News

10-Nov-2016
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ရပ်မှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတွေနဲ့ အမျိုးသားတွေရဲ့ မှတ်ဉာဏ် စွမ်းရည်ကို နှိုင်းယှဉ် လေ့လာခဲ့ရာမှာ အမျိုးသမီးတွေက မှတ်ဉာဏ် ပိုကောင်းကြောင်း တွေ့ရှိခဲ့ရပါတယ်။
10-Nov-2016
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် အနိုင်ရသွားတာကို ဆန့်ကျင် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန် ပြည်ထောင်စု တစ်ဝန်းက မြို့ကြီးတွေမှာ ပေါ်ပေါက်လာခဲ့ပါတယ်။
10-Nov-2016
လူသားတွေအားလုံး နေထိုင် စားသောက်တဲ့ပုံစံ မတူညီတတ်တာကြောင့် သန့်စင်ခန်း ဝင်တဲ့ပုံစံလည်း မတူညီတတ်ကြပါဘူး။
10-Nov-2016
သန်လျင်မြို့နယ် နာရီစင် လမ်းဆုံ ပန်းခြံ အလယ်ပေါက်တွင် နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၃ နာရီက သတ္တမတန်း ကျောင်းသား နှစ်ဦး ရန်ဖြစ်ရာမှ ဦးခေါင်းကို စတီးချိုင့်ဖြင့် ရိုက်နှက် ခံရသော အသက် ၁၄ နှစ်အရွယ် ကျောင်းသား တစ်ဦး သေဆုံးခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
10-Nov-2016
အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ယနေ့ (နိုဝင်ဘာ ၁၀ ရက်) နံနက် ၂ နာရီက မူးယစ်မှုဖြင့် ထောင်ဒဏ် နှစ် ၄၀ ကျခံနေရသော အကျဉ်းသား အမျိုးသား တစ်ဦး ထွက်ပြေး လွတ်မြောက်သွားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
10-Nov-2016
နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ကျရောက်မည့် တန်ဆောင်တိုင် မီးထွန်းပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ နှစ်စဉ် ကျင်းပသော မီးမျှောပွဲနှင့် ဆီမီး တစ်သိန်း ပူဇော်ပွဲကို ယခုနှစ်တွင် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် ကျင်းပမည် မဟုတ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
10-Nov-2016
ဝေလအသင်း တိုက်စစ်မှူး ဂါရတ်ဘေးလ်သည် ဝေလဘောလုံးအဖွဲ့ချုပ်က တစ်နှစ်တာ စွမ်းဆောင်ရည်များအတွက် ပေးအပ် ချီးမြှင့်လိုက်သည့် အကောင်းဆုံး ကစားသမားဆုကို ၎င်း၏ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝ ဖြတ်သန်းမှုအတွင်း ဆဋ္ဌမအကြိမ်မြောက် ဆွတ်ခူး ရယူသွားနိုင်ခဲ့ကြောင်း BBC က ဖော်ပြထားသည်။
10-Nov-2016
အာဆင်နယ် အသင်းသည် အသင်းနောက်ခံ ကစားသမား ဘယ်လာရင်ကို ခြောက်နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ် လက်မှတ် ရေးထိုးကာ အသင်းတွင် ဆက်လက် ထိန်းသိမ်း ထားလိုက်နိုင်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
10-Nov-2016
မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍများ တိုးမြှင့်ရန် အခွင့်အလမ်းကောင်းများ သယ်ဆောင်လာမည်ဖြစ်ပြီး မြန်မာပြည်သူများအတွက် အလုပ်အကိုင် အလားအလာများ ဖန်တီးပေးရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr.Scot Marciel က ပြောကြားသည်။
10-Nov-2016
စစ်ကိုင်းတိုင်းဒေသကြီး ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တို့မှ ဒေသခံတောင်သူ ၃၀၀ ကျော်သည် နိုဝင်ဘာလ ၁၀ ရက် နံနက် ၉ နာရီ ၃၀ အချိန်က ထီးချိုင့်မြို့နယ် မောင်းကုန်းကျေးရွာ အနီးရှိ တကောင်း နီကယ်စီမံကိန်းနှင့် ဂရိတ်ဝေါလ်အုပ်စု သကြားစက်ရုံများ အနီးတွင် မတရား သိမ်းဆည်းခံခဲ့ရသော လယ်မြေများ ပြန်လည်ရရှိရေးက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း ဒေသခံ တောင်သူများက ပြောကြားသည်။
09-Nov-2016
ကလေး ၆ ဦး အုပ်ထိန်းခွင့်အတွက် ဘရတ်ပစ်နဲ့ အိန်ဂျလီနာ ဂျိုလီတို့အကြား သဘော တူညီမှု ရရှိသွားပြီလို့ အိန်ဂျလီနာဂျိုလီရဲ့ ကိုယ်စားလှယ်တွေက ပြောကြားလိုက်ပါတယ်။
09-Nov-2016
အိန္ဒိယ နိုင်ငံထုတ် ရူပီးငွေ ၅ဝဝ တန်နှင့် ၁ဝဝဝ တန် အသုံးပြုမှုကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း အိန္ဒိယ အစိုးရက ကြေညာခဲ့သည့်အတွက် မြန်မာ - အိန္ဒိယ နယ်စပ် ကုန်သွယ်ရာ နန်းဖာလုံဈေးမှာ အရောင်းအဝယ် ရပ်ဆိုင်းခဲ့ကြောင်း နန်းဖာလုံ ဈေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအေးက ပြောကြားသည်။
09-Nov-2016
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆို ခံရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုမျိုးရန်နောင်သိမ်းကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းက လှိုင်မြို့နယ် တရားရုံးတွင် ရုံးထုတ် စစ်ဆေးခဲ့ပြီး ချုပ်ရက် ရမန်ပေးကာ အင်းစိန်အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ယင်း မြို့နယ် တရားရုံးထံမှ သိရှိရသည်။
09-Nov-2016
ကမ္ဘာပေါ်တွင် သစ်တော ပြုန်းတီးမှု အများဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်သည့် မြန်မာနိုင်ငံတွင် လာမည့် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာရေးနှစ်မှစပြီး ပုဂ္ဂလိကကုမ္ပဏီများကို သစ်ထုတ်လုပ်ငန်းများတွင် ပါဝင်ခွင့် ပေးတော့မည် မဟုတ်ဟု မြန်မာ့သစ်လုပ်ငန်းမှ ဒုတိယ အထွေထွေ မန်နေဂျာ ဦးညီညီထွန်းက ပြောကြားသည်။
09-Nov-2016
“ရွှေပြည်သာက လူမိုက်ခေါင်းဆောင် ခေါလေးနဲ့ အခုဖမ်းမိသူ လူမိုက်ခေါင်းဆောင် ကြက်ဖကြီးတို့ အဖွဲ့က ရန်ဘက်တွေ၊ ပွဲဈေးမှာ ခေါလေးရဲ့ ညီဝမ်းကွဲကို သူတို့အဖွဲ့က သတ်ပြီး ထွက်ပြေး တိမ်းရှောင် နေခဲ့တာ ၁၀ လ နီးပါးကြာမှ သူ့ကို ပြန်ဖမ်းမိခဲ့တာ၊ ကြက်ဖကြီး ယခင် ကျူးလွန်ထားတဲ့ လုယက်မှု၊ ဓားခုတ်မှုတွေကို ဖော်ထုတ်အရေးယူဖို့ လတ်တလော စစ်ဆေးနေတယ် ”