News

22-Feb-2017
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် နောင်ရာနယ်မြေ ၃ ဂျပန်လမ်းတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ည ၉ နာရီခန့်က အမည်မသိ အမျိုးသားတစ်ဦး အသတ်ခံရခဲ့ကြောင်း မြစ်ကြီးနား မြို့မရဲစခန်းထံမှ သိရသည်။
22-Feb-2017
ခွေးမျိုးပွားမှု ထိန်းချုပ်ရေးအတွက် ခွေးကောင်ရေ တစ်ရာ့နှစ်ဆယ်ခန့် ထားရှိနိုင်မည့် နိုင်ငံတကာအဆင့်မီ တိရစ္ဆာန်ဆေးရုံတစ်ခုကို မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ယခုနှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေကြောင်း တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနထံမှ သိရသည်။
22-Feb-2017
ရန်ကုန်မြို့တွင် နွေကာလ အယ်နီညို ရာသီဥတုကြောင့် ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ဖေဖော်ဝါရီလ ၁၉ ရက်မှစ၍ ကြိုတင် စုဆောင်းထားသည့် ရေဂါလန် ငါးသန်းကို တစ်ပြိုင်နက်တည်း အပိုဆောင်း ဖြန့်ဖြူးလိုက်ပြီဖြစ်ကြောင်း ဂျိုးဖြူရေ လှောင်ကန်အင်ဂျင်နီယာဌာနထံမှ သိရသည်။
22-Feb-2017
မျှင်ငါးပိ ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် အသုံးပြုသည့် မျှင်အကောင်လေးများကို ထိုင်းနိုင်ငံက လာရောက် ဝယ်ယူလျက် ရှိသောကြောင့် ပြည်တွင်း၌ ကုန်ကြမ်း ရှားပါးကာ ဈေးမြင့်တက်သွားကြောင်း မြန်မာနိုင်ငံ ငါးပိ ငါးခြောက် ငံပြာရည် ထုတ်လုပ် ရောင်းဝယ်သူများ အသင်းထံမှ သိရသည်။
21-Feb-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်ရှိ ခြေလျင်ဖြင့်သာ သွားလာနေရသည့် ကျေးရွာနှစ်ရွာတွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဆိုင်ကယ်လမ်း ဖောက်လုပ်ရန် စတင် အလှူခံနေကြောင်း မင်းကင်းမြို့နယ် မွေးရပ် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဦးကျော်မင်းအောင်က ပြောကြားသည်။
21-Feb-2017
အစိုးရသစ်သက်တမ်း တစ်နှစ်အတွင်း ဆောင်ရွက်ချက်များကို နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ပြည်သူများထံ မတ်လ ၁ ရက်မှစတင်၍ ချပြအသိပေးသွားမည်ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
21-Feb-2017
ဧပြီ ၁ ရက်တွင်ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲ၌ လူနည်းစု တိုင်းရင်းသားဒေသများ၊ မသန်စွမ်းသူများအတွက် အထူး ပြုလုပ်ထားသော မဲရုံများ၊ ပြိုင်ဆိုင်မှုများသည့် မဲရုံများစသည့် ထူးခြားနေရာ ရှစ်ခုတွင် အရပ်ဘက်အဖွဲ့အစည်းသုံးဖွဲ့ စုပေါင်း၍ စောင့်ကြည့် လေ့လာသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
21-Feb-2017
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်ရှိ ကြေးနီတောင် စီမံကိန်းကြောင့် လယ်မြေဆုံးရှုံးမှုအပေါ် သီးနှံလျော်ကြေး မရသဖြင့် ကြေးနီစီမံကိန်းမှ ကြေးနီပြားတင်ယာဉ်များကို တားဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
21-Feb-2017
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးရခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ညီလာခံကို “ဝ”ဒေသ ပန်ဆန်း၌ ဖေဖော်ဝါရီ ၂၂ ရက် (ယနေ့) တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။
21-Feb-2017
မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်း၊ ရွှေကမ္ဘာအိမ်ရာရှိ တိုက်ခန်းတစ်ခုတွင် အိမ်ရှင်အမျိုးသမီး၏ ညှဉ်းပန်းနှိပ်စက်မှု ကြောင့် အပေါ်သွားလေးချောင်းနှင့် အောက်သွား နှစ်ချောင်း ကျိုးခဲ့ရသည်ဟု ဆိုသော အသက် ၁၂ နှစ်အရွယ် အိမ် အကူ မိန်းကလေးကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က မရမ်းကုန်းမြို့နယ် တရားရုံး တွင် စတင် စစ်ဆေးခဲ့သည်။
21-Feb-2017
ရဟန်းစာဆိုတစ်ဦးဖြစ်သည့် အမျိုးသားစာပေဆုရှင် စာရေးဆရာ ကိုပညာ (အမရပူရ) ဂုဏ်ပြုအထိမ်းအမှတ်အဖြစ် တောင်လေးလုံး စာကြည့်တိုက်နှင့် ပြတိုက် တည်ဆောက်ရန် စီစဉ်နေကြောင်း ဂန္ထဝင်တောင်လေးလုံး မြတ်နိုးသူများအဖွဲ့(၂၀၁၇) ထံမှ သိရသည်။
21-Feb-2017
မန္တလေးမြို့တော်ရှိ ရတနာပုံ တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှနေ၍ ထုတ်ပယ်ခံရသော ကျောင်းသားများ စုစည်းကာ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရတကသ) ကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စင်ပြိုင်ဖွဲ့စည်းခဲ့ကြသည်။
21-Feb-2017
ပြည်အကျဉ်းထောင် ဆေးရုံတွင် အကျဉ်းသားများ၏ ကျန်းမာရေးကို ကုသပေးနိုင်ရေးအတွက် ထောင်ဆရာဝန်တစ်ဦး လိုအပ်နေကြောင်း ပြည်ခရိုင် အကျဉ်းဦးစီးဌာနမှ တာဝန်ခံအရာရှိ ဦးမြင့်လွင်က ပြောကြားသည်။
21-Feb-2017
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စမှ ယခုနှစ် ဖေဖော်ဝါရီလအတွင်းအထိ ကုန်သွယ်မှု လိုငွေပမာဏသည် အမေရိကန် ဒေါ်လာ သန်း ၄၂၀ဝ နီးပါးသို့ ရောက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။