27-Dec-2020
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့၌ ခရီးသွားရာဇဝင် ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ ထိမ်ချန်ထားခဲ့သည့် အမျိုးသမီးတစ်ဦးကို လားရှိုးမြို့နယ် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီက ဒီဇင်ဘာ ၂၇ ရက်နေ့တွင် သဘာဝဘေးစီမံမှုဥပဒေဖြင့် အမှုဖွင့်လိုက်သည်။