18-Feb-2017
ကမ္ဘာဦးအစ လူသားကျောက်ဖြစ် ရုပ်ကြွင်းများ တွေ့ရှိရာ မကွေးတိုင်းဒေသကြီး ပုံတောင်၊ ပုံညာဒေသကို ကမ္ဘာ့အမွေအနှစ် လျာထားစာရင်း (UNESCO's tentative list) ထည့်သွင်းရန် အဆိုပြု ဆုံးဖြတ်ထားကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကမ္ဘာ့အမွေအနှစ်များဌာနခွဲ ညွှန်ကြားရေးမှူး ဦးသန့်ဇော်ဦးက ပြောကြားသည်။