News

21-Jan-2017
ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်အတွင်း ရှမ်းပြည်တပ်မတော် SSPP/SSA တပ်ဖွဲ့နှင့် တပ်မတော်ကြား ဖြစ်ပွားသော တိုက်ပွဲများကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို ထိခိုက်လာနိုင်သည်ဟု SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
21-Jan-2017
မန်ယူအသင်းသည် ၁၉၄၈ ခုနှစ် အက်ဖ်အေဖလား ချန်ပီယံဆုကို မန်ယူ ဆွတ်ခူးရရှိခဲ့ရာတွင် ယင်းအသင်း၌ မြန်မာနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သူ ကစားသမားတစ်ဦး ပါဝင်ခဲ့ကြောင်း ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာက တစ်ဆင့် အတည်ပြု ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
21-Jan-2017
ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံဘုရားများ ပြုပြင်ထိန်းသိမ်းရာတွင် မြန်မာနိုင်ငံအနှံ့မှ အင်ဂျင်နီယာများက နည်းပညာပိုင်းဆိုင်ရာများကို အခမဲ့ ကူညီပေးမည် ဖြစ်ကြောင်း နည်းပညာပိုင်းဆိုင်ရာ ကူညီပေးရေး (Technical Support Team- Bagan) အဖွဲ့ထံမှ သိရသည်။
21-Jan-2017
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဟိုတယ်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သဘောထားဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် တင်ဆက်ခဲ့သော စစ်ပွဲအလိုမရှိ ပြဇာတ်၌ တပ်မတော်နှင့် တပ်မတော် မိသားစုဝင်များ၏ ဂုဏ်သိက္ခာကို ကျဆင်းစေသော အသုံးအနှုန်းများကို လှောင်ပြောင်ကာ သရုပ်ဖော်ခဲ့သည်ဟု ဆိုကာ အနောက်တောင်တိုင်း စစ်ဌာနချုပ်ရုံးမှ ပုသိမ်မြို့နယ် တရားရုံးထံ ဇန်နဝါရီ ၁၇ ရက်နေ့က တိုင်ကြားစာ ပေးပို့ခဲ့ကြောင်း မြို့နယ်တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
21-Jan-2017
တရုတ်အစိုးရက မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံ၍ တိုက်ပွဲများကို လျှော့ချသွားရန် ပြောကြားခဲ့ကြောင်း ယင်းလက်နက်ကိုင်များထံမှ သိရသည်။
21-Jan-2017
ကချင်ပြည်နယ်၊ တနိုင်းဒေသသို့ တပ်မတော်မှ ပိတ်ပင် တားမြစ်နေသည့် ဆန်နှင့်ဆီများ အကန့်အသတ်ဖြင့် တင်ဆောင်ခွင့်ပြုကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောကြားသည်။
21-Jan-2017
အမေရိကန်ပြည်ထောင်စု၏ ၄၅ ဦးမြောက် သမ္မတအဖြစ် စတင် ကျမ်းသစ္စာ ကျိန်ဆိုပြီး အုပ်ချုပ်ရေးအာဏာ ရယူသည့်နေ့တွင် ဒေါ်နယ်ထရမ့်က အမေရိကကို ပထမ ဦးစားပေးဖြစ်ရမည်ဟုဆိုကာ အမျိုးသားရေး စိတ်ဓာတ်တက်ကြွစေမည့် မိန့်ခွန်းကို ပြောဆိုလိုက်သည်။
21-Jan-2017
ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ Kyaing Tong.Mountain Bike အဖွဲ့မှ စက်ဘီးစီးအဖွဲ့ဝင်များသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် လေထု ညစ်ညမ်းမှု စုပေါင်း လျှော့ချရေး လှုပ်ရှားမှုအဖြစ် ချင်းပြည်နယ်၊ နတ်မတောင်(ခ) ခေါနုသုမ်(ခ) ဝိတိုရိယတောင်သို့ စက်ဘီးစီးခဲ့ရာ ဇန်နဝါရီလ ၂၀ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲခန့်က တောင်ထိပ်သို့ အောင်မြင်စွာ ရောက်ရှိခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။
21-Jan-2017
ရန်ကုန်-မန္တလေး အမြန်လမ်း အမှတ် ၃ လမ်းဆုံအနီး မိုင်တိုင်အမှတ် ၄ နှင့်၂ ဖာလုံအနီး ပုဂံဘုရားဖူးပြီး ပြန်လာသည့် Hiace အမျိုးအစား အန်စာတုံးပုံ အိမ်စီးယာဉ်တစ်စင်း ယနေ့(ဇန်နဝါရီလ ၂၁ ရက်) နံနက် ၈ နာရီခွဲခန့်ကလမ်း ဘေးထိုးကျ တိမ်းမှောက် မီးလောင်ရာမှ ယာဉ်ပေါ်လိုက်ပါလာသူ ကိုးဦးအနက် ခရီးသည် ရှစ်ဦး မီးလောင် သေဆုံး
21-Jan-2017
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ၁၈ ရပ်ကွက် စည်ပင်လမ်းနှင့် မောင်းမကန်ကမ်းသာလမ်းထောင့်ရှိ ဘီယာဆိုင်တွင် ယနေ့ (ဇန်နဝါရီလ ၂၁ ရက်) နံနက် ၄ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသား ငါးဦး သေဆုံးကာ အမျိုးသမီး တစ်ဦး မီးလောင်ဒဏ်ရာ အပြင်းအထန် ရခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
21-Jan-2017
မြန်မာနိုင်ငံမြောက်ပိုင်း ကချင် ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား ဖြစ်ပွားနေသော တိုက်ပွဲများအကြောင်း ပြည်တွင်း ပြည်ပမှ မြန်မာ့အရေး ကျွမ်းကျင်သူ ခြောက်ဦးတို့ ဇန်နဝါရီလ ၂၁ ရက် (ယနေ့) တွင် ဆွေးနွေးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲ စီစဉ်သူများထံမှ သိရသည်။
20-Jan-2017
နိုင်ငံတစ်ဝန်း ထုတ်လုပ်ရောင်းချနေသည့် ဈေးကွက်တွင်းရှိ တိုင်းရင်းဆေး အားလုံးတွင် အင်္ဂလိပ်ဆေး ရောနှောမှုကို စစ်ဆေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း (ရန်ကုန်တိုင်းဒေသကြီး) ၏ ဗဟိုတာဝန်ခံ ဦးမောင်မောင်ဦးက The Voice သို့ ပြောကြားသည်။
20-Jan-2017
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ မြန်မာသံရုံးအနီးတွင် သမ္မတတာဝန်မှ အနားယူရပြီဖြစ်သည့် အိုဘားမား၊ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏သမီး အိုင်ဗန်ကာထရမ့်နှင့် ကမ္ဘာ့အကြီးဆုံး အွန်လိုင်းဈေးရောင်းစင်တာ Amazon ကို တည်ထောင်သူ ဘီလျံနာ ဂျက်ဖ်ဘီဇော့တို့ နေထိုင်မည် ဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းတွင် ဖော်ပြထားသည်။
20-Jan-2017
စစ်မှန်သည့် ငြိမ်းချမ်းရေး ရရှိရန်အတွက်ဟု ဆိုကာ ဂျပန်နိုင်ငံရောက် မြန်မာများ စုပေါင်း၍ မြန်မာသံရုံးရှေ့၌ ဖေဖော်ဝါရီလ၄ ရက်နေ့တွင် စစ်ဆန့်ကျင်ရေး ဆန္ဒပြမည် ဖြစ်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း (ဂျပန်) ထံမှ သိရသည်။
20-Jan-2017
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) တွင် အမြန်ဆုံး ပါဝင်လက်မှတ်ထိုးနိုင်ရေး အစိုးရ၊ တပ်မတော်တို့က ပိုမိုလမ်းဖွင့်ပေးရန် ပထမအကြိမ် ကရင်အမျိုးသား နိုင်ငံရေးဆွေးနွေးပွဲက ထုတ်ပြန်တောင်းဆိုလိုက်သည်။