News

27-Sep-2019
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့ပင်လုံ ရပ်ကွက်တွင် စက်တင်ဘာလ ၂၆ ရက်နေ့ ညနေပိုင်းက ဓားကိုင်၍ ရမ်းကားနေသူ အမျိုးသားတစ်ဦးက ဖမ်းဆီးရန် ရောက်လာသည့် ရဲတပ်ဖွဲ့အား ဓားဖြင့် လိုက်ခုတ်သောကြောင့် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
27-Sep-2019
မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သော နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အပါအဝင် မြို့ကြီးအချို့တို့တွင် အကြမ်းဖက်တိုက်ခိုက်ခံရနိုင်သည်ဆိုသည့် သတင်းများထွက်ပေါ်မှုကြောင့် အမေရိကန်နိုင်ငံသားများ လုံခြုံရေးသတိပြုရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက စက်တင်ဘာလ ၂၅ ရက် ညပိုင်းက သတိပေးချက်ထုတ်ပြန်သည်။
26-Sep-2019
မြို့တော် နေပြည်တော် အပါအဝင် မြို့ကြီးသုံးမြို့တွင် အကြမ်းဖက် ဖောက်ခွဲရေးသတိပေးမှုများ သတင်းထွက်ပေါ်လာပြီးနောက် မန္တလေးမြို့ရှိ မဟာမုနိဘုရားကြီး၊ နယူးအိုးရှင်း စူပါစင်တာတို့ကဲ့သို့သော လူစည်ကားရာနေရာများတွင် တိုင်းရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တို့နှင့် မိုင်းရှင်းလင်းရေး ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး မိုင်းရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
26-Sep-2019
Eco Green City စီမံကိန်းတွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက တန်ဖိုးနည်းအိမ်ရာအခန်း ၃၀၀၀ ခန့် ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ပြောကြားသည်။
26-Sep-2019
အစိုးရကရောင်းချသည့် တန်ဖိုးနည်းအိမ်ရာဝယ်ယူရန် မဲနှိုက်ခွင့်ရရှိသူ ၃၀၀ ကျော်ကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် မဲနှိုက်ရောင်းချမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
26-Sep-2019
ဆွာချောင်းတမံကျိုးပေါက် ပျက်စီးရာမှ ကျေးရွာရွှေ့ပြောင်းခဲ့ရသော ရေတာရှည်မြို့နယ် ကျွန်းတောစုစံပြရွာသစ် နေအိမ်များကို စက်တင်ဘာ ၁၆ ရက်ပိုင်းမှစကာ အမျိုးသားတစ်ဦးက မီတာ တပ်ဆင်လျှောက်ထားပါက ငွေကျပ် ၄၅,၀၀၀ မှ ၉၀,၀၀၀ အကြား သုံးမျိုးသုံးစားကောက်ခံနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
26-Sep-2019
တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြို့တော် ဘေဂျင်းတွင် ဒေါ်လာ ၁၁ ဘီလီယံခန့်အသုံးပြုကာ တည်ဆောက်ခဲ့သည့် ဧရာမ မီဂါလေဆိပ်ကြီးကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း တရုတ်သတင်းဌာနများက ရေးသားဖော်ပြသည်။
26-Sep-2019
ယင်းမာပင်ခရိုင် အလောင်းတော် ကဿပဘုရားတွင် ဝေယျာဝစ္စလုပ်ကိုင်နေသည့် ဘုန်းကြီးကျောင်းသားနှင့် အလုပ်သမားအချို့ကို ပေးချေရမည့်လုပ်ခလစာများကို ဘုရားဂေါပကအဖွဲ့က မပေးချေသေးကြောင်း အဆိုပါအလုပ်သမားများထံမှ သိရသည်။
26-Sep-2019
လိပ်ကျွန်း လူသတ်မှုနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ အမြင့်ဆုံး တရားရုံးက သေဒဏ်ချမှတ်ခံရသူ မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဆူးလေ မဟာဗန္ဓုလပန်းခြံရှေ့တွင် စက်တင်ဘာလ ၂၆ ရက်က ဦးဆန်းမင်းထွန်းဆိုသူက တစ်ကိုယ်တော်ဆန္ဒပြခဲ့သည်။
26-Sep-2019
ဆော်ဒီအာရေးဗီးယား၏ ရေနံစက်ရုံကြီးနှစ်ခုကို တိုက်ခိုက်ခြင်းမှာ အီရန်၏ လက်ချက်ဟု ဆော်ဒီက ပြောကြားပြီးနောက် အီရန်ကို စစ်ရေးပါဝင်နိုင်သော နည်းလမ်းစုံဖြင့် ပြန်လည်တုန့်ပြန်သွားမည်ဟု ဆော်ဒီနိုင်ငံခြားရေး ဝန်ကြီးက ဆိုသည်။
26-Sep-2019
ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့ သံတဲကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ပွိုင့် ၂၂ သေနတ်တစ်လက်၊ ကျည်ဆံ၊ လက်ပစ်ဗုံးအပြင် မူးယစ်ဆေးဝါးများကို လူနှစ်ဦးထံမှ ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Sep-2019
စစ်ကိုင်းမြို့ ကုန်းရွာ ကျေးရွာရှိ ကံတလူဘုရားမုခ်ဦးတွင် သားဖြစ်သူ စကားများရန်ဖြစ်နေကြောင်း ဖုန်းဆက်အကြောင်းကြားချက်အရ ရန်ဖြစ်ရာသို့ သွားရောက်ဖြန်ဖြေသည့် ဖခင်ဖြစ်သူ သေဆုံးသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ရွာသစ်ကြီးနယ်မြေရဲစခန်းမှ သိရသည်။
26-Sep-2019
ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ဒေသတွင် အင်အားပြင်းမြေငလျင် လှုပ်ခတ်သွားရာ အနည်းဆုံး လူ ၁၉ ဦး သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရရှိသွားကြောင်း အစိုးရ အရာရှိကြီးများက ပြောကြားသည်။
26-Sep-2019
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ရွှေမောဓောစေတီတွင် အမေရိကန်ဒေါ်လာ ၃၅၀၀၀ ကုန်ကျမည့် အများသုံး သန့်စင်ခန်း တစ်ခုကို တောင်ကိုရီးယားနိုင်ငံက ဆောက်လုပ်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က သတင်းထုတ်ပြန်သည်။
26-Sep-2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ နေအိမ်တစ်အိမ်တွင် အသက် ၁၆ နှစ် အရွယ်ရှိ သမီးရင်းကို ဖခင်ဖြစ်သူက အဓမ္မပြုကျင့်ခဲ့ကြောင်း မိခင်ဖြစ်သူက ကိုယ်တိုင် တိုင်ကြားခဲ့ကြောင်း တောင်ငူမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းမှ သိရှိရသည်။