News

30-Dec-2020
စာသင်ကျောင်းများအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုင်နက်တည်း ပြန်လည်၍ ဖွင့်လှစ်မည်မဟုတ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
30-Dec-2020
တပ်မတော်အနေနှင့် ရခိုင်ပြည်နယ်တွင် စစ်အင်အားဖြည့်တင်းမှုမရှိကြောင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ခိုက်မှုမရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြာရေးအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
29-Dec-2020
ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တုများ ၂၀၂၃ ခုနှစ် အရောက်တွင် လွှတ်တင်နိုင်ရေး ဂျပန်ကုမ္ပဏီတစ်ခုနှင့် ကျိုတိုတက္ကသိုလ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု BBC သတင်းဌာနတွင် ဖော်ပြခဲ့သည်။
29-Dec-2020
ဥရောသမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများမှ လူ သန်း ၄၅၀ နီးပါးကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရမည့် မာရသွန်ပွဲပမာ လူများ၊ ရှည်လျား၊ အချိန်ယူရသော လုပ်ငန်းစဉ်ကြီးမှာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီသော အခြေအနေများဖြင့် မျှတမှုမရှိ၊ တာထွက်မတူသောအနေအထားဖြင့် စတင်ခဲ့ရကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
29-Dec-2020
ဒေါ်နယ်ထရမ့်အုပ်ချုပ်ရေးအဖွဲ့ လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အမေရိကန်လုံခြုံရေးအေဂျင်စီများသည် အာဏာလွှဲပြောင်းရေးလုပ်ငန်းစဉ်ချောမွေ့ရေးအတွက် အရေးကြီးသည့် သတင်းအချက်အလက်များကို မိမိတို့အဖွဲ့အား ပံ့ပိုးပေးခြင်းမရှိကြောင်း နိုဝင်ဘာ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားလိုက်သည်။
29-Dec-2020
ယခု ၂၀၂၀ ပြည့်နှစ်ဟာ ကမ္ဘာ့အပူဆုံးဒုတိယနှစ်ဖြစ်တဲ့အတွက် ရာသီဥတု ပြောင်းလဲလာတာကြောင့် လာမည့်နှစ်တွင် စားနပ်ရိက္ခာရှားပါးမှု၊ ရေရှားပါးမှုတွေနဲ့ ကျန်းမာရေးဆိုင်ရာရောဂါတွေ ထူပြောလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
29-Dec-2020
လူငယ်များအနေနှင့် အင်တာနက်ကို လူမှုကွန်ရက်အတွက်နှင့် ဂိမ်းကစားရန်အတွက်သာ အသုံးပြုခြင်းမဟုတ်ဘဲ မိမိတို့အရည်အချင်း တိုးတက်စေရန် ထိထိရောက်ရောက် အသုံးချပြီး လေ့လာသွားကြရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။
29-Dec-2020
ဆိပ်ဖြူမြို့ စည်ပင်သာယာရေးအဖွဲ့အနေနှင့် ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျပ်သိန်း ၄၆၁၀ ကျော်သုံးစွဲကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စုစုပေါင်း ၃၁ ခု ဆောင်ရွက်မည်ဟု စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
29-Dec-2020
ဧရာဝတီတိုင်း ငပုတောမြို့နယ်အတွင်း ပုသိမ်-မော်တင်ကားလမ်းဘေး မိုင်တိုင်အမှတ် ၂၉ အနီးရှိ ကျေးရွာအချို့ နှင့် ပုသိမ်မြို့နယ်အတွင်း ပုသိမ်-ငွေဆောင် ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၉ အနီးရှိ ကျေးရွာအချို့တွင် တောဆင်ရိုင်းဝင်ရောက် နှောင့်ယှက်ခံနေရကြောင်း ဒေသခံများ ထံမှ သိရသည်။
29-Dec-2020
ပက်အပြည်ပြည်ဆိုင်ရာ အသေးစားငွေရေးကြေးရေး ဝန်ဆောင်မှုရန်ပုံငွေ အဖွဲ့အစည်းက ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော အသင်းသားများအတွက် ကျပ်သိန်းပေါင်း တစ်ထောင့်ရှစ်ရာ ရှစ်ဆယ့်တစ်သိန်း (၁၈၈,၁၀ဝ,ဝဝဝ) ခန့်တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်သွန်၊ အာလူး၊ ကုလားပဲစသည့် အခြေခံစားသောက်ကုန်များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
29-Dec-2020
လယ်ယာမြေများကို ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးမြေလှပ်ထားခြင်း၊ အဆောက်အအုံများ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ခြင်းတို့ကိုဆောင်ရွက်ပါက လယ်ယာမြေ ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။
29-Dec-2020
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်မှုကြောင့် ဒေသခံ ၆၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာတစ်ရွာ၌ ရွာသား ၅၀ ကျော် ပိတ်မိနေသည်ဟု ကျောက်မဲဒေသခံများထံမှ သိရသည်။
29-Dec-2020
ဆေးပေါ့လိပ်အခွန်ကို စီးကရက်အခွန်နည်းတူ မကောက်ခံဘဲ နှုန်းထားအနည်းငယ်သာ ကောက်ခံခြင်းကြောင့် ဈေးနှုန်းချိုသာသော ဆေးပေါ့လိပ်ကို သောက်သုံးသူပိုများလာသောကြောင့် ဆေးပေါ့လိပ်အခွန်ကို စီးကရက်အခွန်နည်းတူ ကောက်ခံသင့်ကြောင်း ရန်ကုန်ဆေးရုံကြီး အထွေထွေရောဂါကုသရေးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဝေဖြိုးက သုံးသပ်ပြောကြားသည်။