News

28-Nov-2016
မန်ယူအသင်းသည် ဝက်စ်ဟမ်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် အပြီးတွင် ၂၇ နှစ်တာကာလ ဖြတ်သန်းမှုအတွင်း အဆိုးရွားဆုံးသော ရာသီအစကို ကြုံဆုံရင်ဆိုင်လိုက်ရပြီ ဖြစ်ကာ အဆိုပါပွဲစဉ်တွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို ဒေါသတကြီး တုံ့ပြန်ခဲ့သည့် မန်ယူနည်းပြ မော်ရင်ညိုမှာလည်း ပွဲကြီးကြပ်ခွင့် ပိတ်ပင်ပြစ်ဒဏ် ချမှတ်ခံရမည့် အခြေအနေကို ရင်ဆိုင်ကြုံဆုံနေရပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
28-Nov-2016
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
28-Nov-2016
၂၀၁၇ ခုနှစ် ဧပြီလတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်လျက်ရှိသည့် အမ်းမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ်နေရာတွင် ANP ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပါတီဗဟိုကော်မတီနှင့် ဒေသခံများက ရွေးချယ်ခဲ့ကြကြောင်း ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးက ပြောသည်။
28-Nov-2016
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ်ရှိ ကြိုက်တာယူ ၅၀၀၀ ဆိုင်များတွင် တရားမဝင် နိုင်ငံခြားသားများ လုပ်ကိုင်မှု ရှိ၊ မရှိ ယနေ့ (နိုဝင်ဘာ ၂၈ ရက်) နံနက် ၁၀ နာရီမှ စတင်ကာ စစ်ဆေးခဲ့ကြောင်း ပန်းဘဲတန်းမြို့နယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။
28-Nov-2016
ပြီးခဲ့သည့်လ အောက်တိုဘာ ၉ ရက် အကြမ်းဖက်တိုက်ခိုက်မှုနှင့် နောက်ဆက်တွဲ တိုက်ခိုက်မှုများတွင် ပါဝင်သည်ဟု မသင်္ကာသူ ၁၁ ဦး ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်သည်။
28-Nov-2016
မြောက်ဥက္ကလာပမြို့နယ်၌ ယနေ့ (နိုဝင်ဘာ ၂၈ ရက်) နံနက် ၁၀ နာရီခွဲက အုတ်ရေကန် ပြိုကျရာမှ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Nov-2016
အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (အက်ဖ်အေ) သည် အင်္ဂလိပ် ဘောလုံးလောကအတွင်း သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကို တရားဝင် စုံစမ်းစစ်ဆေးမှုများ စတင်လိုက်ပြီ ဖြစ်ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရာတွင် ၎င်းတို့နှင့်အတူ ရဲဌာန လေးခုက ပူးပေါင်း ဆောင်ရွက်ပေးသွားလိမ့်မည် ဖြစ်ကြောင်း အက်ဖ်အေက ထုတ်ပြန်ကြေညာထားသည်ဟု BBC က ဖော်ပြထားသည်။
28-Nov-2016
ဘာစီလိုနာအသင်း တာဝန်ရှိသူများသည် အသင်းတိုက်စစ်မှူး မက်ဆီကို စာချုပ်သစ် ချုပ်ဆိုရန်အတွက် ဆွေးနွေးညှိနှိုင်းသွားတော့မည် ဖြစ်ကာ အဆိုပါ ဆွေးနွေးမှုကို လာမည့် စနေနေ့တွင် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ရမည့် အယ်လ်ကလပ်စီကို ဒါဘီပွဲစဉ်အပြီးတွင် စတင်သွားမည်ဟု ဘာစီလိုနာအသင်းက အသိပေးထားကြောင်း Marca က ဖော်ပြထားသည်။
28-Nov-2016
တောင်ကိုရီးယားကလပ် ဂျီအွန်ဘတ်ခ်ဟွန်ဒိုင်းသည် အာရှချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ယူအေအီးကလပ် အယ်လ်အိန်းကို နှစ်ကျော့ပေါင်းရလဒ် သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ယူကာ ချန်ပီယံ ဖြစ်သွားခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။
27-Nov-2016
ရွှေပြည်သာမြို့နယ်၊ (၈) ရပ်ကွက်ရှိ မိုတယ်တစ်ခုတွင် အချင်းများရာမှ အမှုဖွင့် တိုင်ကြားခံရသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဉာဏ်လင်းကို ဥပဒေ အကြံပြုချက် ရရှိခဲ့ပါက တရားစွဲဆိုမည် ဖြစ်ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဝင်းမြင့်က ပြောကြားသည်။
27-Nov-2016
ရခိုင်ပြည်နယ်မှ ပြည်တွင်းသို့ ဝင်ထွက်ရာ လမ်းကြောင်းမှ စစ်ဆေးရေးအဖွဲ့များရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.ဝ.က) အမှုထမ်း ၇၀ ကျော်ကို ယခုရက်ပိုင်းအတွင်း နေရာရွှေ့ပြောင်း တာဝန်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။
27-Nov-2016
ချမ်းအေးသာစံမြို့နယ်၌ အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦးအား နေ့ခင်းကြောင်တောင် မဖွယ်မရာ ပြုကျင့်သူကို နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Nov-2016
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မန္တလေးမြို့မှ တစ်ဆင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးစခန်းထိ ကုန်စည်ပို့ဆောင်မည့် ကုန်တင်ကားကြီးများ ငှားရမ်းခမှာ ယခင်ထက် နှစ်ဆခန့် ဈေးတက်သွားသည့်အပြင် ငှားရန်လည်း ခက်ခဲသွားကြောင်း မန္တလေးမြို့ခံ ကုန်စည်ပို့ဆောင် ရောင်းချနေသူများထံမှ သိရသည်။
27-Nov-2016
မြန်မာနိုင်ငံတွင်းမှ သတ်ဖြတ်ထားသော တောဆင်ရိုင်းများ၏ အရေခွံကို ရွှေလီတောရိုင်းတိရစ္ဆာန် ပစ္စည်းများ ရောင်းဝယ်ရေး ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်သုံးသိန်းဖြင့် ဝယ်ယူကြောင်း ဆင်အရေခွံ ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
27-Nov-2016
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ စင်ကာပူနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် စတင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။