News

15-Aug-2017
မန္တလေးမြို့တော် ဧရိယာအတွင်း ယခင်က မြေကွက်ကြီးများကိုသာ မြေဂရန် လျှောက်ထားခွင့်ပြုရာမှ ယခုအခါ စတုရန်းပေ ၁၂၀ဝ အောက် မြေကွက်ငယ်များကိုပါ မြေဂရန် လျှောက်ထားခွင့် ပေးထားကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေယာစီမံခန့်ခွဲမှု ဌာနထံမှ သိရသည်။
15-Aug-2017
လတ်တလောဖြစ်ပွားနေသည့် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့်သေဆုံးသူ ၂၅ ဦးရှိလာပြီး ပိုးတွေ့လူနာ နေ့စဉ် တိုးလာကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
15-Aug-2017
တရုတ်အထည်ချုပ် လုပ်ငန်းအချို့သည် နယ်စပ်တစ်ဖက်ခြမ်းရှိ မြောက်ကိုရီးယား စက်ရုံများတွင် လုပ်သားဈေးချိုမှုကို အခွင့်ကောင်းယူ အသုံးချမှု မြင့်တက်လာနေကြောင်း နယ်စပ်မြို့ တန်တုံရှိ ကုန်သည်များနှင့် စီးပွားရေးလုပ်ငန်းများက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
15-Aug-2017
အစိုးရအနေနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လိုအပ်သည့်နေရာများကို ဦးစားပေး ဆောင်ရွက်ရသောကြောင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်နိုင်ရန် အလှူရှင်များကိုသာ အားထားနေရကြောင်း မန္တလေး တိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
15-Aug-2017
မြိတ်ဈေးကွက်တွင် သြဂုတ်လ ၉ ရက်မှစပြီး ကြက်သားကြက်ဥများ ပြန်လည် ရောင်းချခွင့်ပြုခဲ့သော်လည်း ဈေးနှုန်းနှင့် ရောင်းအား ကျဆင်းနေဆဲဖြစ်ကြောင်း ကြက်ဥကြက်သား ဈေးကွက်မှ သိရသည်။
15-Aug-2017
တွံတေး-လှိုင်သာယာကားလမ်းရှိ ပန်းလှိုင်တံတားတိုးဂိတ်မှ ဝန်ထမ်းကို NLD ပါတီဝင်တစ်ဦးက ပါးရိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက The Voice သို့ ပြောကြားသည်။
15-Aug-2017
ပြည်ပပို့ အသီးအနှံ ၁၆ မျိုးအတွက် GAP (Good Agricultural Practice) အသိအမှတ်ပြု လက်မှတ်များကို စိုက်ပျိုးရေးဌာနက ထုတ်ပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
15-Aug-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်တွင် ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၆ နာရီခွဲခန့်က အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း တာချီလိတ် မြို့မရဲစခန်းထံမှ သိရသည်။
15-Aug-2017
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်စည်သာရပ်ကွက် အမှတ်၂၁ လမ်းရှိ ရေဆေးဆီလိုက်ဆိုင် တစ်ဆိုင်တွင် သြဂုတ်လ ၁၄ ရက်နေ့ညနေ ၄ နာရီခန့်က တရားမဝင် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ဖမ်းဆီးရမိခဲ့ကြောင်း ပတ္တာနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
15-Aug-2017
အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား အကြိမ်ကြိမ် သားမယားပြုကျင့်မှုတစ်ခု မြိတ်ခရိုင် ကျွန်းစုမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲစခန်းမှ သိရသည်။
15-Aug-2017
သားရေကို ရယူလိုမှုဖြင့် တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများကြောင့် မြန်မာ့တောဆင်ရိုင်းကောင်ရေမှာ ယခုအခါ အလွန်အမင်း ကျဆင်းလာပြီး မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး ပညာရှင်များက ပြောကြားသည်။
15-Aug-2017
အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများနှင့် အကြမ်းဖက် အဖွဲ့အစည်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ အပါအဝင် နိုင်ငံရေးပါတီများက နိုင်ငံတော်အစိုးရထံ သြဂုတ်လ ၁၄ ရက်နေ့၌ တောင်းဆိုလိုက်သည်။
15-Aug-2017
Lander Sports Development စီးပွားရေး လုပ်ငန်းစုပိုင်ရှင် တရုတ်သန်းကြွယ်သူဌေး ဂျီရှင်ဂေါင်ဟာ ဆောက်သမ်တန်အသင်းရဲ့ ရှယ်ယာပမာဏ ၈၀ ရာခိုင်နှုန်းကို ပေါင်သန်း ၂၀၀ နဲ့ တရားဝင် ဝယ်ယူလိုက်ပါပြီ။
15-Aug-2017
မန်စီးတီးအသင်းဟာ သြစတြီးယားကလပ် သြစတြီးယား ဗီယင်နာအသင်း တိုက်စစ်မှူး အိုလာရင်ဝါဂျူး ကာယိုဒီကို ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၃ ဒသမ ၅ သန်း ပေးချေဝယ်ယူလိုက်ပြီ ဖြစ်ပါတယ်။
15-Aug-2017
စပါးပရိသတ်တွေဟာ သူတို့အသင်းရဲ့ ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ပေါ်လင်ညိုကို ဘာစီလိုနာက ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၃၆ ဒသမ ၅ သန်း အသုံးပြု ခေါ်ယူလိုက်တာနဲ့ ပတ်သက်ပြီး အွန်လိုင်းလူမှုကွန်ရက် စာမျက်နှာတွေကနေ လှောင်ပြောင်နေကြပြီ ဖြစ်ပါတယ်။