News

17-Jun-2019
မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လ ၁၇ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်း မွန်ပြည်နယ်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
17-Jun-2019
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်အိုက်ကျေးရွာတွင် ရှစ်နှစ်အရွယ် ယောက်ျားလေးက တူမီးသေနတ်ဖြင့် စနောက်ပစ်ခတ်ရာ အစ်မအရင်းဖြစ်သူမှာ ခဲသီးစထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
17-Jun-2019
ချင်းပြည်နယ်၊ မတူပီမြို့နှင့် တပ်လောင်းရွာအကြားရှိ ကားလမ်းမြေပြိုပြီးလမ်းပိတ်နေခြင်းကြောင့် ဒေသခံပြည်သူများ သွားလာရေး အခက်တွေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
17-Jun-2019
သာယာဝတီခရိုင်၊ မိုးညှိမြို့နယ်၊ ကျွန်ထိပ်ရွာတွင် ကိုလူအေးဆိုသူက အိမ်နီးချင်းဖြစ်သူ ၁၂ နှစ်အရွယ် မိန်းကလေးကို မိဘများမရှိခိုက် မုဒိမ်းကျင့်ခဲ့သဖြင့် သာယာဝတီခရိုင်တရားရုံးက ယနေ့ ဇွန်လ ၁၇ ရက်တွင် ထောင်ဒဏ် အနှစ် ၂၀ ကျခံရန် အမိန့်ချလိုက်သည်။
17-Jun-2019
ပဲခူးတိုင်း​ဒေသကြီး အုတ်​တွင်းမြို့ နယ်​ ​​ညောင်​​ခြေ​ထောက်​မြို့ အမှတ်​ ၁ ရပ်​ကွက်​ ရန်​ကုန်​-မန္တလေး မီးရထားလမ်း​ပေါ်တွင်​ ဇွန်​လ ၁၆ ရက်​​နေ့ နံနက်​ ၅ နာရီခွဲခန့်​က မီးရထားဂိတ်​​စောင့်​ဝန်​ထမ်းတစ်​ဦး ရထားကြိတ်​မိ​ ​သေဆုံးခဲ့ကြောင်း ​ညောင်​​ခြေ​ထောက်​နယ်​​မြေရဲစခန်းမှ စုံစမ်းသိရသည်​။
17-Jun-2019
ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၀၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၂ နှစ်တာကာလအတွက် စိုက်ပျိုးရေးလုပ်ငန်းများသုံးစွဲရန် ပေးဝေဖြန့်ဖြူးနေသည့်ဆည်ရေအသုံးပြုသူ တောင်သူများထံမှ ကောက်ခံရမည့် ရေခွန်ကြွေးကျန်ကျပ်သန်းပေါင်း ၃၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းလွှတ်တော်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ငွေစာရင်း ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
17-Jun-2019
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂၃ မြို့နယ်တွင် စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးဆိုင်ရာ သုတေသနစစ်တမ်းကို ဇွန်လ ၁၃ ရက်နေ့မှစ၍ ကောက်ယူလျက်ရှိကြောင်း တိုင်းလွှတ်တော် စာကြည့် တိုက်နှင့် သုတေသနကော်မတီထံမှ သိရသည်။
17-Jun-2019
အနက်ရောင်ဝတ်စုံများ ဆင်မြန်းကာ ဟောင်ကောင်မြို့လယ်တွင် သိန်းကျော်သော ပြည်သူများစုဝေးကာ ဟောင်ကောင် ခေါင်းဆောင် နုတ်ထွက်ပေးရေး ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။
17-Jun-2019
ပဲခူးတိုင်းဒေသကြီးအတွင်း၂၀၀၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ၁၂ နှစ်တာကာလအတွက် စိုက်ပျိုးရေးလုပ်ငန်းများသုံးစွဲရန် ပေးဝေဖြန့်ဖြူးနေသည့်ဆည်ရေအသုံးပြုသူ တောင်သူများထံမှ ကောက်ခံရမည့် ရေခွန်ကြွေးကျန်ကျပ်သန်းပေါင်း ၃၃၀၀ ကျော်ရှိကြောင်း ပဲခူးတိုင်းလွှတ်တော် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
16-Jun-2019
မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်း ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဇွန်လ ပထမအပတ်အထိ သက်ငယ်မုဒိမ်းဖြစ်ပွားမှုမှာ ယခင်၂၀၁၈ ခုနှစ် တစ်နှစ်စာခန့်ရှိနေကြောင်း မွန်ပြည်နယ် လွှတ်တော်အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လဲ့က ပြောကြားသည်။
16-Jun-2019
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ယဉ်ကျေးမှုအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းနိုင်ရန်အတွက် ချက်သမ္မတနိုင်ငံမှ ကွင်းဆင်းလေ့လာမှုများ ပြုလုပ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)ထံမှ သိရသည်။
16-Jun-2019
တရုတ်နယ်စပ်တင်ပို့သည့် သရက်သီးဈေးကွက်မှာ အရောင်းအဝယ် ကောင်းသဖြင့် သရက်ကုန်သည်များ ယမန်နှစ်ကထက် အကျိုးအမြတ် ဖြစ်ထွန်းကြောင်း စဥ့်ကိုင်မြို့နယ်အတွင်းရှိ သရက်ပွဲစားများထံမှ သိရသည်။
16-Jun-2019
ယခုနှစ်၏ ပထမလေးလကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ခရီးသည်ပေါင်း ၂ ဒသမ ၃၂ သန်းဝင်ရောက်ခဲ့ပြီး ယခင်ကာလတူနှစ်ထက် ၁၀ သိန်းခန့်ပိုမိုဝင်ရောက်ခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်လုပ်ငန်းများ တာဝန်ယူလုပ်ကိုင်နေသည့် Yangon Aerodrome ကုမ္ပဏီ (YACL) ၏စာရင်းများအရ သိရသည်။
16-Jun-2019
ယောဂလေ့ကျင့်ခြင်းကို ကျောင်းသားလူငယ်များအနေနှင့် ပိုမိုသိရှိ၍ လေ့ကျင့်လိုက်စားနိုင်ရေးအတွက် ဆောင်ရွက်ပေးစေလိုကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
16-Jun-2019
ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့အထွက်တွင် ဇွန် ၁၆ ရက် နံနက် ၁ နာရီခန့်က အမျိုးသားတစ်ဦး၏ ဆိုင်ကယ်ကို လုယူထွက်ပြေးသည့် အမျိုးသားနှစ်ဦးမှ တစ်ဦးကို ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။