News

24-Feb-2017
ဒေသတွင်းနိုင်ငံများနှင့်ယှဉ်လျှင် အတိုးနှုန်း မြင့်မားနေသော မြန်မာနိုင်ငံ၏ ဘဏ်တိုးနှုန်းကို လတ်တလောတွင် လျှော့ချရန် မည်သို့မျှ မဖြစ်နိုင်သေးကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။
24-Feb-2017
မောင်တောမြို့နယ်တွင် ဘင်္ဂါလီအချို့ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့်မညီဘဲ နိုင်ငံသားဖြစ်ခွင့် ပေးနေသည်ဟုဆိုကာ ဒေသခံများက တိုင်ကြားထားသဖြင့် ရခိုင်ပြည်နယ်လွှတ်တော်က စစ်ဆေးရေးအဖွဲ့ တစ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့က အဆိုပါဒေသသို့ စေလွှတ်လိုက်သည်။
24-Feb-2017
မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ပြုရန် အစိုးရက တရားဝင် ငြင်းပယ်ထားသည့် ဗြိတိန်နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ Mark Famaner သည် ထိုင်း- မြန်မာ နယ်စပ်မှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ခဲ့ကြောင်း ကာယကံရှင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
24-Feb-2017
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှု အခြေအနေများကို ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၅ နေ့တွင် ရှင်းလင်း ပြောဆိုမည်
24-Feb-2017
ပြည်တွင်းရွှေဈေးမှာ ယခင်နှစ် အောက်တိုဘာလက တစ်ကျပ်သား ကျပ် ၉ သိန်းအထက်သို့ ပထမဦးဆုံးအကြိမ် ရောက်ရှိခဲ့ပြီးနောက် လေးလကျော်ကာလ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် ကျပ်ကိုးသိန်းအထက်သို့ ရောက်ရှိခဲ့ကြောင်း ပြည်တွင်း ရွှေလုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
24-Feb-2017
မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာကို ဖော်ဆောင်ရန် သံချပ်အဖွဲ့ ၂၀ ခန့် သင်္ကြန်မတိုင်မီ ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ဖျော်ဖြေသွားမည်
24-Feb-2017
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မတ်လ ၁ ရက်နေ့မှစတင်၍ ခြောက်ရက်ကြာ ရေပြတ်မည့် မြို့နယ်များကို ရေကားဖြင့် အခမဲ့ ရေပေးဝေမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ရေနှင့် ရေသန့်ရှင်းမှု အင်ဂျင်နီယာ ဌာနထံမှ သိရှိရသည်။
24-Feb-2017
ရဲတပ်ဖွဲ့က မြေလှန်ရှာဖွေ ဖမ်းဆီးခဲ့သည့် နဂါးလေး(ခ)အောင်နိုင်မြင့်မှာ ရှေ့နေ ဦးကိုနီကို လုပ်ကြံပေးရန် ငွေဖြင့် ကမ်းလှမ်းခံရသူဖြစ်ကြောင်း အမည်မဖော်လိုသည့် အကြီးတန်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။
24-Feb-2017
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အောင်ချမ်းသာရပ်ကွက် ကန်သာယာ ကန်ပတ်လမ်းတွင် ငွေစက္ကူ အစစ် တစ်သောင်းတန်နှင့် ငါးထောင်တန်များကို အမျိုးသမီးနှစ်ဦးက လမ်းဘေးတွင် လာရောက်စုပုံခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
24-Feb-2017
မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ မြို့နယ်ခြောက်ခုအတွင်း တောင်းရမ်းစားသောက် နေသူများနှင့် နောက်ကွယ်မှ ခိုင်းစေသူများကို မတ်လဆန်းပိုင်းကစ၍ စီမံချက်ဖြင့် ရှင်းလင်းမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Feb-2017
၂၀၁၆-၁၇ ဘဏ္ဍာနှစ်စမှ ယခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ ပြည်ပမှ လူသုံးကုန်ပစ္စည်းမျိုးစုံ တင်သွင်းမှုမှာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ ၅၃၇ သန်းကျော်ဖိုး ပိုမိုတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
24-Feb-2017
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပျားတောင်ဒေသရှိ MCL ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
24-Feb-2017
ပိုင်နက်ကျူးလွန်မှုနှင့် မီးရှို့မှုတို့ဖြင့် တရားစွဲခံထားရသည့် ရေဖြူမြို့နယ်၊ ကျေးဇူးတော်ကျေးရွာမှ နေရပ်ပြန် စစ်ဘေးရှောင် နှစ်ဦးကို ဒဏ်ငွေရှစ်သောင်း ကျခံရန် မြို့နယ်တရားရုံးက ဖေဖော်ဝါရီလ ၂၀ ရက်တွင် အမိန့်ချမှတ်ခဲ့ကြောင်း တရားခံများ၏ အကျိုးဆောင်ရှေ့နေထံမှ သိရသည်။
24-Feb-2017
နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်ကို ဂါရဝပြုရန် စာရင်းပေးသွင်းထားသော လူငယ် ၂၉၀၀ ကျော် ရှိကြောင်း ရွှေပြည်တော်သို့ ဆုံမှတ်ပရဟိတအသင်း အတွင်းရေးမှူး ကိုအောင်ပိုင်မင်းက ပြောသည်။