News

ပြည်တွင်းပြည်ပ ခရီးသွား အများအပြား စိတ်ဝင်တစား လာရောက်ကြည့်ရှုသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ မီးပုံးပျံပြိုင်ပွဲကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် စတင် ကျင်းပမည်ဖြစ်ရာ ယခုနှစ်တွင် ပြိုင်ပွဲဝင် မီးပုံးပျံအလုံးရေသည် ယမန်နှစ်ထက် အနည်းငယ် လျော့နည်းကြောင်း ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။
19-Oct-2017 tagged as သပိတ်ကျင်း
မြန်မာတစ်နိုင်ငံလုံးတွင် မှုခင်းသတင်းထောက် ခြောက်သောင်းကျော်ရှိကြောင်း မြန်မာနိုင်ငံ မှုခင်းသတင်းထောက်များအသင်း (MCRA) ဗဟို အလုပ်အမှုဆောင် ဦးအောင်သန်းထွဋ်က ပြောကြားသည်။
မွန်ပြည်နယ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်တစ်ခုလုံးတွင် ကောက်ခံထားသည့် အခွန်များအနက် ယစ်မျိုးခွန်ရရှိမှုမှာ အများဆုံးဖြစ်ကြောင်း ယစ်မျိုးခွန်ကောက်ခံသည့် ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ ကန်သုံးဆင့် Royal Lake Amusement Park ပန်းဥယျာဉ်တွင် LED မီးလုံးပေါင်း သန်း ၇၀ ကို အသုံးပြု၍ မီးအလှပွဲတော်ကို လာမည့် နိုဝင်ဘာလ ၁ ရက်နေ့မှ ဇန်နဝါရီလ ၁ ရက်နေ့အထိ နှစ်လကြာ ခင်းကျင်းပြသမည်ဖြစ်ကြောင်း ယင်းပွဲတော်ကျင်းပရေး စီစဉ်သူများထံမှ သိရသည်။
19-Oct-2017 tagged as ရန်ကုန်
အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်ရှိ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များရှိ ဌာနအသီးသီးမှ ကထိက ၇၀၀ ကျော်ကို ပြောင်းရွှေ့ ခန့်ထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ယနေ့(အောက်တိုဘာလ ၁၉ ရက်)တွင် ထုတ်ပြန်ကြေညာသည်။
ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက်က မီးလောင်မှု ဖြစ်ပွားခဲ့သော ကန်တော်ကြီး ပဲလေ့စ်ဟိုတယ် ငါးလွှာတွင် မီးလောင်သေဆုံးနေသည့် ရုပ်အလောင်း တစ်လောင်းကို မွန်းလွဲ ၂ နာရီက ထပ်မံ တွေ့ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ တတိယမြောက် အထူးစီးပွားရေးဇုန် ဖြစ်လာမည့် ထားဝယ် အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ လေးနာရီသာ ကြာမြင့်မည့် အမြန်လမ်းမ ဖောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။
19-Oct-2017 tagged as စပိန်
အပေါ်ယံသဘော လွတ်လပ်ရေး ထုတ်ပြန်ထားမှု ရှုတ်ချရန် စပိန်အစိုးရအဖွဲ့၏ တောင်းဆိုချက်ကို ကတ်တလုံးနီးယားက လက်မခံကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
၁၄ ကြိမ်မြောက် ဒီမိုကရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များနေ့ ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပခဲ့ကြောင်း မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုစောဂျက်ပစီက ပြောကြားသည်။
၁၇ နှစ်ကြာ ပိတ်ထားပြီး ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်မည့် သမိုင်းဝင် အင်းစိန် GTI အပါအဝင် အစိုးရ စက်မှုလက်မှုသိပ္ပံနှင့် အစိုးရ နည်းပညာကောလိပ် ၂၅ ကျောင်း၏ AGTI ပထမနှစ် သင်တန်းဝင်ခွင့် လျှောက်လွှာများ ယနေ့ စတင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာနထံမှ သိရှိရသည်။
မီးလောင်မှုကြောင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်မှ ဧည့်သည်များ၏ နစ်နာဆုံးရှုံးမှုများအပေါ် ကျေနပ်သည်အထိ ထူး ကုမ္ပဏီဘက်က တာဝန်ယူ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယနေ့(အောက်တိုဘာလ ၁၉ ရက်က) ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထူး ကုမ္ပဏီဥက္ကဋ္ဌရုံးတာဝန်ခံ ဦးဌေးလွင်က ပြောကြားသည်။
ယနေ့(အောက်တိုဘာလ ၁၉ ရက်) နံနက် အစောပိုင်းက မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို အာမခံ ကုမ္ပဏီ ၇ ခုက စုပေါင်း၍ လျော်ကြေးပေးအပ်မည်ဖြစ်ကြောင်း အောင်သစ္စာဦး အာမခံ ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဒေါ်မာလာညွန့်က ပြောကြားသည်။
စာအုပ်အသစ် အရောင်းဆိုင်များ၊ စာအုပ်အဟောင်းတန်း အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့သည့် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စာအုပ်လမ်း (Yangon Book Street)ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရှေးဟောင်း ဗိသုကာလက်ရာများ ထည့်သွင်းတည်ဆေက်ထားသည့် ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်တွင် ယနေ့ (အောက်တိုဘာ ၁၉ ရက်) နံနက် ၃ နာရီခွဲက စတင်ခဲ့သော မီးလောင်မှုမှာ နံနက် ၇ နာရီကျော်တွင် မီးငြိမ်းခဲ့ကြောင်း အဆိုပါနေရာသို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။
18-Oct-2017 tagged as ပြည်
လမ်းပခုံးထက်မြင့်ပြီး ရေမြောင်းအဖုံးများ အသေပိတ် တည်ဆောက်ထားသည့်ဆိုင်နှင့် အိမ်များကို တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း ပြည်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီ ဒုတိယ ညွှန်ကြားရေးမှူး သူရဦးမြင့်သူက ပြောကြားသည်။