News

01-Dec-2016
ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဆရာ၊ ဆရာမများ ရာထူးတိုးနှင့် အပြောင်းအရွှေ့ဆိုင်ရာ လုပ်ငန်းစဉ်များတွင် မညီမျှမှုများ ရှိနေခြင်းကို နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ သိစေရန် တင်ပြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာသက်နိုင်ဦးက ပြောကြားသည်။
01-Dec-2016
တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ ရသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း မိုင်းထောင် ဖျက်ဆီးခံလိုက်ရသည်။
01-Dec-2016
အီရန်နှင့် ရရှိထားသော နျူကလီးယား သဘောတူညီချက်ကို ဖျက်သိမ်းပါက အန္တရာယ်ကြီးပြီး မိုက်မဲရာ ကျလိမ့်မည်ဟု သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရမ့်ကို စီအိုင်အေ ညွှန်ကြားရေးမှူးက သတိပေး ပြောဆိုလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
30-Nov-2016
ကိုဖီအာနန်ဦးဆောင်သော ရခိုင် ပြည်နယ် အကြံပေးကော်မရှင်၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်အရပ်ဘက်အဖွဲ့များက ယင်းကော်မရှင်နှင့် တွေ့ဆုံရန် မရှိကြောင်း ရခိုင်လူမှုအဖွဲ့အစည်းများ၏ ကိုယ်စားပြု ကော်မတီများထံမှ သိရသည်
30-Nov-2016
"သုံးထပ်ခွဲအောက် အထပ်နိမ့် အဆောက်အအုံတွေကို ဇွန်လက တည်ဆောက်ခွင့် လျှောက်ထားတာ ရပ်ဆိုင်းထားပြီး ဇူလိုင်လ ၁ ရက်မှ ခွင့်ပြုခဲ့တယ်။အခုကတော့ အားလုံးကို ပြန်လည်တည် ဆောက်ခွင့်ပေးပါပြီ"
30-Nov-2016
မြန်မာနိုင်ငံအနေနှင့် နောင်လာမည့် နှစ် ၂၀ ကာလတွင် လက်ရှိ စင်ကာပူ ရရှိထားသည့်နေရာကို ရယူရန်၊ တစ်နည်းအားဖြင့် စင်ကာပူကို အမီလိုက်နိုင်ရန် မျှော်လင့်ထားသည်ဟု စင်ကာပူမြို့-နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော မြန်မာ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အသိပေး ပြောကြားလိုက်သည်
30-Nov-2016
"ယူခဲ့တယ်ဆိုရင် သူ့ကို ထားလို့မရတော့ဘူး" "သူ့ကို ထားလို့ မရတော့ဘူး။ မရပေမယ့် နေဘုန်းလတ်နဲ့ စန္ဒာမင်း မဖြစ်မှာတော့ သေချာတယ်" "ဖြုတ်မယ်ဆိုရင် သမ္မတလက်မှတ်နဲ့မှ ဖြစ်မှာကိုး။ ခန့်တာက သူပဲခန့်တာ"
30-Nov-2016
KIA/TNLA/MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီးရှိ အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဝန်ထမ်းသုံးဦးအနက်တစ်ဦးအား သေဆုံးလျက်တွေ့ရှိရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်
30-Nov-2016
"ပေါ်ဆန်းမွှေးဆန်ဝယ်ယူခဲ့တာနဲ့ပတ်သက်ပြီး အရင်လိုဆန်အရည်အသွေးမဟုတ်လို့ အမျိုးသားတစ်ဦးက လာရောက်တိုင်ကြားတယ်။ကျွန်တော်တို့အဖွဲ့အနေနဲ့ သူဝယ်ယူခဲ့တဲ့ဆိုင်ကို သွားရောက်ပြီး အရင်လိုဆန်အရည်အသွေးပြည့်မီတာလဲလှယ်ပေးဖို့ သွားရောက် ညှိနှိုင်းပေးမယ်။မရရင်တော့ ဥပဒေလမ်းကြောင်းအတိုင်းဆက်လက်ဆောင်ရွက်ပါ့မယ်"
30-Nov-2016
ဗြိတိန်ရဲ့သက်တမ်းရင့် နာမည်ကျော် တက္ကသိုလ်တစ်ခုဖြစ်တဲ့ University of Huddersfieldက ပေးအပ်တဲ့ ၂၀၁၆ ခုနှစ်အတွက် Myanmar Scholarship Award ကို မြန်မာထူးချွန်ကျောင်းသားတစ်ဦးကရရှိသွားခဲ့ပြီဖြစ်ပါတယ်
30-Nov-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့နယ် နားခမ်းကျေးရွာရှိ တက္ကသိုလ်ကျောင်းသားများငှားရမ်းနေထိုင်သည့်ဘော်ဒါဆောင်တစ်ခု၌ နိုဝင်ဘာ ၂၉ရက် ညနေ ၅နာရီခန့်က အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းထံမှ သိရသည်
30-Nov-2016
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်- လားရှိုးပြည်ထောင်စုလမ်းအပိုင်းရှိ ကွန်ကရစ်တံတား နှစ်စင်းမှာ ယနေ့(နိုဝင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက မိုင်းထောင်ဖျက်ဆီးခြင်းခံရသဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သွားသွားလာ၍ မရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
30-Nov-2016
မော်ရင်ညိုသည် ၎င်း၏ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဟန်ဆောင်ဒိုင်ဗင်ထိုးသည်ဟုဆိုကာ ကွင်းလယ်ဒိုင်လူကြီး ဂျွန်မော့စ်က အဝါကတ်ပြသလိုက်သည့်အတွက် ယင်းသို့ ဒေါသပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မော်ရင်ညိုမှာ သီတင်းခြောက်ပတ်အတွင်း အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီ၏တတိယအကြိမ်မြောက် အရေးယူခြင်းကို ခံယူရတော့မည်လည်းဖြစ်သည်
30-Nov-2016
ခရစ္စတယ်လ်ပဲလေ့စ် တိုက်စစ်တောင်ပံကစားသမား ဇာဟာသည် အိုင်ဗရီကို့စ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုကစားပေးရန် ဆုံးဖြတ်လိုက်သည့်အတွက် လာမည့်ဇန်နဝါရီလတွင် ဇာဟာမပါဝင်ဘဲနှင့် သီတင်းငါးပတ်ခန့် ဖြတ်သန်းရမည့်အခြေအနေကို ခရစ္စတယ်လ်ပဲလေ့စ်က ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း DPA က ဖော်ပြထားသည်
30-Nov-2016
ဂျူဗင်တပ်အသင်းနောက်ခံကစားသမားများဖြစ်ကြသော ဘိုနုချီနှင့် အဲလ်ဗက်စ်တို့သည် ဂျီနိုအာက ဂျူဗင်တပ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော အီတလီစီးရီးအေပွဲစဉ်တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သည့်အတွက် ကာလရှည်ကြာ အနားယူရဖွယ်ရှိနေပြီဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်