News

16-May-2017
ရန်ကုန်မြို့တွင် တောင်းရမ်းစားသောက်နေသော ကလေးငယ်များနှင့်ပတ်သက်၍ စေခိုင်းသူများကို ထောင်ဒဏ်တိုးမြှင့် အရေးယူနိုင်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို မူကြမ်းအဆင့် ပြင်ဆင်ရေးဆွဲပြီးဖြစ်၍ လာမည့်ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ရန် တင်ပြမည်
16-May-2017
ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းတွင် နိုင်ငံခြားသား ဧည့်သည်များ ဓာတ်ပုံ ရိုက်နိုင်စေရေးအတွက် ကိုရင်များကို ဘောလုံး ကန်ခိုင်းခဲ့သူကို မေလ ၁၅ ရက်နေ့က တရားစွဲဆိုခဲ့ကြောင်း ညောင်ဦးခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
16-May-2017
မလိုလားအပ်သော ပစ္စည်းများယူ ဆောင်လာပါက အလွယ်တကူ ရှာဖွေစစ်ဆေးနိုင်ရန် မိတ္ထီလာမြို့ အ.ထ.က ၁ အထက်တန်းကျောင်းတွင် ဘေးလွယ်အိတ်ဖြင့်သာ ကျောင်းတက်ခွင့်ပြုမည်ဖြစ်ကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးကြည်ဝင်းက ပြောကြားသည်။
16-May-2017
YBS တံဆိပ်တပ် ယာဉ်လိုင်းများ၌ ပြေးဆွဲနေသည့် ၁၉၉၅ ခုနှစ်အောက် မော်ဒယ်နိမ့် ခရီးသည်တင်ယာဉ်များနေရာတွင် တရုတ်နိုင်ငံထုတ် ယာဉ်အသစ်များဖြင့် အစားထိုး အသုံးပြုမည်ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့က ပြုလုပ်သည့် YBS ယာဉ်လိုင်း တာဝန်ခံများနှင့် တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
16-May-2017
အငြိမ်းစားယူမည့် ဝန်ထမ်းများ အိုးပိုင်အိမ်ပိုင် နေထိုင်နိုင်စေရေးအတွက် အငြိမ်းစား အိမ်ရာစခန်း စီမံကိန်းတစ်ခု အကောင်အထည် ဖော်မည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
16-May-2017
ရန်ကုန်မြို့ရှိ မီးပွိုင့်များတွင် တပ်ဆင်ထားသည့် CCTV ကင်မရာများမှတစ်ဆင့် လုံခြုံရေးနှင့် ယာဉ်စည်းကမ်း ချိုးဖောက်မှုများကို မေလ ၁၅ ရက်နေ့မှ စတင်ကာ စောင့်ကြည့် စစ်ဆေးနေပြီ
16-May-2017
မဘသအဖွဲ့အပေါ် ဥပဒေပြင်ပ ပြုမူ ပြောဆိုချက်များကို ကိုယ်စားပြု၍ ဥပဒေအရ တုံ့ပြန်မှု ပြုလုပ်သွားရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဓမ္မဝံသာနုရက္ခိတအဖွဲ့ကို ဖွဲ့စည်းထားကြောင်း အဆိုပါအဖွဲ့၏ တွဲဖက်အတွင်းရေးမှူး ဦးအောင်ချစ်က ပြောကြားသည်။
16-May-2017
ထားဝယ်ခရိုင် ကံပေါက်ရွာရှိ အရန်မီးသတ်တပ်ဖွဲ့ရုံး အပေါ်ထပ်တွင် မေလ ၁၄ ရက် ည ၈ နာရီခန့်က WY စိတ်ကြွဆေးပြား ၄၀ ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
16-May-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီရို ဂူတာရက်စ်တို့သည် တရုတ်နိုင်ငံ ဘေဂျင်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကုလသမဂ္ဂ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
16-May-2017
ကပ္ပလီပင်လယ်ပြင်နှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် ပိုမို အားကောင်းလာဖွယ် ရှိသည့်အတွက် ဧရာဝတီ တိုင်းဒေသကြီး အပါအဝင် ဒေသသုံးခုသည် သတိထားရန် လိုအပ်ကြောင်း
16-May-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်အနီး ချင်းတွင်းမြစ်အတွင်း မုံရွာမြို့မှ ဟုမ္မလင်းမြို့သို့သွားသည့် ခရီးသည်တင် အမြန်ရေယာဉ်တစ်စီးသည် ယနေ့(မေလ ၁၆ ရက်) နံနက်က မီးလောင်ခဲ့ကြောင်း ဝင်မနား နယ်မြေရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
16-May-2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ နတ်ရွာကျေးရွာ သုသာန်တစ်ခုရှိ ဇရပ်တစ်ဆောင်တွင် မေလ ၁၅ ရက်နေ့  ညနေ ၅ နာရီခန့်က သက်တော် ၇၆ နှစ်အရွယ် သံဃာတစ်ပါး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း ထန်းတပင် မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
16-May-2017
အဆင့်မြင့်ပညာဦးစီးဌာန ဒုညွှန်/ချုပ် ဒေါက်တာအောင်နိုင်စိုးကို အခြေခံပညာဦးစီးဌာန ညွှန်/ချုပ်အဖြစ် တာဝန်ယူစေခဲ့ကြောင်း ပညာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်မြဲက The Voice သို့ ပြောကြားသည်။
16-May-2017
ရန်ကုန်-မန္တလေး အမြန်လမ်း နေပြည်တော်တိုးဂိတ်တွင် ရခိုင်ပြည်နယ်ဘက်မှ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီငါးဦးနှင့် ပို့ဆောင်ပေးသူ အမျိုးသားနှစ်ဦးကို ယနေ့ နံနက် (မေလ ၁၆ ရက်) က ဖမ်းဆီးရမိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။