News

26-Sep-2019
လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အမြင့်ဆုံး တရားရုံးက သေဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဆူးလေ မဟာဗန္ဓုလပန်းခြံရှေ့တွင် စက်တင်ဘာလ ၂၆ ရက်က ဦးဆန်းမင်းထွန်းဆိုသူက တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။
26-Sep-2019
ဆော်ဒီအာရေးဗီးယား၏ ရေနံစက်ရုံကြီးနှစ်ခုကို တိုက်ခိုက်ခြင်းမှာ အီရန်၏ လက်ချက်ဟု ဆော်ဒီက ပြောကြားပြီးနောက် အီရန်ကို စစ်ရေးပါဝင်နိုင်သော နည်းလမ်းစုံဖြင့် ပြန်လည်တုန့်ပြန်သွားမည်ဟု ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။
26-Sep-2019
ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့ သံတဲကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ပွိုင့် ၂၂ သေနတ်တစ်လက်၊ ကျည်ဆံ၊ လက်ပစ်ဗုံးအပြင် မူးယစ်ဆေးဝါးများကို လူနှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Sep-2019
စစ်ကိုင်းမြို့ ကုန်းရွာ ကျေးရွာရှိ ကံတလူဘုရားမုခ်ဦးတွင် သားဖြစ်သူ စကားများရန်ဖြစ်နေကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ ရန်ဖြစ်ရာသို့ သွားရောက်ဖြန်ဖြေသည့် ဖခင်ဖြစ်သူ သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရွာသစ်ကြီးနယ်မြေရဲစခန်းမှ သိရသည်။
26-Sep-2019
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ဒေသတွင် အင်အားပြင်းမြေငလျင် လှုပ်ခတ်သွားရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိသွားကြောင်း အစိုးရ အရာရှိကြီးများက ပြောကြားသည်။
26-Sep-2019
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေမောဓောစေတီတွင် အမေရိကန်ဒေါ်လာ ၃၅၀၀၀ ကုန်ကျမည့် အများသုံး သန့်စင်ခန်း တစ်ခုကို တောင်ကိုရီးယားနိုင်ငံက ဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
26-Sep-2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ နေအိမ်တစ်အိမ်တွင် အသက် ၁၆ နှစ် အရွယ်ရှိ သမီးရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူက ကိုယ်တိုင် တိုင်ကြားခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ သိရှိရသည်။
26-Sep-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် ကျောက်တောင်သင်္ချိုင်းအနီးတွင် စက်တင်ဘာ ၂၅ ရက် ည ၁၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင်များအား အရက်ပုလင်းဖြင့်ရိုက်သည့် မူးယစ်ရမ်းကားနေသူကို သေနတ်ဖြင့်ပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
26-Sep-2019
သူငယ်တန်း(KG)ကျောင်းသား၊ ကျောင်းသူ ၈ ဦးကို အလျှိုးရာပေါ်သည်အထိ ပြင်းထန်စွာရိုက်နှက်သည်ဆိုကာ ကျောင်းအုပ်ကို တိုင်းဝန်ကြီးချုပ်ထံ ကျေးရွာသားအချို့က တိုင်ကြားခဲ့ကြသည်။
26-Sep-2019
အများပြည်သူ အပန်းဖြေအနားယူလျက်ရှိသည့် ကမ္ဘာအေးဘုရားလမ်းနှင့် ပြည်လမ်းပေါ်ရှိ အင်းလျားကန်ပေါင်တွင် တစ်ပတ်လျှင် ကြွက်ကောင်ရေ ၂၀ ခန့် ဖမ်းဆီးရမိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာနမှ ဌာနမှူး ဦးမင်းအောင်က ပြောကြားသည်။
26-Sep-2019
အတိတ်က ပေးဆပ်ခဲ့ရသူများအတွက် အင်းစိန်ထောင်တွင်းသပိတ် တိုက်ပွဲရုပ်ရှင်သည် သမိုင်းမှတ်တမ်းတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်သည်။
26-Sep-2019
ရခိုင်ပြည်နယ်မှ ဘင်္ဂါလီဒုက္ခသည်များ ထွက်ပြေးခိုလှုံလျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဒုက္ခသည်စခန်းများတွင် ARSA အကြမ်းဖက်စစ်သွေးကြွများ ခြေကုပ်ယူ စိမ့်ဝင်လှုပ်ရှားလျက်ရှိသည်ဟု ဂျာမန်သတင်းဌာနတစ်ခုဖြစ်သော DW ၏ ရေးသားဖော်ပြချက်အရသိရသည်။
25-Sep-2019
ယူကေ ပါလီမန် ရပ်နားမှုသည် ဥပဒေနှင့်မညီဟု အထက်ခုံရုံးက ဆုံးဖြတ်လိုက်ပြီးနောက် အမတ်များ လွှတ်တော် ပြန်တက်ကြတော့မည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
25-Sep-2019
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်အချို့၏ နောက်ကွယ်မှ ထောက်ပံ့ပေးမှုများကြောင့် တရားမဝင်မီးသွေးဖိုများ ပိုများလာကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။
25-Sep-2019
မကွေးမြို့နယ်အတွင်းရှိ ကျေးရွာနေ အမျိုးသမီးများ နေ့စဉ်ဝင်ငွေရရှိရန် ဒေသထွက်ကုန်ပစ္စည်းများမှတစ်ဆင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ယင်းမြို့နယ်ကျေးလက်မြေအဖွဲ့မှ ဒါရိုက်တာ ဒေါ်မူစဲက ပြောကြားသည်။