News

28-Aug-2020
မန္တလေးမြို့မှ ဘဝအလင်းဆရာ တော် ဦးသောဘိတ(အလင်္ကာကြယ်) ကို တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆-ဃ ဖြင့် တရားစွဲဆိုထား မှုအား အမရပူရမြို့နယ်တရားရုံးက သြဂုတ်လ ၂၇ ရက်နေ့တွင် စွဲချက်တင်ရန် အမိန့်ချမှတ်ခဲ့သည်။
28-Aug-2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်တား ဆီးရေးနှင့်ကူးစက်ပြန့်ပွားမှုကာကွယ်ရေး အတွက် ချောက်မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့ ဦးဆောင်သော ဌာနဆိုင်ရာ စစ်ဆေးအဖွဲ့သည် မြို့ပေါ်ရှိစားသောက်ဆိုင် များကို ရှောင်တခင်စစ်ဆေးခဲ့ရာ သြဂုတ်လ ၂၇ ရက်နေ့က စည်းကမ်းလိုက်နာမှု အားနည်းသော လက်ဖက်ရည်ဆိုင် လေး ဆိုင်ကို ဒဏ်ငွေရိုက်သည့်နည်းဖြင့် အရေး ယူခဲ့သည်ဟု ချောက်မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ထံမှ သိရသည်။
28-Aug-2020
မြန်မာနိုင်ငံမှ ပို့ကုန်အမည်သစ် များအဖြစ် အဆင့်မီထုပ်ပိုးထားသည့် စား သောက်ဖွယ်ရာများကို တရုတ်နိုင်ငံဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန်အတွက် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့ရှိ မြန်မာ သံရုံးက ကြေညာထားသည်။
28-Aug-2020
ငြိမ်းစုစီပုဒ်မ ၂၀ဖြင့် စွဲဆိုထားသော နှစ် ၇၀ပြည့် ကရင်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူ သုံးဦးအနက် အမှုဟောင်းရှိသူတစ်ဦးကိုသာ သြဂုတ် ၂၇ ရက် ဒုတိယရုံးချိန်းတွင် ကျောက်တံတား မြို့နယ်တရားရုံးက ထောင်ဒဏ် ၁၅ ရက် အမိန့်ချခဲ့ကြောင်း ယင်းအမှုဟောင်းရှိသူ ဒေါ်စိန်ထွေးက ပြောသည်။
27-Aug-2020
နိုင်ငံအတွင်း ဆရာဝန်မထားနိုင်သေးသည့် တိုက်နယ်ဆေးရုံပေါင်း ၂၁၂ ရုံရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းရဲပိုင်ဟိန်းက ပြောကြားသည်။
27-Aug-2020
အဝေးပြေးယာဉ်လိုင်းများ လာမည့် စက်တင်ဘာလ ၆ရက်နေ့တွင် ပြေးဆွဲမှုရပ်နားသွားမည်ဆိုခြင်းမှာ မဟုတ်ဘဲ ယာဉ်လိုင်းများပြေးဆွဲမှုရပ်နားရန် ညွန်ကြားထားခြင်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောကြားသည်။
27-Aug-2020
စီးပွားရေးစီမံကိန်းဇုန်များ ဖော်ဆောင်လုပ်ကိုင်မည်ဆိုပါက ဒေသခံပြည်သူများထောက်ခံပါမှ အစိုးရက ခွင့်ပြုပေးသင့်ကြောင်း လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးလေမေတားက ပြောကြားသည်။
27-Aug-2020
ဘားအံမြို့နယ်အတွင်း သံလွင်မြစ်ရေကြီးမှုဖြစ်စဉ်တွင် ရေဘေးသင့် အိမ်ထောင်စုများကို ကူညီထောက်ပံ့ရန် အသင့်ရှိနေသည်ဟု ကရင်ပြည်နယ် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနထံမှ သိရသည်။
27-Aug-2020
အမေရိကန်ပြည်ထောင်စု ဝစ္စကွန်ဆင် ပြည်နယ်တွင် လူမည်းတစ်ဦးကို ရဲက သေနတ်ဖြင့် မလိုအပ်ဘဲ ပစ်ခတ်မှု ထပ်ဖြစ်ရာ မကျေနပ်ကြသူများက ရဲဆန့်ကျင် ရေးဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်လျက် ရှိရာ လူ ၂ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိသွားခဲ့သည်။
27-Aug-2020
မြောက်ကိုရီးယားအာဏာပိုင်များ အနေနှင့် ကွန်မြူနစ်တိုင်းပြည်ကို ခြိမ်း ခြောက်လာသည့် အန္တရာယ်နှစ်ရပ်ဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါနှင့် တိုင်ဖွန်းမုန်တိုင်းတို့အတွက် အသင့်ပြင်ထားကြရန် ခေါင်းဆောင်ကင်ဂျုံအန်းက သတိပေးပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
27-Aug-2020
ရန်ကုန်တိုင်းဒေသကြီးတွင် ရွေးကောက်ပွဲကာလအတွင်း မဲရုံများ၌ တာဝန်ချထားရန် အထူးရဲတပ်ဖွဲ့ဝင် အင်အား ၅၆၀၀ ဦးကျော် ခန့်အပ်မည်ဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိုင်းမှူးရဲမှူးကြီး ဇော်မင်းဦးထံမှ သိရသည်။
27-Aug-2020
ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁၅ ရပ်ကွက် ပုသိမ် - ရန်ကုန်လမ်းမကြီးရှိ ကြာရိုးတံတားအနီးတွင် ပုသိမ်မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် တစ်စီးနှင့် အိမ်စီးကားတို့တိုက်မိမှု သြဂုတ်လ ၂၅ ရက်နေ့ညနေပိုင်းက ဖြစ်ပွားခဲ့သည်။
27-Aug-2020
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ခရစ်ယာန်ရပ်ကွက်ရှိ နေအိမ်တစ် အိမ်ရှေ့တွင် သြဂုတ်လ၂၅ ရက်နေ့ ညနေ့ ၆ နာရီ ခန့်က အမျိုးသမီးတစ်ဦး သေနတ် နှင့်ပစ်သတ်ခံခဲ့ရသည်ဟု မူဆယ်မြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်းက ပြောကြားသည်။
26-Aug-2020
မန္တလေးတိုင်းအတွင်း ဖွင့်လှစ်ထားသည့် အခြေခံညာအထက်တန်းကျောင်း ၉၀၀ နီးပါး သြဂုတ်လ ၂၇ (ယနေ့) မှစ၍ ပြန်ပိတ်ထားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူချုပ် ဦးမောင်ကြယ်က ပြောကြားသည်။
26-Aug-2020
သစ်တောပြုန်းတီးမှု ကာကွယ်ရေးအဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ဓနီကြာကျေးရွာတွင် မန်ဂျန်ရှားသစ်ပင် ၅,ဝ၀၀ စိုက်ပျိူးမှုအခမ်းအနားကို သြဂုတ်လတတိယပတ်အတွင်းက မြန်မာရွှေဧကရာဇ်ကုမ္ပဏီကဦးဆောင်၍ ရွာသူ၊ ရွာသားများနှင့်အတူ စိုက်ပျိူးခဲ့ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။