News

24-Aug-2017
ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယင်းပဋိပက္ခအပေါ် အမျိုးသားလုံခြုံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပသင့်ကြောင်း ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက ပြောကြားခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။
24-Aug-2017
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် မွတ်ဆလင်ဒုက္ခသည်များ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့် အပါအဝင် ကန့်သတ်ချက်အချို့ကို ဖယ်ရှားသင့်ကြောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြုထားသည်။
24-Aug-2017
ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ ၆၆ (ဃ) ပါ ပြစ်မှုကို ထောင်ဒဏ်လျှော့ချ၍ အာမခံပေးနိုင်သည့် ပြစ်မှုပြစ်ဒဏ်ဖြစ်စေရန် ပြည်သူ့လွှတ်တော်က အတည်ပြုထားပြီး ယင်းအတိုင်း အတည်ပြုရန် ယနေ့(သြဂုတ်လ ၂၄ ရက်) က ကျင်းပသော အမျိုးသားလွှတ်တော်၌ အတည်ပြုလိုက်သည်။
24-Aug-2017
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့တွင် မြစ်ရေကြီးမှှုကြောင့် ရေဘေးသင့် အိမ်ထောင်စုများကို ကူညီထောက်ပံ့ပစ္စည်းများ ပေးအပ်ရန် လာရောက်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ဝန်ကြီးချုပ်ထံသို့ မြေယာ ပြဿနာ အများအပြား တင်ပြတိုင်ကြားခဲ့ကြောင်း မြို့နယ်ဒေသခံများက ပြောကြားသည်။
24-Aug-2017
ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့တွင် (၂)ပေခန့်နှင့် ညောင်ဦးမြို့တို့တွင် (၃) ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီး အထက်သို့ ကျော်လွန်နေပြီး နောက်နှစ်ရက်အတွင်း ပခုက္ကူမြို့နှင့် ညောင်ဦးမြို့တို့တွင် ပေဝက်ခန့်စီ ကျဆင်းနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက် တည်ရှိနိုင်သည်။
24-Aug-2017
The ExtremeCrew ဟု အမည်ပေးထားသည့် အင်ဒိုနီးရှား ကွန်ပျူတာဟက်ကာအဖွဲ့တစ်ဖွဲ့သည် မလေးရှားဝက်ဘ်ဆိုက်များကို လိုက်လံ တိုက်ခိုက်နေပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်သည်မှာ ဆီးဂိမ်းစ်လက်ကမ်းစာအုပ်တွင် အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ထည့်သွင်းဖော်ပြခဲ့သည့် မလေးရှား၏လုပ်ရပ်ကို မကျေနပ်၍ဖြစ်သည်ဟု ယင်းဟက်ကာအဖွဲ့က အသိပေးထားကြောင်း Channel News Asia က ဖော်ပြထားသည်။
24-Aug-2017
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား အစီအစဉ်ကို အကူအညီ ပေးနေသည့် ရုရှားနှင့် တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ဒါဇင်ခန့်ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုများ ထပ်မံ ပြုလုပ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
24-Aug-2017
မကွေးတိုင်းဒေသကြီး၌ ရေနံကြောနှင့်သတ္တုသိုက်ကြီး တစ်ခုတွေ့ရှိထားပြီး ဖော်ထုတ်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Voice သို့ ပြောဆိုသည်။
24-Aug-2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားကို အရေးယူပေးရန် ငါးမင်းဆွေ၏ ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်သည်။
24-Aug-2017
ဘာသာရေးကိစ္စများကို အကြောင်းပြု၍ အဓိကရုဏ်း ဖြစ်ပွားနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် အစ္စလာမ် ဘာသာဝင်များအနေဖြင့် ဗလီများ၌သာ ဝတ်ပြုဆုတောင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဩဂုတ်လ ၂၂ ရက်နေ့တွင် အမိန့်စာ ထုတ်ပြန်ခဲ့သည်။
24-Aug-2017
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားနောင်ကျေးရွာအနီးရှိ နှမ်းစိုက်ပျိုးရန် ထွန်ယက်ထားသည့် နှမ်းခင်းအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နားနောင်ကျေးရွာတာဝန်ခံ ဦးဝင်းရွှေက ပြောကြားသည်။
24-Aug-2017
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ နယ်၊ ထန်းပေါက်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၂၂ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။
24-Aug-2017
ပဲခူးမြို့နယ်၊ ရေတာရှည်-ရေနီမြို့နယ်အတွင်းမှ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် နေ့စဉ်ကျောင်းသွားလာရသည့် ကျောင်းဆရာ၊ ဆရာမများကို မီနီဘတ်ယာဉ်များဖြင့် အခမဲ့ကြို/ပို့ပေးနေသည်။
24-Aug-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ဩဂုတ်လ ၂၃ ရက်နေ့က ကျပ်သိန်းပေါင်း ၃၇၀၀၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ၁၄၈ ကီလိုနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။
24-Aug-2017
ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် မန္တလေးတိုင်းအတွင်းရှိ စာသင်ကျောင်း ၄၅ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။