News

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ရိုးတန်းပေါ်ရှိ နှစ်ပေါင်း ၁၂၀ ကျော် သက်တမ်းရှိသည့် ရတနာဘုံမြင့် ဘုန်းကြီးကျောင်း ပြုပြင်ထိန်းသိမ်းမည့် အစီအစဉ်ကို လာမည့်ဘဏ္ဍာနှစ်တွင် စတင်မည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။
19-Oct-2017 tagged as
တစ်နိုင်ငံလုံးရှိ ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာ စွမ်းရည်ပြိုင်ပွဲ (2017 Myanmar Collegiate Programming Contest) ဒုတိယအကြိမ်ကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် ပြုလုပ်မည်
ဘယ်မောင်းများသာ တင်သွင်းရမည်ဆိုသည့် မော်တော်ယာဉ် မူဝါဒသစ်ကြောင့် ကားဝယ်ရောင်းအချို့သည် ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် ညာမောင်းကားများကို လိုက်လံ ဝယ်ယူစုဆောင်းနေပြီး ရက်ပိုင်းအတွင်း နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ်သိန်း ၂၀ ကျော် ဈေးတက်ကြောင်း မော်တော်ယာဉ် ဈေးကွက်အတွင်းမှ သိရသည်။
19-Oct-2017 tagged as ရွှေ
နိုင်ငံတော်သို့ ရွှေတူးဖော်ကုမ္ပဏီများမှ ပေးသွင်းရန် ကြွေးကျန် ၁၄၁၂၁ ဒသမ ၃၂ ကျပ်သား ကျန်ရှိနေပြီး ပေးသွင်းရန် ပျက်ကွက်သော ရွှေတူးဖော်ရေး ကုမ္ပဏီများကို တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုနေကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြောသည်။
မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် မှန်ကန်သည့် ကိန်းဂဏန်းများ ရရှိရေးအတွက် ကြက်၊ ဆိတ် အပါအဝင် တိရစ္ဆာန် ၁၂ မျိုးကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက စာရင်း ကောက်ယူမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဒေါက်တာခင်ဇော်က ပြောကြားသည်။
19-Oct-2017 tagged as မန္တလေး
ကချင်ပြည်နယ်၊ ဖားကန့်ဒေသ လုံးခင်းကျေးရွာ၌ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရေမဆေးကျောက် ရှာဖွေသူများအကြား ပဋိပက္ခဖြစ်မှုကြောင့် ရေမဆေးသမား ငါးဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုးက ပြောကြားသည်။
တရားမဝင် ထားရှိသော လက်နက်ခဲယမ်းများ၊ ဆက်သွယ်ရေးစက်နှင့် လိုင်စင်မဲ့ယာဉ်များကို နီးစပ်ရာ တပ်၊ ရဲစခန်းနှင့် ရဲတပ်ဖွဲ့မှူးရုံးများသို့ အမြန်ဆုံး လာအပ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ကြေညာခဲ့သည်။
19-Oct-2017 tagged as ရန်ကုန်
ခရမ်းမြို့နယ် ရေကျော်ကံကောင်း ကျေးရွာတွင် နေအိမ်တစ်အိမ်မှ ငွေကျပ်သိန်း နှစ်ရာကျော် ဖောက်ထွင်း ခိုးယူခဲ့သည့် အမျိုးသားတစ်ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
19-Oct-2017 tagged as တောင်ငူ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ကုန်တင်ယာဉ်ကြီးများကို ဝင်ထွက်ခွင့် ကန့်သတ်ခဲ့သည့်အတွက် ကုန်တင်ကုန်ချ ကားဝင်းတစ်ခု တည်ဆောက်ပေးရန် လယ်ယာမြေနှင့် အခြား မြေယာများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေး ကော်မတီထံ တင်ပြထားကြောင်း တောင်ငူမြို့ခံ၊ ကုန်တင်ယာဉ် လုပ်ငန်းရှင်များထံမှ စုံစမ်း သိရှိရသည်။
19-Oct-2017 tagged as စပိန်
ကက်တလုံးနီးယားပြည်နယ် လွတ်လပ်ရေးကိစ္စကို စွန့်လွှတ်ရန် စပိန်ဗဟို အစိုးရက သတ်မှတ်ချိန်ပေးကာ ရာဇသံ ထုတ်ပြန်ထားပြီး အကယ်၍ စွန့်လွှတ်ခြင်း မရှိပါက ယင်းပြည်နယ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ရပ်ဆိုင်းပစ်မည်ဟု သတိပေးထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
19-Oct-2017 tagged as ရန်ကုန် Water Bus
Yangon Water Bus ပြေးဆွဲခဲ့သည့် နှစ်ပတ်နီးပါး၌ (၁၃ ရက်အတွင်း) ခရီးသည် စီးနင်းမှု များပြားခဲ့သော်လည်း ရုံးတက်၊ ရုံးဆင်း ဝန်ထမ်းများထက် အပျော်စီး ခရီးသည် ပိုမိုများပြားကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီထံမှ သိရသည်။
19-Oct-2017 tagged as မန္တလေး
မန္တလေးမဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၏ နောက်ကျောဘက်မှ ရွှေများကို အမျိုးသားတစ်ဦးက အောက်တိုဘာ ၁၈ ရက်နေ့တွင် ခွာယူခဲ့ကြာင်း မဟာမုနိဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောကြားသည်။
19-Oct-2017 tagged as IS
ဗြိတိန်သည် ရက်ပိုင်းအတွင်း စုပြုံတိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေသည့် အစ္စလာမ္မစ် စစ်သွေးကြွများ၏ ခြိမ်းခြောက်မှု အန္တရာယ်နှင့်ရင်ဆိုင်နေရသည်ဟု MI5 ထောက်လှမ်းရေးဌာန အကြီးအကဲက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
19-Oct-2017 tagged as ပုဂံ
ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အောက်တိုဘာ ၁၈ ရက်နေ့က ရွာသွန်းခဲ့သည့်မိုးကြောင့် မွန်းလွဲ ၁ နာရီခန့်က ရွှေဆံတော်ဘုရား၏ ပထမ ပစ္စယာ အုတ်သားနံရံ အစိတ်အပိုင်းအချို့ ပြိုကျပျက်စီးခဲ့ရကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောကြားသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည့် တောင်တက်တောင်ဆင်း လမ်းကြမ်းမောင်း ဆိုင်ကယ်ပြိုင်ပွဲ (Myanmar Enduro 2017) ကို မန္တလေးမြို့တော်၌ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သည့် Mandalay Free Rider-MFR တာဝန်ရှိသူ ဦးအောင်ဝင်းထွန်းက ပြောကြားသည်။