News

23-Apr-2019
ယခုအခါ တိုင်းရင်းသားများအပါအဝင် အားလုံးသောပြည်သူများ၊ အားလုံးသော အဖွဲ့အစည်းများအတွက် ၂၁ ရာစုပင်လုံဟူသည့် ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ထားရှိပြီးဖြစ်ပါသည်။ တံခါးကိုခေါက်လိုက်၍ ဝင်သွားရုံမျှသာ ဖြစ်ပါသည်။ တံခါးမခေါက်မီ တံခါးဝတွင်ချထားသည့် အစည်းအဝေးတက်ရောက်ကြောင်း လက်မှတ်ရေးထိုးရမည့် မှတ်တမ်းစာအုပ် (NCA) ကို ချထားပါသည်။ အစည်းအဝေးတက်ရောက်လိုသူမည်သူမဆို လက်မှတ်ရေးထိုး၍ ဝင်ရောက်ဆွေးနွေးနိုင်ပြီး မိမိတို့၏လိုလားချက်များကို လက်နက်မပါ၊ တိုက်ပွဲမဆင်နွှဲဘဲ တောင်းဆိုနိုင်ပါသည်။
23-Apr-2019
မြန်မာနိုင်ငံ ဆန်စပါး သုတေသနအဖွဲ့ အပါအဝင် ဆန်စပါး စိုက်ပျိုးရေး ပညာရှင်များအနေနှင့် မြန်မာ့ဆန် အရည်အသွေး ကိစ္စအတွက် သုတေသနလုပ်ငန်းများကို အရှိန်မြှင့်တင်သင့်လှပေသည်။
22-Apr-2019
“ပွဲမဝင်ခင် အပြင်ကျင်းပ”ဆိုသည့်စကားအတိုင်း ထိုသင်တန်းမျိုး က “ဘယ်လိုမေးခွန်းတွေ မေးတတ်လဲ။ ဖြေတဲ့သူတွေကရော ဘယ်လိုတွေ ဖြေထားကြသလဲ” ဆိုတာကို သိဖို့ “၁၅ မိနစ်ကျော်ရင် အလိုလိုလွမ်းတတ်” နေရသော လက်ခုပ်ထဲက အင်တာနက်စာကြည့်တိုက်ကို ဖွင့်ကာရှာဖွေခဲ့ရသည်။
22-Apr-2019
လွှတ်တော်သို့ ဥပဒေအရအပ်နှင်းထားသော တာဝန်နှင့် ဝတ္တရားများအရ ဆုံးဖြတ်မည်လား၊ နိုင်ငံရေးအရ ဆုံးဖြတ်မည်လား သို့မဟုတ် အခြားနည်းလမ်းတစ်ရပ် ရှာဖွေမည်လားဆိုသည်မှာ ခြေဥနိုင်ငံရေးအကျပ် အတည်း၏ ထွက်ပေါက် သို့မဟုတ် ပိတ်ဆို့မှု ဖြစ်လာနိုင်ပါသည်။ ထွက်ပေါက်လိုလားပါကလည်း ထွက်ပေါက်ရှိနေပါသည်။ ပိတ်ဆို့မှုလိုလားပါကလည်း ပိတ်ဆို့စေနိုင်ပါသည်။ ယင်းသည်ပင် နိုင်ငံ၏ကံကြမ္မာ၊ ပြည်သူ များ၏ကံကြမ္မာဟု ဆိုရမည်ဖြစ်သည်။
21-Apr-2019
နိုင်ငံသားတို့ ငယ်စဉ်က သင်ယူခဲ့ဖူးသည့် မြန်မာ့သမိုင်းတွင် ရေးသားထားသလို “ရရာလက်နက်ဆွဲကိုင် တော်လှန်တိုက်ခိုက်ကြသည်”ဆိုသည့်အတိုင်း ကြမ်းတမ်းလှသည့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တိုက်ပွဲကြီးအတွက် သက်ဆိုင်သူ အားလုံးက ဝီရိယအားစိုက်ကာ စုပေါင်းတိုက်ပွဲဝင်ကြမည်ဆိုပါက အခက်အခဲများ အားလုံးကို ကျော်လွှားနိုင်မည်သာဖြစ်ကြောင်း
20-Apr-2019
ဘယ်လိုပဲဖြစ်ဖြစ် နှစ်သစ်မှာ ကိုယ်အပါအဝင် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ်နေတဲ့ကမ္ဘာကြီးပေါ်မှာ ရှိနေကြတဲ့သူတွေ မင်္ဂလာအပေါင်း ခညောင်းပြီး အစစ အရာရာ အဆင်ပြေစေချင်တဲ့ စိတ်ဆန္ဒဟာ ယုံကြည်ကိုးကွယ်ရာ ဘာသာတရား၊ ယဉ်ကျေးမှု၊ လူမျိုး၊ အသားအရောင်စတဲ့ မတူညီမှုတွေကို ကျော်လွှားနိုင်စွမ်းရှိတယ် ဆိုတာကတော့ အမှန်ပါပဲ။
08-Apr-2019
စီမံခန့်ခွဲမှုဘာသာရပ်သည် ဒစ်ပလိုမာအဆင့်မှသည် ဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့၊ ဘွဲ့လွန်ပါရဂူဘွဲ့အဆင့်အထိ စနစ်တကျ သင်ကြားနိုင်သည့် ပရော်ဖက်ရှင်နယ်အတတ်ပညာတစ်ခုဖြစ်သည်။
07-Apr-2019
သင်္ကြန်ဆိုတာ ပျော်ရွှင်ကြည်နူး၊ ဝမ်းမြောက်ဖွယ်ရာ ရိုးရာပွဲတော်တစ်ခုလို့ မြန်မာပြည်သူ၊ ပြည်သား အားလုံး နားလည် လက်ခံထားကြတယ်။ ဟိန္ဒူယဉ်ကျေးမှုကနေ ဆက်ခံဆင့်ပွားလာတဲ့ သင်္ကြန်ကို ပုဂံခေတ်ကနေ ဒီနေ့အထိ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအဖြစ် စဉ်ဆက်မပြတ် ကျင်းပလာခဲ့တဲ့ မြန်မာပြည်အနေနဲ့ အခုအချိန်မှာ တကယ်ရော ရိုးရာ အစစ်အမှန် ဖြစ်သေးရဲ့လားလို့ မေးစရာရှိလာတယ်။
05-Apr-2019
မိမိတို့၏အားနည်းချက်သည် ရန်သူ သို့မဟုတ် အခွင့်အရေးစောင့်နေသူအတွက် အခွင့်အရေးဖြစ်ပါသည်။ ထိုအားနည်းချက်များကို မိမိတို့ အားလုံး မဖန်တီးကြဖို့လိုပါသည်။ လက်ရှိအချိန်သည့် နိုင်ငံအတွက်လည်းကောင်း၊ လူထုအတွက်လည်းကောင်း စိန်ခေါ်မှုများပြားလွန်းနေပါသည်။ မြစ်ဆုံစီမံကိန်းဖြင့် ကချင်ပြည်နယ်တွင် သောကပွေနေစဉ် ရခိုင်ဒေသစစ်မီးသည် အရှိန်ကောင်းနေဆဲ ဖြစ်သည်။ ရခိုင်ဒေသပဋိပက္ခအကျိုးဆက်သည် ယခုအခါ ခြိမ်းခြောက်မှုများဖြင့် အခြားဒေသများအထိ ကူးဆက်လာနေသည်မှာ စိုးရိမ်ဖွယ်အခြေအနေဟု မြင်မိပါသည်။
05-Apr-2019
AA အဖွဲ့က အမှန်တကယ် ဖိတ်ကြားသည်ဖြစ်စေ နှိုးဆော်သည့်သဘော ဖိတ်ကြားသည်ဖြစ်စေ မီဒီယာတွေအနေနဲ့ ရှေ့တိုးရခက် နောက်ဆုတ်ရခက် အနေအထားမှာ AA အဖွဲ့ကို သောင်းကျန်းသူလို့ သုံးနှုန်းရေးသားတဲ့ မီဒီယာတွေကို ဗုံးခွဲတိုက်ခိုက်မယ်၊ လုပ်ကြံသတ်ဖြတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ထွက်ပေါ်လာပြန်ပါတယ်။ မီဒီယာအတော်များများကို မရှေးမနှောင်း ပေးပို့ခဲ့တဲ့ ဒီ ခြိမ်းခြောက်မှုဟာ မြန်မာ့မီဒီယာ လောကမှာ ပထမဆုံးလို့ပြောနိုင်ပြီး အစကနဦးမှာ ခြိမ်းခြောက်ခံခဲ့ရတဲ့ မီဒီယာတွေအနေနဲ့ အမှန်တကယ် AA အဖွဲ့က ခြိမ်းခြောက်ခြင်းကို ခံလိုက်ရသလို ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့်လည်း သတင်းဋ္ဌာနတွေကနေ ဒီခြိမ်းခြောက်မှုတွေကို searching fire အဖြေရှာတဲ့အနေနဲ့ သတင်းထုတ်ပြန်ခဲ့ကြပါတယ်။ AA အဖွဲ့အနေနဲ့ မီဒီယာတွေ ဆက်သွယ်မေးမြန်းတဲ့အခါ ပြောရေးဆိုခွင့်ရှိသူအနေနဲ့ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့တာတွေ့ရသလို ကြေညာချက်လည်း ထုတ်ပြန်ဖြေရှင်းပါတယ်။ တချိန်တည်းမှာပဲ AA အဖွဲ့က မီဒီယာတွေကို ဖိတ်ကြားပြီး ချဉ်းကပ်စည်းရုံးရေး လုပ်နေတဲ့အတွက် ဖျက်လိုဖျက်ဆီးလုပ်တဲ့အနေနဲ့ ကြားကနေ အခုလို လုပ်ကြံဖန်တီးတာဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေလည်း ထွက်ပေါ်လာပါတယ်။
04-Apr-2019
စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင်သည့် အပြုအမူ အပြောဆိုများ၊ မူဝါဒများ၊ လုပ်ဆောင်ချက်များရှိလာပါက သတင်းစာ (သတင်းမီဒီယာ)များ အပါအဝင် သက်ဆိုင်ရာ အင်အားစုများ၊ အဖွဲ့အစည်းများ အားလုံးက ဘက်လိုက်မှုမရှိဘဲ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ကြရမည်သာ ဖြစ်ပေသည်။
04-Apr-2019
အမှန်ဆိုရရင် အဂတိလိုက်စားမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားများရဲ့အခွင့်အရေး၊ ရပိုင်ခွင့်များကို ထိခိုက်စေသကဲ့သို့ ဒေသတွင်း အဖွဲ့အစည်းများ၊ နိုင်ငံရေး အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ၊ စီးပွားရေး အဖွဲ့အစည်းများ စတဲ့ လူမှုအသိုင်းအဝိုင်းမှာ မလိုလားအပ်သော အရှုပ်အထွေးများကို ဖြစ်ပေါ်စေတတ်တာကို သတိချပ်ကြရမှာ ဖြစ်ပါတယ်။
04-Apr-2019
မဲဆန္ဒရှင်ပြည်သူတွေဆိုတာက သူတို့ပါဝင်လိုက်တဲ့ မဲဆန္ဒတစ်ခုကြောင့် သူတို့ရဲ့ လူနေမှုဘဝကို ပြောင်းလဲပေးနိုင်မလား ဆိုတာပဲ တွေးပါတယ်။ မဲပေးလိုက်လို့လည်း အကြောင်းထူးလာစရာ မရှိဘူးဆိုတဲ့အတွေးက မြို့နေလူတွေရဲ့ စိတ်ခံစားမှုထဲမှာ မသိမသာ ကိန်းအောင်းနေတယ်။ ခုတစ်ခါကမှ ရွေးကောက်ပွဲစည်းရုံးရေးတွေ နည်းနည်းပါးပါး လှုပ်လှုပ်ရှားရှား တွေ့ရသေးတယ်။ ဟိုအရင် ၂၀၁၄ စည်ပင်ရွေးကောက်ပွဲတုန်းက သတိတောင် မထားမိခဲ့ကြဘူး။ အဲဒီတုန်းက အိမ်ထောင်စုတစ်ခုမှ ဆန္ဒမဲတစ်မဲ ပေးခွင့်ရခဲ့တာဆိုတော့ ပိုဆိုးတာပေါ့။
03-Apr-2019
အတိတ်ကာလကလို အယူဝါဒရေးရာ၊ နိုင်ငံရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ အကြောင်းပြချက်တို့ကြောင့် စစ်မဖြစ်ဘဲ မတူကွဲပြားသည့် ယဉ်ကျေးမှုများ တိုးတိုက်မိရာမှ စစ်မက်ဖြစ်ပွားလိမ့်မည်ဟု ဆန်မြူရယ်ဟန်တင်တန်က ယင်းအဆိုကို ထုတ်ဖော်ခဲ့ရာ နိုင်ငံရေးပညာရှင်များအကြား ကြီးမားသည့် အငြင်းအခုံများလည်း ဖြစ်ခဲ့ရပေသည်။
03-Apr-2019
ယနေ့ ခေတ်မီစစ်ပွဲများတွင်ကား ခေတ်မီလက်နက်များ၊ ခေတ်မီဆက်သွယ်ရေးစနစ်များ ပေါ်ပေါက်နေပြီဖြစ်၍ ခေါင်းဆောင်များသည် စစ်မြေပြင်သို့လိုက်ပါရန် မဆိုထားနှင့် နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ ဝေးကွာလှသည်ကိုပင် အနီးကပ်စစ်မြေပြင်သို့ရောက်ရှိနေသည့်သဖွယ် အသေးစိတ် ညွန်ကြားနိုင်ကြပြီဖြစ်သည်။ ထို့ကြောင့် မိမိအသက်ကိုအသေခံ၍ စစ်မြေပြင်သို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကာ တိုက်ပွဲကိုဆင်နွှဲစရာမလိုအပ်တော့ချေ။ သို့ရာတွင် တစ်ခုကွာခြားသည်မှာကား ကိုယ်တိုင်စစ်မြေပြင်သို့ မလိုက်ရသဖြင့် စစ်သည်တို့၏ ပင်ပန်းဆင်းရဲခြင်းများ၊ ထိခိုက်ဒဏ်ရာ အနာတရဖြစ်ရခြင်းများ၊ သေလုမြောပါး ဝေဒနာခံစားရခြင်းများနှင့် စစ်သည်တို့၏ မိသားစုများ စိုးရိမ်ပူပန်စိတ် ဖြစ်ပေါ်ရခြင်းများကို ကိုယ်ချင်းစာတရားထား ရှိနိုင်မည်မဟုတ်ချေ။