07-Jan-2021
“တိုက်ပွဲဖြစ်တာကတော့ သုံးကြိမ် မြောက်တော့ရှိပြီ၊ RCSS နဲ့ TNLA နှစ်ဖွဲ့အကြား ဖြစ်တာပေါ့။ လောလော ဆယ် ကျောက်မဲမှာ စစ်ဘေးရှောင်က အယောက် ၁၀ဝ၀ နီးပါးတော့ရှိနေပြီ၊ စခန်းကတော့ လေးနေရာဖွင့်ထားပါတယ်။ အခုကတော့ အလှူရှင်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပ အလှူ ရှင်တွေရဲ့အကူအညီနဲ့ လိုအပ်တာတွေ တော့ လုံလုံလောက်လောက် ရှိလာပါပြီ၊ အစတုန်းကတော့ ရာသီဥတုကလည်း အရမ်းအေးတော့ အဝတ်အစားတွေ ဘာတွေ အလှူခံရပါတယ်၊ အနွေးထည်နဲ့ စောင်တွေလိုလို့ အလှူခံလိုက်တာ အဲ့ဒါ တွေ အများကြီး လှူလာကြပြီး စားနပ် ရိက္ခာဘက်မှာ နည်းနည်းလျော့သွားပါတယ်၊