News

29-Sep-2017 tagged as အမေရိကန်
အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မြို့တွင် စစ်သွေးကြွများကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ရာတွင် ဒုံးကျည်ချို့ယွင်းမှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှု ရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
29-Sep-2017 tagged as ထီလက်မှတ်
အောက်တိုဘာလ ၁ ရက်နေ့တွင် ၇ ကြိမ်မြောက်အဖြစ် ဖွင့်လှစ်မည့် အောင်ဘာလေထီဖွင့်ပွဲအတွက် စက်တင်ဘာလအတွင်း ရောင်းမကုန်သည့် ထီအုပ်ရေသည် ၂၄,၁၈၅ အုပ်ရှိကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်သည်။
29-Sep-2017 tagged as ရန်ကုန်
မြန်မာ့စာတိုက်လုပ်ငန်း ရန်ကုန်စာတိုက်ကြီးက ဘဏ်နှင့် တိုက်ရိုက်ချိတ်ဆက်ရန် မလိုသည့် ငွေပို့ငွေလွှဲ ဝန်ဆောင်မှုများကို စတင်နေပြီဖြစ်ကြောင်း ယင်းစာတိုက်ကြီးမှ တာဝန်ခံအရာရှိ ဦးသောင်းနိုင်စိုးက ပြောကြားသည်။
အွန်လိုင်းပေါ်တွင် ခိုးဝင်ဘင်္ဂါလီများ တုတ်၊ ဓားလက်နက်များဖြင့် စာသင်ကျောင်းသို့ ရောက်ရှိလာသည်ဟု ရေးသားခဲ့သည့် ပြည်မြို့နယ် NLD ပြန်ကြားရေးတာဝန်ခံကို အီလက်ထရောနစ် ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်မြို့နယ်၊ အမှတ် ၃ နယ်မြေရဲစခန်း ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။
29-Sep-2017 tagged as မန္တလေး
မန္တလေးမြို့တော် ချမ်းအေးသာစံမြို့နယ် ရပ်ကွက်ဘုရားပွဲအတွင်း စက်တင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။
29-Sep-2017 tagged as တာချီလိတ်
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါလျံ (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၂၈ ရက် ည ၉ နာရီခွဲခန့်က နေအိမ်တစ်လုံး မီးလောင်ခဲ့ရာ အမျိုးသမီးတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ယင်းပြည်နယ် မီးသတ်ဦးစီးမှူး ရဲသူရိန် သိန်းမြင့်က ပြောကြားသည်။
29-Sep-2017 tagged as
ကျောက်တံတားမြို့နယ် အတွင်းရှိ စတိုးဆိုင်များ၊ စားသောက်ဆိုင်များကို လှည့်လည်ဖောက်ထွင်း ခိုးယူနေသည့် အမျိုးသားလေဦးကို စက်တင်ဘာလ ၂၇ ရက် ညနေ ၅ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
29-Sep-2017 tagged as နာဂ
နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) နှင့် အိန္ဒိယတပ်ဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယနယ်စပ် လဟယ်မြို့အနီးတွင် စက်တင်ဘာ ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း NCSN-K ၏ ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က ပြောဆိုသည်။
29-Sep-2017 tagged as ရခိုင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရီစ်အနေနှင့် လူမျိုးတုန်း သတ်ဖြတ်မှုများ ရှိနေသည်ဟု စွပ်စွဲခံနေရသော ရခိုင်ပြည်နယ်သို့ လာရောက်ကြည့်ရှုရန် ဖိတ်ကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
29-Sep-2017 tagged as မန္တလေး
မန္တလေးမြို့ အနောက်ဘက်ခြမ်းရှိ၊ သင်္ဂဇာချောင်းအတွင်း စက်တင်ဘာလ ၂၇ ရက်နေ့ ည ၁၁ နာရီခန့်အချိန်က ငါးများ ထောင်နှင့်ချီ၍ အစုလိုက်အပြုံလိုက် သေဆုံးမှုကြောင့် အဆိုပါ ချောင်းရေကို နမူနာယူ စစ်ဆေးခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
29-Sep-2017 tagged as အခွန်
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းအရ အကောက်ခွန် နှုန်းထားများကို ပြင်ဆင်သတ်မှတ်ရာတွင် မီးသတ်ကားနှင့် သစ်လုံးများ ပြည်ပမှ တင်သွင်းမည် ဆိုပါက အကောက်ခွန် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
28-Sep-2017 tagged as
ရန်ကုန်တိုင်းဒေသကြီးတွင် အငှားအိမ်ရာ တည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရက ငွေကျပ် ငါးဘီလီယံကို စက်တင်ဘာ နောက်ဆုံးပတ်က ခွင့်ပြုပေးပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီး ဌာနထံမှ သိရသည်။
28-Sep-2017 tagged as ဓားထိုးမှု
တောင်ဥက္ကလာပမြို့နယ်၊ ၁၂ ရပ် ကွက်ရှိ အထက(၅) ကျောင်းဝင်းအပြင်ဘက်တွင် စက်တင်ဘာလ ၂၇ ရက် မွန်း လွဲ ၃ နာရီခွဲ ဝန်းကျင်က ကျောင်းသားချင်း စကားများရန်ဖြစ်ရာမှ ကိုးတန်းကျောင်းသား သုံးဦး ဓားထိုးခံရကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Sep-2017 tagged as
ဆက်သွယ်ရေး အော်ပရေတာများ ဖြစ်ကြသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် တယ်လီနောတို့က အချင်းချင်း ဖုန်းခေါ်ဆိုခကို တစ်မိနစ် ၁၀ ကျပ်သို့ အသီးသီး လျှော့ချလိုက်ကြောင်း အဆိုပါ အော်ပရေတာများထံမှ သိရသည်။
28-Sep-2017 tagged as မကွေး
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးဆောင်၍ နွားအကောင် ၃၀ တင်ဆောင်လာသည့် ယာဉ်တစ်စီးကို စက်တင်ဘာလ ၂၅ ရက်က ဖမ်းဆီးခဲ့ကြောင်း တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။