News

POST TYPE

OPINION

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ထိုင်းဘုရင်ဆုချီးမြှင့်
15-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဘုရင်မင်းမြတ်မှ ပေးအပ်မည့်ဆုကိုယူရန် ထိုင်းနိုင်ငံသို့ ဖေဖော်ဝါရီလ ၁၅ ရက်က ထွက်ခွာသွားကြောင်း Senior General Min Aung Hlaing ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီးနှင့် ထိုင်းဘုရင်မင်းမြတ်က ပေးအပ်မည့် “The Knight Grand Cross(First Class) of the Most Exalted Order of the White Elephant” အပ်နှင်းခြင်း အခမ်းအနား တက်ရောက်ရန် နေပြည်တော်လေဆိပ်မှ ထွက်ခွာသွားခြင်းဖြစ်ကြောင်း အဆိုပါ လူမှုကွန်ရက် စာမျက်နှာ ဖော်ပြချက်အရ သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ထိုင်းဘုရင်မင်းမြတ်က ပေးအပ်မည့် “The Knight Grand Cross(First Class)of the Most Exalted Order of the White Elephant” အား လက်ခံရယူပြီး အထင်ကရ နေရာများအား လှည့်လည်ကြည့်ရှု လေ့လာသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဒွန်းမောင်တပ်မတော်လေဆိပ်သို့ ရောက်ရှိချိန်တွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tarnchaiyan Srisuwan နှင့်ဇနီး၊ ထိုင်းဘုရင့်တပ်မတော် အရာရှိကြီးများ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။