News

22-Nov-2016
မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ လက်ပြတိုင်အနီးတွင် ယနေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၈ နာရီခန့်က အမျိုးသား တစ်ဦး လည်လှီး သတ်ခံရကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
22-Nov-2016
ငွေချေး သက်သေခံ လက်မှတ် ကုမ္ပဏီ (Securities Company) များသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရောင်းချသည့် အစိုးရငွေတိုက် စာချုပ် (Treasury Bond) များကို ဝယ်ယူရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီများထံမှ သိရသည်။
22-Nov-2016
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် ရေလုပ်ငန်းနှင့် ပတ်သက်၍ ပါဝင်မှု အားနည်းသည့်အတွက် ရေလုပ်ငန်းနှင့် ပတ်သက်သည့် အလုပ်ရှင် အဖွဲ့အစည်း ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။
22-Nov-2016
မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်းတွေကို ဂျပန်နိုင်ငံနဲ့ တိုက်ရိုက် မျှဝေဖို့ တောင်ကိုရီးယား လွှတ်တော်က အတည်ပြုလိုက်ပါပြီ။
22-Nov-2016
ဂျပန်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းမှာ အင်အား ၇ ဒသမ ၄ အဆင့်ရှိ ငလျင် တစ်ခု လှုပ်ခတ်ခဲ့တာကြောင့် အစောပိုင်းမှာ အာဏာပိုင်တွေက ဆူနာမီ သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် ယခုအခါမှာတော့ သတိပေးချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။
22-Nov-2016
“မိုင်းယု၊ နန့်ဟွယ်၊ မန့်မော် ကျေးရွာက ဒေသခံ ၃၀၀၀ ကျော်ကမူဆယ်မြို့ပေါ်ကို စစ်ဘေးရှောင်လာကြတယ်၊ မူဆယ်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ စစ်ဘေးရှောင်ပြည်သူတွေကို ထားရှိပေးထားပါတယ်။ အစားအစာအတွက်မပူရပေမဲ့ ဆောင်းတွင်းဆိုတော့ ခြုံထည်အနွေးစောင်တွေ အရေးကြီးလိုအပ်နေပါတယ်”
22-Nov-2016
မြန်မာနိုင်ငံရှိမြို့ကြီးအချို့သို့ ခေတ်ဟောင်းမော်တော်ယာဉ်အစီး ၂၂စီးဖြင့် လည်ပတ်ရန် ဘယ်လ်ဂျီယမ်နိုင်ငံသားများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့မှ ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက် ၅နာရီခွဲခန့်က တောင်ကြီးမြို့သို့ ထွက်ခွာသွားကြောင်း ကျိုင်းတုံမြို့ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်
22-Nov-2016
“ကျွန်တော်တို့ အခုရက်ပိုင်းအတွင်း ထုတ်ပြန်ပေးပါ့မယ်။ ဒီလနောက်ဆုံးပတ်လောက်ပေါ့” ဟု အဆိုပါဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောဆိုသည်
22-Nov-2016
ရေဘေးအလှူပစ္စည်းများနှင့်ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်ဟုဆိုသော ပြည်မြို့နယ် NLD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံအား ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထားသည့်အမှုကို နိုဝင်ဘာ၂၁ ရက်က တရားရုံး၌ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး တရားစွဲခံထားရသူကို တရားရုံးက အာမခံပေးခဲ့ကြောင်း
22-Nov-2016
ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီခွဲတွင် မူဆယ်တစ်မြို့လုံး တိတ်ဆိတ်ကာ ပြည်သူအားလုံး အိမ်ပြင်မထွက်ကြဘဲ ပုန်းအောင်းနေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
22-Nov-2016
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် စက်မှုဇုန်၌ နိုဝင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီက သတ္တမတန်း ကျောင်းသူအား လမ်းဘေးခြုံထဲ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ရန် ကြံစည်သည့် အသက် ၄၀ အရွယ် အမျိုးသားကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဖမ်းခဲ့ကြောင်း ယင်းမြို့နယ် ရဲစခန်းထံမှ သိရသည်။
22-Nov-2016
နမ့်ပေါ်တံတား ရဲကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ဈာပနကို ယနေ့ (နိုဝင်ဘာ ၂၂ ရက်) မွန်းလွဲ ၁ နာရီဝန်းကျင်က မူဆယ်သုသာန်၌ ပြုလုပ်မည်ဖြစ်ရာ ယင်းနာရေးယာဉ်တန်းနှင့် မူဆယ်ဈေးကို လက်နက်ကိုင်များက ဝင်တိုက်တိုက်ခိုက်မည် ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်လာခြင်းကြောင့် မူဆယ်တွင် ဒေသခံများအကြား ရုတ်ရုတ်သဲသဲဖြစ်ပြီး ဈေးအနီးဝန်းကျင်ရှိ ဆိုင်များနှင့် စားသောက်ဆိုင်များ ပိတ်ကာ နေအိမ်သို့ ပြန်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
22-Nov-2016
သမ္မတနေရာ ဆက်ခံသူ ဒေါ်နယ်ထရမ့်သည် အဓိကကျသော အမေရိကန် တန်ဖိုးများကို ခြိမ်းခြောက်လာပါက နိုင်ငံသားတစ်ယောက် အနေနှင့် ဝေဖန်သွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ပြောကြားခဲ့သည်ဟု BBC သတင်းက ဖော်ပြသည်။
21-Nov-2016
ဆောင်းလေအေးများ တိုးဝင်နေမှုကြောင့် ဒေသအချို့တွင် ယခုရက်ပိုင်းအတွင်း အအေးပိုနေရာ၌ ကချင်ပြည်နယ် မြောက်ဖျားဒေသတွင် ရေခဲမှတ်အောက် ရောက်သည်အထိ အအေးပိုနိုင်
21-Nov-2016
ကော်ရှူခြင်း၊ တောင်းရမ်းစား သောက်ခြင်းနှင့် လမ်းပေါ်တွင် လေလွင့် နေထိုင်သည့် မန္တလေးမြို့တော်မှ ကလေး ၃ဝ ဦးကျော်တို့ကို ၎င်းတို့အနာဂတ် ဘဝ ရှင်သန်ရေးအတွက် သန်လျင်မြို့ရှိ သဘာဝ တရားရိပ်သာသို့ ယခုလ နောက်ဆုံးပတ်အတွင်း ပို့ဆောင်ပေးမည်