News

28-Jul-2020
မန်ယူနှင့် ချဲလ်ဆီးတို့နှစ်သင်းစလုံး ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သော်လည်း မန်ယူကွင်းလယ်ကစားသမားဟောင်း ရွိုင်ကိန်းက ဆိုးလ်ရှားထက် ချဲလ်ဆီးနည်းပြ လမ်းပတ်ကို ပို၍ချီးကျူးခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။
28-Jul-2020
အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်မားနေသည့် ပြည်နယ်တစ်ခုဖြစ်သော တက္ကဆက်ပြည်နယ် ကမ်းရိုးတန်းသို့ ဟာရီကိန်းဟန်နာ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လေထန်ခြင်း၊ ရေကြီးခြင်းကြောင့် လှေများပျက်စီးခြင်း၊ လမ်းများ ရေနစ်ခြင်း၊ မီးပြတ်ခြင်းများ ဖြစ်နေလျက်ရှိသည်။
28-Jul-2020
ချဲလ်ဆီးတောင်ပံကစားသမား ပတ်ဒရိုသည် အက်ဖ်အေဖလားဗိုလ်လုပွဲနှင့် ချန်ပီယံလိဂ်ပွဲစဉ် ပြီးဆုံးပါကအသင်း မှထွက်ခွာတော့မည်ဟု နည်းပြလမ်းပတ်က အတည်ပြုခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။
28-Jul-2020
အရှေ့တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်မှု ကောင်းမွန်သောကြောင့် ချီးကျူးခြင်းခံရသော ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကူးစက်မှုများ ပြန်တွေ့လာရသဖြင့် သတိပေးတပ်လှန့်မှုများ မြှင့်တင်ထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
28-Jul-2020
အင်တာမီလန်အသင်းသည် မန်ယူမှ အငှားခေါ်ယူထားသည့် ဆန်းချက်ဇ်ကို အပြီးသတ်ခေါ်ယူရန်အတွက် တောင်ပံကစားသမား ပါရီဆစ်ကို အလိုက်ပေး ကမ်းလှမ်းရန် စီစဉ်လာနိုင်ကြောင်း Football Italia ကဖော်ပြခဲ့သည်။
28-Jul-2020
နေပြည်တော်တွင်မဲစနစ်ဖြင့် ရောင်းချခဲ့သည့်မြေကွက်များ သတ်မှတ်ထားသည့်မြေကွက်တန်ဖိုး ပေးသွင်းပြီးသူများကို အိမ်ရာဆောက်လုပ်ရန်ချေးငွေများ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်တွင် စတင်လျှောက်ထားခွင့်ပြုကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
28-Jul-2020
မန္တလေးမြို့တော်ရှိ မဟာအောင်မြေမြို့နယ်၌ ၅ နာရီအတွင်း မီးလောင်မှုနှစ်ကြိမ်ဖြစ်ခဲ့ပြီး ကျပ်သိန်း ၁၀ဝ ကျော်ဖိုး ပျက်စီးဆုံးရှုံးခဲ့သည်ဟု မန္တလေးခရိုင်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
28-Jul-2020
ကရင်ပြည်နယ် မြဝတီမြို့နယ် အမှတ် ၅ ရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ဇူလိုင်လ၂၆ ရက် ညနေ ၅ နာရီခန့်က တရုတ်လူမျိုး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်ရာ ဓားထိုးခံရသူ ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦးက ပြောကြားသည်။
28-Jul-2020
ဧရာဝတီတိုင်းအတွင်းရှိမြို့နယ်များတွင် ရုတ်တရက်မြစ်ရေ မြင့်တက်ကာ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လာပါက ရေဘေးသင့်ပြည်သူ ၄၂,ဝ၀ဝ ဦးအတွက် စားနပ်ရိက္ခာများ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကြောင်း တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
28-Jul-2020
ဧရာဝတီမြစ်ရေသည် နောက်နှစ်ရက်အတွင်း မန္တလေးမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်) မန္တလေးဌာနခွဲက အသိပေးထားသည်။
27-Jul-2020
ဥရောပနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၃၀၀ ကျော်သည် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
27-Jul-2020
ကိုဗစ်ကြောင့်ရပ်နားခဲ့ရသည့် ရုပ်ရှင်၊ဗီဒီယိုနှင့် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးရေးလုပ်ငန်းများကို လိုက်နာရမည့် စည်းကမ်းချက်များနှင့်အတူ ပြန်လည်လုပ်ကိုင်ခွင့်ပြုလိုက်ပြီဖြစ်သည်။
27-Jul-2020
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့သည့် ကုမ္ပဏီများထံမှ နိုင်ငံတော် အရန်ရိက္ခာဆန်အဖြစ် ဝယ်ယူသိုလှောင်ထားသည့် ဆန်များကို လက်လီဆိုင် ၅၀ ကျော်သို့ အိတ်ရေတစ်ထောင်ကျော် ရောင်းချထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
27-Jul-2020
လက်စတာ ကွင်းလယ်လူမက်ဒီဆင်သည် အသင်း၏တစ်ပတ်လုပ်ခ ပေါင် ၉၅,ဝ၀ဝ တန် စာချုပ်သစ်ကို သဘောတူ လက်ခံလိုက်ပြီဖြစ်ကြောင်း The Sun က ဖော်ပြခဲ့သည်။
27-Jul-2020
လီဗာပူးတွင် ကစားသမားဘ၀ ၆ နှစ်ကြာ ဖြတ်သန်းခဲ့သော ကွင်းလယ်လူလယ်လာနာသည် ဘရိုက်တန်သို့ ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့မည်ဖြစ်ကြောင်း Goal.com က ဖော်ပြခဲ့သည်။