19-Feb-2019
အနာဂတ်နိုင်ငံတည်ဆောက်ရေးတွင် ဗိုလ်ချုပ်ထံမှ မည်သည့်အရာများကို လက်ဆင့်ကမ်း သယ်ဆောင်ကြမည်နည်း။ နိုင်ငံတည်ဆောက်ရေးနှင့် တိုင်းပြည်တည်ဆောက်ရေးအတွက် ဗိုလ်ချုပ်ထံမှ နိုင်ငံက လိုအပ်နေသည့်အရာများမှာ သူ၏ခေါင်းဆောင်မှုစွမ်းရည်နှင့် တိုင်းရင်းသားလူနည်းစုတို့အပေါ် ထားရှိအပ်သော သဘောထားများ ဖြစ်ပါသည်။ ခေါင်းဆောင်မှုအား တိုင်းတာရာတွင် အချက်လေးချက်ရှိသည်ဟု ပညာရှင်များက ဆိုပါသည်။