News

POST TYPE

OPINION

ကျောက်ဖြူတွင် ပိုင်ရှင်မဲ့ခွေးများကို ရှင်းလင်း
05-Feb-2018
စစ်တွေ၊ ဖေဖော်ဝါရီ ၄ 

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်တွင် ဖေဖော်ဝါရီ ၄ ရက် ညနေပိုင်းက ပိုင်ရှင်မဲ့ခွေးများကို ရှင်းလင်းရာ ခွေး ၂၉ ကောင်ကို အဆိပ်ကျွေး သုတ်သင်ရှင်းလင်းခဲ့ကြောင်း အဆိုပါမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးသန်းလွင်က ပြောသည်။

ကျောက်ဖြူမြို့ပေါ်တွင် ဖေဖော်ဝါရီ ၂ ရက်က မူမမှန်သည့် ခွေးများက လူ ၂၃ ဦးကို ကိုက်ခဲ့သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်း၊ ယင်းနေ့တွင်လျှင် မူမမှန်ခွေး ၁၂ ကောင်ကို ဒေသအာဏာပိုင်များနှင့် ဒေသခံများ စုပေါင်းကာ ရှင်းလင်းခဲ့ကြောင်း၊ ယင်းနောက် လေလွင့်ခွေးများကို ပြည်သူများမှာ စိုးရိမ်ကြောက်ရွံ့မှုများ ရှိနေသဖြင့် ယခုလို လေလွင့်ခွေးများကို အဆိပ်ကျွေးကာ သုတ်သင်ရှင်းလင်းရခြင်း ဖြစ်ကြောင်း ၎င်းထံမှ သိရသည်။ 

“ကျွန်တော်တို့ကတော့ ခွေးအခြေအနေကြည့်ပြီးတော့ သတ်မှတ်ပါ၊ ခွေးတွေများနေသေးတယ်၊ အန္တရာယ်ရှိနေသေးတဲ့အတွက် ရှင်းပေးဖို့ မြို့ကတောင်းဆိုရင် ရှင်းပေးဖို့ အစီအစဉ်ရှိပါတယ်”ဟု ကျောက်ဖြူမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
 
R-22


  • VIA