ကြေညာနိုင်ရန် Media Accountibility Committee တစ်ခုကို ကောင်စီအဖွဲ့ဝင်များဖြင့် ဖွဲ့စည်းထားပြီးဖြစ်သည်။
ထိုကော်မတီအနေနှင့် လက်ရှိအချိန်တွင် ထိုသို့ကြေညာနိုင်ရန် ဖေ့စ်ဘွတ်ခ်နှင့်ပတ်သက်သည့် ဆော့ဖ်ဝဲများ ရေးဆွဲလျက်ရှိသည်။
ဝေလင်း
- VIA
- Voice Admin
- SOURCES
- The Voice
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
19-Feb-2019
-
15-Feb-2019