News

10-Jan-2021
ချောက်မြို့၏ အဓိကရေထွက်ပေါက်ဖြစ်ပြီး မြို့လယ်မှ ဖြတ်သန်းစီးဆင်းနေသောချောင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် မှစတင်ကာ ကျောက်ရိုးစီချောင်းအဖြစ် သုံးနှစ်ဆက်တိုက် ကျောက်ရိုးစီသည့် လုပ်ငန်းများဆောင်ရွက်မည်ဟု ချောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင် အရာရှိ ဦးနေမန်းက ပြောဆိုသည်။
10-Jan-2021
ကုန်သည်စက်မှုအသင်းချုပ်က COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် အသင်းသူအသင်းသားများ၊ ညီနောင်အသင်းအဖွဲ့များ၊ အမှုဆောင်များနှင့် လုပ်ငန်းရှင်များ ပူးပေါင်းပါဝင်လှူဒါန်းရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။
10-Jan-2021
သစ်တောကြိုးဝိုင်းအတွင်း ကျူးကျော်ဝင်ရောက်နေထိုင်ခြင်း၊ ကျောက်တိုင်စိုက်၊ စည်းရိုးကာရံကာ အဆောက်အအုံဆောက်လုပ်ခြင်းများကို ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ်သစ်တောဦးစီးဌာနမှ အသိပေးကြေညာထားသည်။
10-Jan-2021
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အလုပ်အမှုဆောင်အသစ်များကို မကြာမီရက်ပိုင်းအတွင်း ရပ်ကျေးအဆင့်မှစတင်ကာ ပြန်လည်ရွေးချယ်သွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
10-Jan-2021
အီရန်နိုင်ငံက ဖမ်းဆီးထားသည့် ကိုရီးယားရေနံတင်သင်္ဘောပါ မြန်မာသင်္ဘောသား ၁၁ ဦးကို ပြန်လွှတ်ပေးရန် အီရန်သံအမတ်အားသွားရောက်မေတ္တာရပ်ခံခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
10-Jan-2021
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် အရေးပေါ်အစည်းအဝေးခေါ်ယူရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)မှ ကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားပါတီအချို့မှ လွှတ်တော်ကိုယ်စားလှယ်များစုပေါင်း၍ ယခုရက်ပိုင်းအတွင်း လက်မှတ်ထိုးတင်ပြသွားမည်ဖြစ်ကြောင်း USDP ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။
09-Jan-2021
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုတွင် ကလေးများ၏ အခန်းကဏ္ဍကို လူအများက လျှော့တွက်ထားကြသော်လည်း ကလေးများသည် လက္ခဏာမပြပဲ ကူးစက်ပျံ့နှံ့နိုင်ခြင်းကြောင့် အထူးသတိထားသင့်ကြောင်း သုတေသနပညာရှင်များ၏ တွေ့ရှိချက်ကို ကိုးကား၍ DW သတင်းဌာနက ဖော်ပြသည်။
09-Jan-2021
စစ်ကိုင်းတိုင်း အင်းတော်မြို့ အနောက်တောင်ဘက် အင်းတော်နဲ့ ဗန်းမောက်သွား ကားလမ်းဘေးက အင်းတော်အင်းကြီးကို ကန်ပတ်မြေသားလမ်းဖောက်လုပ်နေတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ တောင်သူတွေအကြား မြေယာအငြင်းပွားမှုဖြစ်နေတာဟာ ဇန်နဝါရီ ၉ ရက်နဲ့ဆို နှစ်ရက်ရှိသွားပြီဖြစ်ပါတယ်။
09-Jan-2021
ပိတ်သိမ်းထားသည်မှာ ၂ နှစ်ကျော် ကြာနေပြီဖြစ်သော ပြင်ဦးလွင်မြို့ရှိ နန်းမြိုင်ဟိုတယ် ပြန်ဖွင့်နိုင်ရေး တင်ဒါခေါ်ယူထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနထံမှ သိရသည်။
09-Jan-2021
တတိယအကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော် ၂၀၂၁-၂၀၂၆ သို့ တက်ရောက်ခွင့်ရရှိသူ တိုင်းဒေသကြီးအဆင့် လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်ဆိုင်ရာ သိသင့်သိထိုက်သည်များ သိရှိစေရန် သင်တန်းပေးလျက်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းရုံးထံမှ သိရသည်။
09-Jan-2021
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ ဇန်နဝါရီ ၂ ရက်ကစ၍ တစ်ပတ်တာကာလအတွင်း တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး သေနတ်နဲ့ပစ်ခတ်လုပ်ကြံသတ်ဖြတ်တာ သုံးကြိမ်ထက်မနည်းရှိခဲ့တယ်လို့ မူဆယ်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
09-Jan-2021
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ကမ္ဘာကျော် ဦးပိန်တံတား၏ အောက်ခြေတွင် ယိုယွင်းပျက်စီးနေခဲ့သော တိုင်ရှစ်လုံး အစားထိုးလဲလှယ်ခြင်း လုပ်ငန်းများဆောင်ရွက်နေကြောင်း တံတားအကျိုးတော်ဆောင်အဖွဲ့ထံမှ သိရသည်။
09-Jan-2021
တအာင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) အနေဖြင့် မည်သည့်အကြောင်းကိစ္စနှင့်မျှ ဆက်သွယ်လာခြင်းမရှိသေးကြောင်း ဖမ်းဆီးခံရသူ SP မုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း၏ ညီဖြစ်သူ ဦးကျော်လင်းက ပြောကြားသည်။
09-Jan-2021
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်နေသည့် ပဲခူးမြစ်ကူးတံတား (သန်လျင်အမှတ် - ၃)တည်ဆောက်မှုမှာ ၅၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနထံမှ သိရသည်။