News

24-Sep-2019
မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံစက်မှုဇုန်ရပ်ကွက်တွင် လေးနှစ်ကလေးငယ်တစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူဟုဆိုသော အမျိုးသားကို စက်တင်ဘာ ၂၃ ရက် ညပိုင်းက မန္တလေးတွင် ဖမ်းမိခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ်ရဲမှူးထံမှ သိရသည်။
24-Sep-2019
လူအများစိတ်ဝင်စားနေသည့် ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ မုဒိမ်းမှုဖြင့် တရားစွဲဆိုခံထားရသူ အောင်ကြီး အချုပ်လွတ်ဖြင့် အမှုရင်ဆိုင်ခွင့်ရရှိစေရန် စက်တင်ဘာ ၂၄ ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးတွင် အောင်ကြီးဘက်မှ ရှေ့နေက အာမခံလျှောက်ထားခဲ့သည်။
24-Sep-2019
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးပြကာ လိမ်လည် အလှူခံနေသူများကို အရေးယူနိုင်ရေး မြို့နယ်အလိုက် ညွှန်ကြားချက်များ ထုတ်ပြန်ကာ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
24-Sep-2019
ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဘက်ရှိ မီးရထားသံလမ်းတွင် လူငယ်နှစ်ဦးထံမှ လက်ကိုင်ဖုန်း လုယူပြေးသည့် အမျိုးသားသုံးဦးကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးစဉ် ဒုတပ်ကြပ်တစ်ဦးမှာ ဓားဖြင့် ထိုးခံရသောကြောင့် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
24-Sep-2019
လိပ်ကျွန်းလူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံရသော ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်ထံ အောက်တိုဘာ ၂၈ ရက်မတိုင်ခင် အသနားခံစာ တင်နိုင်ရေးအတွက် အချက်အလက်များ စုဆောင်းကာ မူကြမ်းရေးထားပြီးဖြစ်ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ထိုင်းနိုင်ငံ ရှေ့နေများကောင်စီနှင့် ထိုင်းနိုင်ငံလူ့အခွင့်အရေးကော်မတီဝင် မစ္စတာ Ratsada Manooratsada က ပြောသည်။
24-Sep-2019
တရုတ်-အာဆီယံ Expo ပွဲကို ၁၆ ကြိမ်မြောက်အဖြစ် တရုတ်နိုင်ငံ နန်နင်းမြို့တွင် ပြုလုပ်လျက်ရှိကာ ပိုးလမ်းမ ကုန်းတစ်လမ်း ရေတစ်လမ်း မဟာဗျူဟာဖြင့် တူညီသော အနာဂတ်ပန်းတိုင်ကို အာဆီယံနဲ့အတူ တရုတ်က ချီတက်မည်ဟု ၄င်းတို့ဘက်က ပြောဆိုထားသည်။
24-Sep-2019
မန္တလေးမြို့ရှိ ဆု ကိုယ်ပိုင် အထက်တန်းကျောင်းတွင် သင်္ချာဘာသာရပ်သင်ကြားသည့် ရာပြည့်ဦးညီညီထွေးအနေနှင့် ဆယ်တန်းကျောင်းသူအား ၇ ရက်အတွင်း တောင်းပန်ရန် သတိပေးစာ ပို့ထားကြောင်း ကျောင်းသူ၏မိသားစုထံမှ သိရသည်။
24-Sep-2019
ချောက်မြို့ ချောက်-ညောင်ဦး ကားလမ်း မိုင်တိုင် ၁၇ အကျော်တွင် စဥ့်ကူချောင်းအတွင်း ဒိုင်နာယာဉ်တစ်စီး စက်တင်ဘာ ၂၄ ရက်၊ နံနက် ၄ နာရီခန့်က ချောင်းရေနှင့်မျောပါခဲ့ကြောင်း စဥ့်ကူနယ်မြေရဲစခန်းထံမှ သိရသည်။
24-Sep-2019
ရနောင်းလူသတ်မှုဖြစ်စဉ်တွင် မှားယွင်း စွပ်စွဲဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ နစ်နာမှုများအတွက် ထိုင်းရဲတပ်ဖွဲ့ကို ပြန်လည်တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကာယကံရှင်များထံမှ သိရသည်။
24-Sep-2019
မူးယစ်ဆေးဝါး ဖမ်းဆီးမှုများတွင် သာမန်သုံးစွဲမှုများထက် မူးယစ်ဆေးဝါးကို အဓိက ဖြန့်ဖြူးနေသည့် လက်ကြီး သမားများကို ပိုမိုဖမ်းဆီးဖော်ထုတ်ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ဆွေးနွေးခဲ့ကြသည်။
23-Sep-2019
ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာလ ၁၉ ရက်နေ့က အတည်ပြုထားသော ပြောင်းလဲသတ်မှတ်ထားသည့် စည်းကြပ်ခွန်နှုန်းထားဖြင့် အခွန်ဆောင်မည့်သူများ စောင့်ဆိုင်းမှုများပြားလျက်ရှိကြောင်း အကျိုးဆောင်ရှေ့နေအချို့ထံမှ သိရသည်။
23-Sep-2019
ယမန်နေ့ စက်တင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ အစီရင်ခံစာတစ်ရပ်တွင် ယခု ၂၀၁၉ တွင် အဆုံးသတ်မည့် ငါးနှစ်တာကာလသည် အပူချိန်အမြင့်မားဆုံးကာလဖြစ်ကြောင်းနှင့် ကမ္ဘာ့နိုင်ငံများသည် ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်များကိုဟန့်တားရန် ကြိုးပမ်းရာ၌ များစွာနောက်ကျကျန်ရစ်နေပြီဖြစ်ကြောင်း ဖော်ပြထားသည်။
23-Sep-2019
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုပြုလုပ်ရာ တမူးမြို့တွင် လုံခြုံရေးအတွက် CCTV များ စတင်တပ်ဆင်နေကြောင်း တမူးမြို့နယ် အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောသည်။
23-Sep-2019
ပဲခူးတိုင်းအတွင်းမှ မသန်စွမ်းသူများအတွက် အစိုးရက တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ကျပ်သိန်း ၄၆၀၀ ကျော်ကို စက်တင်ဘာ ၂၂ ရက် ညနေပိုင်းက ပဲခူးမြို့တော်ခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း ပဲခူးတိုင်းအစိုးရထံမှသိရသည်။
23-Sep-2019
ခိုများမှတဆင့် ရောဂါပိုးမွှားများကူး ဆက်နိုင်သောကြောင့် ခိုစာကျွေးခြင်းကို တားမြစ်သွားမည်ဖြစ်ပြီး မလိုက်နာပါက အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး ဦးမင်းအောင်က စက်တင်ဘာ ၂၃ ရက်တွင် ပြုလုပ်သည့် စည်ပင်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။