18-Nov-2016
လူငယ်မျိုးဆက်သစ် ကစားသမားများ စင်တင်ဖော်ထုတ်ရေး လုပ်ငန်းစဉ်ကို အလေးအနက်ထား ဆောင်ရွက်နေသည့် မန်စီးတီးအသင်းသည် လူငယ်အဆင့် ပြိုင်ပွဲများတွင် မြို့ခံပြိုင်ဘက် မန်ယူအသင်းကို ဂိုးပြတ်ရလဒ်များဖြင့် ဆက်တိုက်အနိုင်ရရှိခဲ့ကာ မန်စီးတီး လူငယ်အသင်းများတွင် အသင်းကြီးအဆင့်သို့ တက်လှမ်းလာနိုင်မည့် ပါရမီရှင်ပေါင်း များစွာ ရှိနေပြီ ဖြစ်ကြောင်း နည်းပြ ဂွါဒီယိုလာကလည်း ဖွင့်ဟပြောကြားထားသည်ဟု The Mirror က ဖော်ပြထားသည်။