News

POST TYPE

OPINION

ကျောက်ဖြူတွင် လက်ယက်ရေနံတွင်း လုပ်ကိုင်သူနည်းပါး
22-Mar-2018
စစ်တွေ၊ မတ်၂၁

ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာရှိ လက်ယက်ရေနံစိမ်းတွင်းများမှာ ရေနံထွက်လျော့နည်းခြင်း၊ ရေနံဈေးအရနည်းခြင်းတို့ကြောင့် လုပ်ကိုင်သူ နည်းပါးလာကြောင်း ရေနံလုပ်ငန်းရှင်များက ဆိုကြသည်။

အဆိုပါ ရေနံတွင်းများကို လွန်ခဲ့သော ၁၀ နှစ်ကျော်မှစတင်ကာ လုပ်ကိုင်လာကြပြီး ရေနံတွင်းပေါင်း ၃၀၀ ခန့်ရှိရာ တစ်နေ့လျှင် ၁၀ ပီပါခန့် ရရှိကြောင်း၊ လက်ရှိတွင် ရေနံတွင်း ၁၀ တွင်းခန့်သာရှိပြီး တစ်နေ့လျှင် ဆီတစ်ပီပါသာ ထွက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။ 

လက်ရှိအချိန်၌ ရေနံတစ်ပီပါလျှင် ကျပ်ရှစ်သောင်းခန့်သာ ရရှိကြောင်း၊ သြင်္ကန်ကာလတွင် ဈေးနည်းပြီး ရေနံတစ်တွင်းတူးပါက ကုန်ကျငွေ ၁၀ သိန်းခန့်ရှိကြောင်း ရေနံတွင်းလုပ်ကိုင်သူများထံမှ သိရသည်။ 

“ရေနံတွင်းတစ်တွင်းရဖို့အတွက် ကလေးတစ်ယောက် မွေးစားတာထက်ကို ပင်ပန်းတယ်။ အရင်ကဆိုရင် တစ်လခွဲလောက်တူးရင် ရတယ်၊ အခုက နှစ်နဲ့ချီလို့တူးရတယ်။ နိုင်ငံခြားဆီတွေဝင်လာတာနဲ့ ဒီကဆီတွေကို ကုမ္ပဏီသမားတွေက ဈေးနှိမ်ဝယ်တာပေါ့”ဟု ရေနံလုပ်ငန်းရှင် ဦးဇော်မင်းထွန်းက ဆိုသည်။

ကျောက်ဖြူမြို့နယ်တွင် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း စတင်ချိန်ကတည်းက ရေနံအထွက် နည်းရခြင်းဖြစ်သည်ဟု ရေနံလုပ်ငန်းရှင်များက မှတ်ချက်ပေးသည်။
 
R-22


  • VIA