News

23-Aug-2017
မြန်မာပရိသတ်တွေက ကွင်းအနီးက ကုန်ကမူပေါ်မှာ ထိုင်သူထိုင် ပလက်ဖောင်ပေါ် မတ်တပ်ရပ်သူရပ်နဲ့ စုဝေးနေကြတယ်။ အိုးစည်ဗုံမောင်းတွေ ပါလာလို့ ဒိုးပတ်သံနဲ့ လင်းကွင်းသံတခြွမ်းခြွမ်း တီးပြီး ကွင်းရှေ့စောင့်နေကြတယ်။ ရာသီဥတုက ဒီနေ့ အတော့်ကို ပူပါတယ်။ နေပူထဲမှာ မြန်မာပရိသတ်တွေ ပူရကောင်းမှန်း မသိကြပါဘူး။
23-Aug-2017
ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ALP ဌာနခွဲတစ်ခု ကျသွားကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။
23-Aug-2017
မန်ယူနည်းပြ မော်ရင်ညိုသည် လက်ရှိဘောလုံးရာသီတွင် မန်ယူအသင်း ကစားသမားများကို အထူးအခွင့်အရေးတစ်ရပ် ပေးအပ်ထားပြီဖြစ်ကာ ယင်းအခွင့်အရေးမှာ ပြိုင်ပွဲမကစားမီ နေ့ရက်များတွင် အသင်းဟိုတယ်သို့ လာရောက် နေထိုင်ရမည့်အစား သက်ဆိုင်ရာ နေအိမ်များတွင် မိသားစုနှင့်အတူ နေထိုင်ခွင့် ပေးထားခြင်းပင်ဖြစ်ကြောင်း Sky Sports က ဖော်ပြထားသည်။
23-Aug-2017
မြန်မာအစိုးရနှင့် ဂျပန်အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA တို့ ပူးပေါင်းစီစဉ်မှုဖြင့် မန္တလေး တိုင်းအတွင်းရှိ တောင်သူများ လယ်ယာသုံး စက်ပစ္စည်းဝယ်ရန် ကျပ်သန်းငါးထောင် ထုတ်ချေးပေးမည်
23-Aug-2017
ရန်ကုန်နှင့် မန္တလေး တိုင်းဒေသကြီးမှ နယ်လုံဝန်ကြီးဟောင်းများ အပါအဝင် ပြည်နယ်နှင့် တိုင်းခုနှစ်ခုရှိ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဟောင်း ခုနစ်ဦးကို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အစားထိုးခန့်အပ်လိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၂ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။
23-Aug-2017
အိန္ဒိယဂယက်ကြောင့် ဘုရင့်နောင် ပဲဈေးကွက်သည် ဈေးနှုန်းဖွင့်နိုင်ခြင်း မရှိဘဲ ဒုတိယနေ့အဖြစ် ယနေ့ (သြဂုတ်လ ၂၃ ရက်)တွင် ထပ်မံပိတ်ကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
23-Aug-2017
ချင်းတွင်းမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ဆက်လက်ရှိနေသည့်အတွက် ချင်းတွင်းမြစ်ကြောင်း သွားရေယာဉ်ပြေဆွဲမှု ၂ ရက်ထပ်မံ၍ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း ပုဂ္ဂလိက အမြန်ရေယာဉ်များ စနစ်တကျ ပြေဆွဲရေးကော်မတီ (မုံရွာ) ဌာနမှူး ဦးသောင်းညွန့်က ပြောကြားသည်။
23-Aug-2017
အိန္ဒိယနိုင်ငံဘက်မှ ပဲစင်းငုံအပြင် မတ်ပဲနှင့် ပဲတီစိမ်းတင်ပို့ခွင့်များကိုပါ ထပ်မံ ကန့်သတ်လိုက်သည့်အတွက် ပဲဈေးများ အဆမတန် ကျဆင်း၍ ဘုရင့်နောင် ပြည်ပပို့ ပဲဈေးကွက် ဩဂုတ်လ ၂၂ ရက်နေ့တွင် ရပ်ဆိုင်းသွားကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။
23-Aug-2017
YUPT ကုမ္ပဏီအနေနှင့ ်ထိန်းချုပ်ရေး စတင်တာ (Control Center) ဖြင့် YBS ၇ ယာဉ်လိုင်းကို ဩဂုတ်လမှစတင် စည်းကမ်းထိန်းချုပ်ရာတွင် စည်းကမ်းဖောက်သည့် ယာဉ်မောင်းရှစ်ဦးကို တွေ့ရှိကာ စစ်ဆေး အရေးယူခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
23-Aug-2017
ပြီးခဲ့သည့် ခြောက်လအတွင်း ဆီးရီးယားနိုင်ငံ၏ ဓာတုလက်နက် စီမံကိန်းကို ကိုင်တွယ်သော အစိုးရ အေဂျင်စီထံ မြောက်ကိုရီးယားမှ သင်္ဘောဖြင့် ပစ္စည်းတင်ပို့မှု နှစ်ခုကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ကြောင်း မြောက်ကိုရီးယား၏ အရေးယူပိတ်ဆို့မှုများ ချိုးဖောက်မှုဆိုင်ရာ ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာ တစ်စောင်ကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။
22-Aug-2017
ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များအပြင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။
22-Aug-2017
မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၁၂မှ မြန်မာ့အကောက်ခွန်နှုန်း ၂၀၁၇ သို့ ယခုနှစ် အောက်တိုဘာလမှစကာ ပြောင်းလဲ ကျင့်သုံးမည် ဖြစ်သောကြောင့် ကုန်ပစ္စည်း အမျိုးအစား အများစုကို အကောက်ခွန်နှုန်းများ တိုးမြှင့်ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
22-Aug-2017
တောင်ဒဂုံမှကြည့်မြင်တိုင်သို့ ပြေးဆွဲသည့် YBS ၅၉ ယာဉ်လိုင်း၊ 1L.5319 ယာဉ်မောင်းသည် ဩဂုတ်လ ၂၁ ရက်က လမ်းပြောင်းပြန်မောင်းနှင်ခဲ့သဖြင့် တိုင်း အစိုးရအဖွဲ့၏ စည်းကမ်းချက်အတိုင်း ရာသက်ပန်ထုတ်ပယ်မည်ဖြစ်ကြောင်း YBS ၅၉ ယာဉ်လိုင်းထံမှ သိရသည်။
22-Aug-2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် အပြီးသတ် အကြံပေးချက်များ ပါဝင်မည့် အစီရင်ခံစာကို ထုတ်ပြန်နိုင်ရန် အစိုးရအဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။