News

03-Dec-2016
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့တွင် လုံခြုံရေးများ တင်းကျပ်စွာ ဆောင်ရွက်လျက်ရှိ
03-Dec-2016
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် ပုသိမ်စက်မှုဇုန်ရှိ He Shan (Myanmar) Garment Co., Ltd. မှ အထည်ချုပ်လုပ်သား ၈ဝဝ ကျော်က အလုပ်ချိန်နှင့် လုပ်အား ခေါင်းပုံဖြတ်ခံရမှု အပါအဝင် နစ်နာမှုများနှင့် ပတ်သက်၍ ဒီဇင်ဘာလ ၂ ရက်နေ့ ညနေပိုင်းက အလုပ်ရှင်နှင့် စက်ရုံ အုပ်ချုပ်ရေးအဖွဲ့ကို ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဆန္ဒပြ လုပ်သားများထံမှ သိရသည်။
03-Dec-2016
သုဝဏ္ဏ အားကစားကွင်းတွင် ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ့ ၆ နာရီတွင် ယှဉ်ပြိုင်မည့် မြန်မာနှင့် ထိုင်း ဘောလုံးပွဲတွင် လာရောက်ကြည့်ရှုသော ပရိသတ် များပြားနေခြင်းကြောင့် ရဲတပ်ဖွဲ့ အပါအဝင် သက်ဆိုင်ရာ လုံခြုံရေးအင်အား ၃ဝဝဝ ခန့် ထားရှိရန် စီစဉ်ထား
03-Dec-2016
ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ရှမ်းကုန်းလမ်းရှိ M.S Group Money Changer (ငွေလဲကောင်တာ) တွင် ယနေ့ (ဒီဇင်ဘာ ၃ ရက်) မွန်းလွဲ ၁ နာရီခွဲက မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက မိုးပေါ်သေနတ်ပစ်ဖောက်ပြီး ငွေများ လုယက်ခဲ့ကြောင်း ယင်းဆိုင်ထံမှ သိရသည်။
03-Dec-2016
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အဝင် ကျိုင်းတုံ-မိုင်းယန်း နောင်ဖာ ရဲကင်းရှေ့တွင် ဒီဇင်ဘာ ၂ ရက် နံနက် ၁၁ နာရီခန့်က မူးယစ်ဆေးဝါးများ ရှာဖွေစဉ် အမျိုးသား လေးဦး စီးနင်းလာသည့် မော်တော်ယာဉ် တစ်စီး အတွင်းမှ ထိုင်းနိုင်ငံသုံး ဘတ်ငွေသိန်း ၂၀ ခန့်ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စု(၂၈)မှ ရဲအုပ် တေဇာစိုးညိုက ပြောသည်။
03-Dec-2016
မြန်မာနိုင်ငံ၏ အကြီးဆုံးလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ခဲ့သော ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်ဘေးသင့် ဒုက္ခသည်များ နေရပ်ပြန်နေထိုင်နိုင်ရန် အိမ်များ ဆောက်လုပ်လျှက်ရှိကြောင်း KNU ထံမှ သိရသည်
03-Dec-2016
ဂျာမန်သတင်းစာ Der Spiegel နှင့် စပိန်သတင်းစာ El Mundo တို့သည် ဥရောပ ဘောလုံးလောကအတွင်းရှိ အခွန် တိမ်းရှောင်ခဲ့သူ ကစားသမားများနှင့် နည်းပြများ အနက်တွင် နည်းပြ မော်ရင်ညို၊ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒို၊ မိုနာကို တိုက်စစ်မှူး ဖယ်လ်ကာအိုနှင့် အာဆင်နယ် ကွင်းလယ်လူ အိုဇေးလ်တို့လည်း ပါဝင်နေသည်ဟု ရေးသား ဖော်ပြထားသည်။
03-Dec-2016
ကချင်ပြည်နယ်၊ဖားကန့်သို့သွားရာ မိုးကောင်း-ဖားကန့်လမ်းတွင် ဒီဇင်ဘာ၁ရက် ယနေ့နံနက်အစောပိုင်းမှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ခရီးသည်နှင့် ကုန်တင်ယာဉ်တစ်ရာကျော်မှာ ကာမိုင်းမြို့နှင့်အနီးတွင် ပိတ်မိနေကြောင်း ကိုယ်တိုင်ပိတ်မိနေသည့် ခရီးသည်တစ်ဦးထံမှ သိရသည်
03-Dec-2016
မာစီးဒီးစ်အသင်း ကိုယ်စားပြု ဂျာမနီ ပြိုင်ကားမောင်းသမား နီကိုရော့စ်ဘတ်ဂျ်သည် ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့အပြီး ငါးရက်အကြာတွင် ကစားသမားဘဝက အနားယူပြီဖြစ်ကြောင်း အံ့သြသင့်ဖွယ် ထုတ်ပြန်ကြေညာ သွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
03-Dec-2016
ဆက်သွယ်ရေးပုဒ်မ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် ဦးမျိုးရန်နောင်သိမ်း၏ အာမခံရရှိရန် တောင်းဆိုသည့် လျှောက်လဲချက်ကို ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်တရားရုံး၌ ဒီဇင်ဘာလ၇ရက်နေ့တွင် ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ်တရားရုံးမှ သိရသည်
03-Dec-2016
အိမ်အကူ ကလေးနှစ်ယောက်ကို ညှဉ်းပမ်းနှိပ်စက်ခံရမှုနှင့် ပတ်သက်ပြီး မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်လေးဦး နှုတ်ထွက်ထားသည့်နေရာတွင် နှစ်လနီးပါးကြာလာသည်အထိ အစားထိုး ပြန်လည်ခန့်အပ်ခြင်းမရှိသေးကြောင်း ယင်းကော်မရှင်၏ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ပြောကြားသည်
02-Dec-2016
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ဘင်္ဂါလီ အရေးကိစ္စနှင့် ပတ်သက်၍ ဆန္ဒပြရာတွင် မလေးရှားနိုင်ငံ၏ အကြီးအကဲတစ်ဦး ပါဝင်မည်ဟု ပြောဆိုထားရာ မလေးရှားအစိုးရ အနေနှင့် မြန်မာနိုင်ငံ ပြည်တွင်းအရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်မည်ကို သတိပြုရန် လိုအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
02-Dec-2016
လူမှုကွန်ရက်တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်သည့် ညစ်ညမ်းဝက်ဘ်ဆိုက်များကို အစိုးရအဖွဲ့ သို့မဟုတ် ဝန်ကြီးဌာန တစ်ခုက အကြောင်းပြချက် ခိုင်ခိုင်မာမာဖြင့် တောင်းဆိုလာမှသာ ပိတ်သိမ်းပေးနိုင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။
02-Dec-2016
ရန်ကုန်မန္တလေးအမြန်လမ်းတွင်ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအထိ၁၁လအတွင်း ယာဉ်တိမ်းမှောက်မှုများကြောင့် လူပေါင်း၁၅၀ခန့် သေဆုံးကာ၁၁၉၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး(နေပြည်တော်) မှ သိရှိရသည်
02-Dec-2016
မော်တော်ကား အရောင်းစင်တာများမှ Consignment (အပ်ကုန်စနစ်) ဖြင့် ရောင်းချရန် တင်သွင်းထားသော မော်တော်ကားများ စလစ်ကပ် မှတ်ပုံတင်ခွင့်ကို နောက်ဆုံးအကြိမ်အဖြစ် ခြောက်လသက်တမ်း တိုးပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ကုန်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက The Voice သို့ ပြောကြားသည်