News

05-Dec-2016
ဘဏ်ချေးငွေ အတိုးနှုန်း ကြီးမြင့်နေခြင်းကြောင့် ပြည်တွင်း၌ ကုန်ပစ္စည်း ထုတ်လုပ်သူများသည် ပြည်ပ ထုတ်ကုန်များထက် ထုတ်လုပ်မှုစရိတ် ပိုမို ကုန်ကျပြီး ဈေးကွက် ယှဉ်ပြိုင်ရန် ခက်ခဲကြောင်း
05-Dec-2016
ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်း အရှိန်ကြောင့် ဒေသအချို့တွင် ယခု သီတင်းပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာမည်ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။
05-Dec-2016
ရခိုင်ပြည်နယ်၌ ဖြစ်ပေါ်နေသော အင်္ဂါလီ အရေးကိစ္စအပေါ် မလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင် ဆန္ဒပြခြင်းသည် နိုင်ငံရေး ကစားကွက် တစ်ခုသာဖြစ်ပြီး ယင်းဆန္ဒပြမှုကို ကန့်ကွက်ပါကြောင်း မြန်မာနိုင်ငံရှိ အစ္စလာမ် အရပ်ဖက်အဖွဲ့ဖြစ်သည့်(Social Alliances) အဖွဲ့ခေါင်းဆောင် မဒါလီမြင့်က ပြောသည်။
05-Dec-2016
Suzuki Cup ဆီမီးဖိုင်နယ် မြန်မာ-ထိုင်း ဘောလုံးပွဲတွင် လက်မှတ်မှောင်ခို ရောင်းသူ ရှစ်ဦးကို ဒီဇင်ဘာလ ၅ ရက် ညနေ ၃ နာရီခွဲက သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှ ရန်ကုန် ရဲအက်ဥပဒေ ပုဒ်မ ၄၁/၁၆ ဖြင့် ထောင်ဒဏ် ခုနှစ်ရက် အမိန့် ချခဲ့သည်။
05-Dec-2016
ရခိုင်ပြည်နယ်တွင် အကြမ်းဖက် ဝင်ရောက်တိုက်ခိုက်ခံရမှုများ အပေါ် မမှန်မကန်သည့် သတင်းများအတွက် မှန်မှန်ကန်ကန် တုံ့ပြန်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ကိုဖီအာနန်တို့ တွေ့ဆုံပြောကြားခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်းထုတ်ပြန်လိုက်သည်။
05-Dec-2016
အီတလီ ဝန်ကြီးချုပ် မတ်တီယိုရန်ဇီဟာ အခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် သူ့ရဲ့ အဆိုကို ပြည်လုံးကျွတ် ဆန္ဒခံယူရာမှာ အပြတ်အသတ် ရှုံးနိမ့်ပြီးတဲ့နောက် ယနေ့ ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။
05-Dec-2016
မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ် ဝင်ရောက်စွက်ဖက်နေခြင်းကို မြန်မာနိုင်ငံရှိ အစ္စလာမ် လူမှုရေးအဖွဲ့များက အစည်းအဝေး ပြုလုပ်၍ ရပ်တည်ချက်ကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း အစ္စလာမ် လူမှုရေးအဖွဲ့များထံမှ သိရသည်။
05-Dec-2016
ရာဇဝတ်မှုများ စံချိန်တင် မြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီးတွင် တစ်ရက်လျှင် လူတစ်ဦးနှုန်း အသတ်ခံရမှု ဖြစ်ပွားနေကြောင်း မှုခင်းဖြစ်စဉ်များအရ သိရသည်။
05-Dec-2016
ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အရေးကိစ္စများသည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရန် ကြိုးပမ်းလုပ်ဆောင်ရာတွင် ယင်းဒေသရှိ ဘင်္ဂါလီများ အနေဖြင့် ဥပဒေနှင့်အညီ လိုက်နာလုပ်ဆောင်ရန် ပျက်ကွက်သည့်အတွက် ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
05-Dec-2016
မြန်မာနိုင်ငံမှ ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်၍ လက်ရှိမလေးရှား ဝန်ကြီးချုပ် နာဂျစ်ရာဇတ် အနေနှင့် လူထုဆန္ဒပြပွဲကြီးကို ဦးဆောင်ပြုလုပ်နေမည့်အစား သံတမန်ရေးရာ နည်းလမ်းဖြင့် ချဉ်းကပ်လုပ်ဆောင်သင့်သည်ဟု တစ်ချိန်က အာဆီယံတွင် သြဇာကြီးမားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း မဟာသီယာမိုဟာမက်က ထောက်ပြဝေဖန်လိုက်ကြောင်း Free Malaysia Today (FMT) သတင်းစာက ရေးသားဖော်ပြသည်။
05-Dec-2016
ပါကစ္စတန်ဘက်က ခိုလှုံရာအဖြစ် ခွင့်ပြုထားခြင်းကို ရပ်တန့်လိုက်မည် ဆိုပါက တာလီဘန် သူပုန်ထမှုကို တစ်လအတွင်းဖြင့် ချေမှုန်းနိုင်ကြောင်း အာဖဂန်နစ္စတန် သမ္မတ အာရှရက်ဖ်ဂါနီက ပြောကြားခဲ့သည်။
05-Dec-2016
စမ်းချောင်းမြို့နယ်၊ မြေနီကုန်း ခုံးကျော်တံတားအနီး ရှမ်းကုန်းလမ်းရှိ ငွေလဲလှယ်ကောင်တာ တစ်ခုတွင် နေ့ခင်းကြောင်တောင်အချိန် သေနတ်ပစ်ဖောက်ပြီး ငွေများ လုယူသွားသော အမည်မသိ အမျိုးသားနှစ်ဦး၏ CCTV မှတ်တမ်း ဓာတ်ပုံများကို တိုင်း၊ ခရိုင်၊ မြို့နယ်အနှံ့ရှိ ရဲတပ်ဖွဲ့င်များထံ ဖြန့်ဝေထားပြီး မြေလှန်ရှာဖွေ စုံစမ်းနေကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရသည်။
05-Dec-2016
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ဘင်္ဂါလီအရေးကိစ္စအပေါ် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်၍ ပြင်းပြင်းထန်ထန် ဆန္ဒပြမှု လုပ်ရပ်မှာ အာဆီယံ ပဋိညာဉ်ကို ချိုးဖောက်ရာ ရောက်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။
05-Dec-2016
မြန်မာနိုင်ငံသားများ အနေနှင့် မသန်စွမ်းသူများ၏ ဂုဏ်သိက္ခာ၊ စွမ်းဆောင် ရည်နှင့် လူ့အခွင့်အရေးတို့ကို အလေးဂရုထား ဆောင်ရွက်ရန်နှင့် ၎င်းတို့ကို ကြိုဆိုလက်ခံကာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားသည်။
05-Dec-2016
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မူလတန်းကျောင်း တစ်ခုတွင် ဒီဇင်ဘာလ ၃ ရက်နေ့က ယင်းကျောင်းမှ ကျောင်းဆရာက ၁ဝ နှစ်အရွယ် ကျောင်းသူကို အချိန်ပိုခေါ်ယူကာ သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။