News

24-Aug-2017
ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် မန္တလေးတိုင်းအတွင်းရှိ စာသင်ကျောင်း ၄၅ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
24-Aug-2017
စက်မှုဇုန်များ ထူထောင်ခွင့်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကိုယ်တိုင် စီမံလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
24-Aug-2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မီဒီယာများအပေါ် တဖျစ်တောက်တောက် ဝေဖန်သည့်အကျင့်ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး သစ္စာဖောက်များနှင့် နှိုင်းယှဉ်ခဲ့ကာ ‘ကျုပ်တို့တိုင်းပြည်ကို သဘောမကျတဲ့ လူဆိုးများ’ ဟု ထိုးနှက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
23-Aug-2017
ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးတွင် သပိတ်စခန်းဖွင့်သူများကို ယင်းမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပေးထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်မှု မရှိသေးပေ။
23-Aug-2017
မန္တလေးမြို့တော်ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) သို့ ယခုနှစ်အတွင်း ပဲကိစ္စဖြင့် ငွေကြေးလိမ်လည်မှု မရှိသေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးသက်တင်က ပြောကြားသည်။
23-Aug-2017
တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ပေါင်း ၁၆၀ ကျော်ရှိသည့်အနက် ကနဦးအဆင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၄၈ ခုတွင် နည်းပြ၊ သရုပ်ပြ၊ လက်ထောက် ကထိက၊ ကထိကများ နေထိုင်ရေး အဆင်ပြေ၊ မပြေ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြု ကော်မတီ ဦးဆောင်ကော်မတီဝင် ဦးလှိုင်တင့်က ပြောကြားသည်။
23-Aug-2017
မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့တို့ ဩဂုတ်လ ၂၃ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ တစ်နိုင်ငံလုံး ပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နှင့် ပတ်သက်သည့်ကိစ္စ အဓိက ဆွေးနွေးခဲ့ကြသည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောသည်။
23-Aug-2017
မုံရွာမြို့၊ မြို့သစ်ရပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းဘေးရှိ ကေတီဗီဆိုင်ရှေ့တွင် ဩဂုတ် ၂၁ ရက်နေ့ ညက ဆိုင်ကယ်ချင်း ချိတ်မိရာမှ ကေတီဗီ ဆိုင်ဝန်ထမ်းများနှင့် ရပ်ကွက်နေထိုင်သူများ ရိုက်နှက်မှု ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။
23-Aug-2017
လတ်တလော ကူးစက်ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည့် ရာသီတုပ်ကွေးရောဂါ (H1N1)ကြောင့် ရက်သတ္တ လေးပတ်ကျော်အတွင်း သေဆုံးသူ ၃၃ ဦးထိ ရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
23-Aug-2017
ဧရာဝတီ တိုင်းဒေသကြီး ငပုတောမြို့နယ် မြစ်တရာ ကြိုးဝိုင်းတွင် သြဂုတ်လ ၂၁ ရက်မှစတင်ကာ မြန်မာသစ်လုပ်ငန်းမှ ဆင်မောင်းအဖွဲ့ (ကွန်ဂျီ) က သစ်တောကြိုးဝိုင်းထဲ ရောက်နေသော တောဆင်ရိုင်းများကို အစာရေစာ ပေါများသည့် တောအတွင်းသို့ မောင်းထုတ်နေကြောင်း ငရုတ်ကောင်း ဒေသခံများထံမှ သိရသည်။
23-Aug-2017
တရားစွဲဆိုခံရသည့် မြေသိမ်းတောင်သူသည် တရားရင်ဆိုင်ရပါက တရားရုံးသို့ပေးရန်နှင့် ကျွေးရန်ပင် ငွေကြေးရှိမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။
23-Aug-2017
အဲဗာတန်တိုက်စစ်မှူး ရူနီသည် ၎င်းအနေနှင့် နိုင်ငံတကာ လက်ရွေးစင် ကစားသမားဘဝ ဖြတ်သန်းမှုကို အဆုံးသတ်ကာ အနားယူပြီဖြစ်ကြောင်း အံ့သြသင့်ဖွယ် ထုတ်ပြန်ကြေညာလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
23-Aug-2017
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပလျက်ရှိသည့် ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆက်လက်ကျင်းပမည့် အားကစားပွဲများ အားပေးကြည့်ရှုခြင်း၊ မလေးရှားနိုင်ငံအတွင်း သွားလာနေထိုင်ခြင်းတွင် မြန်မာနိုင်ငံသားများ သတိဝီရိယ ရှိကြရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးသည်။
23-Aug-2017
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီအနေနှင့် လက်မှတ်ရေးထိုးရန် မွန်ပြည်နယ် အစိုးရအဖွဲ့က တိုက်တွန်းခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
23-Aug-2017
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ ၂၃ ရက်တွင် ယင်းကော်မရှင်အဖွဲ့ဝင်များက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။