News

24-Jul-2017
တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ်များ၌ လိုအပ်လျက်ရှိသော ဝန်ထမ်းအိမ်ရာ၊ အိပ်ဆောင် အစရှိသည့် တည်ဆောက်ရေးလုပ်ငန်းများအတွက် ကျပ် ၉၂၂ ဒသမ ၇ သန်း အသုံးပြုမည်ဖြစ်ကြောင်း ဆရာအတတ်ပညာနှင့် လေ့ကျင့်ရေးဌာနမှ သိရှိရသည်။
24-Jul-2017
တနင်္သာရီ တိုင်းဒေသကြီး၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေစဉ် ကာလအတွင်း ကျောက်မီးသွေးစက်ရုံ ပြုလုပ်မည် မဟုတ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားလိုက်သည်။
24-Jul-2017
မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌနေရာ တာဝန်ယူထားသည့် ဦးအောင်နိုင်ဦးသည် ၎င်း၏ မိခင်ပါတီဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP မှနုတ်ထွက်ရန် စာတင်ထားကြောင်း ပါတီခေါင်းဆောင်ထံမှ သိရသည်။
24-Jul-2017
ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်သည့် အစီရင်ခံစာကို ကန့်ကွက်ကြောင်း အရေးကြီးအဆိုကို ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော်တွင် တင်သွင်းလိုက်ကြောင်း ကိုယ်စားလှယ်များက ပြောကြားသည်။
24-Jul-2017
မြန်မာနိုင်ငံတွင် ကမ္ဘာ့လူတုပ်ကွေးရောဂါ Seasonal Influenza A(H1N1) အမျိုးအစား သံသယရှိ လူနာ ၁၃ ဦး စစ်ဆေးတွေ့ရှိပြီး တစ်ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။
24-Jul-2017
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ် အသုတ်မြို့တွင် အမျိုးသမီးတစ်ဦး ရာသီတုပ်ကွေးရောဂါ H1 N1 ဖြစ်ပွားခဲ့သဖြင့် တားဆီး၊ ကားကွယ်ရေး လုပ်ငန်းများ ပြင်ဆင်နေကြောင်း တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက The Voice သို့ ပြောကြားသည်။
24-Jul-2017
ဈေးနှုန်းဆက်တိုက် မြင့်တက်နေသော စလစ်ဈေးကွက်တွင် ယခုအပတ်အတွင်း အမည်ပေါက်စလစ် တစ်စောင်လျှင် ကျပ် ခုနစ်သိန်းခန့် ဆက်လက်မြင့်တက်ကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။
24-Jul-2017
လူမှုကွန်ရက် စာမျက်နှာတစ်ခု ဖြစ်သော ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဇူလိုင်လ ၂၁ ရက်နေ့ ညနေပိုင်းက ပန်းဘဲတန်း မြို့မရဲစခန်းရှေ့YBS (၅၇) ခရီးသည်တင် ယာဉ်တစ်စီး ရောက်ရှိနေသည့် သတင်းဓာတ်ပုံနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းဖြစ်စဉ်အမှန်ကို ၎င်းတို့ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။
24-Jul-2017
တော်ဝင်မင်းသားများ ဖြစ်ကြသော ဝီလျံနှင့် ဟယ်ရီတို့သည် နောက်ဆုံးအကြိမ် မိခင်ဖြစ်သူ ဝေလမင်းသမီးနှင့် တယ်လီဖုန်းပြောခဲ့စဉ်က အလျင်အမြန် ပြောမိခဲ့သည်ကို တစ်သက်လုံး နောင်တရနေမိကြောင်း ဖွင့်ဟပြောဆိုလိုက်သည်ဟု BBC သတင်းက ဖော်ပြထားသည်။
24-Jul-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ဝင်ဝကျေးရွာ အထက်တန်းကျောင်းသို့ အနီးအနားရှိ ကျေးရွာ ၆ ရွာမှ ကျောင်းသား၊ ကျောင်းသူများ ချောင်းကိုဖြတ်၍ ခက်ခဲစွာ ကျောင်းတက်နေရကြောင်း ဝင်ဝကျေးရွာ အထက်တန်းကျောင်း ကျောင်းဆရာ ဦးသန့်ဇင်ဟိန်းက ပြောကြားသည်။
23-Jul-2017
တောင်ကိုရီယားနိုင်ငံသို့ ရောက်ရှိနေသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမား အချို့သည် တန်းတူ အလုပ်သမား အခွင့်အရေးရရှိရန် ကိုရီးယား အလုပ်သမား ဝန်ကြီးဌာနကို ဆန္ဒပြလျက်ရှိကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးစိုးမိုးသူက ပြောကြားသည်။
23-Jul-2017
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စိုက်ပျိုးသော ကြယ်ပဲများကို အဆီထုတ်ကာဂျပန်သို့ ပထမဦးဆုံး တင်ပို့ရောင်းချမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဥက္ကဋ္ဌ ဦးဆန်းဦးက ပြောကြားသည်။
23-Jul-2017
ကုန်သည်စက်မှု အသင်းချုပ်က ရန်ကုန်မြို့တွင် တက္ကသိုလ် တည်ထောင်မည်ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ပြောကြားသည်။
23-Jul-2017
ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေနှင့် အစိုးရ၏ ရေဘေးတုံ့ပြန် ဆောင်ရွက်ရေးတွင် လိုအပ်သော အကူအညီများ ပေးအပ်ရန် အသင့်ရှိကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (UN-OCHA)က ကြေညာချက် ထုတ်ပြန်လိုက်သည်။
23-Jul-2017
အိမ်ထောင်ရေး ဖောက်ပြန်သည်ဟုဆိုသော သာကေတမြို့နယ်၊ အနော်မာ (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဇူလိုင်လ ၂၁ ရက်နေ့က တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၃ ဖြင့် ဒေါပုံ မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားသည်။