News

25-Aug-2017
မုတ်သုံလေ အားကောင်းနေခြင်းနှင့် မုန်တိုင်းအကြွင်းအကျန် တိမ်များကြောင့် မိုးအားကောင်းနေနိုင်သည့်အပြင် မြစ်အထက်ပိုင်းမှ ရေများ တိုးဝင်လာနိုင်ခြင်းကြောင့် မြစ်ဝကျွန်းပေါ်ဒေသသည် ရေကြီးရေလျှံမည့် အန္တရာယ် ရှိနေကြောင်း မိုးလေဝသ ပညာရှင်များက သတိပေး ပြောကြားသည်။
25-Aug-2017
မူးယစ်ဆေး၊ လောင်းကစား၊ ဘင်္ဂလီ ခိုးဝင်မှု စသည့် ကိစ္စရပ်များ ရပ်ကွက်အတွင်း ဖြစ်ပေါ်ပါက ချက်ချင်းထိန်းချုပ်နိုင်ရန် ရပ်ရွာနေ ပြည်သူအခြေပြု ကွန်ရက်များကို တိုင်းအတွင်း ဖွဲ့စည်းသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
25-Aug-2017
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၂၆ ရပ်ကွက်၊ ပြည်ထောင်စုလမ်းတွင် ဆီယာဉ် မီးလောင်ခဲ့ရာမှ နေအိမ်နှင့် ဈေးဆိုင်များ မီးကူးစက်ခဲ့ပြီး နစ်နာဆုံးရှုံးမှု ရှိခဲ့သူတို့ထံ ကွန်တိန်နာယာဉ်နှင့် ဆီဘောက်ဆာယာဉ်တို့၏ ကုမ္ပဏီမှ တာဝန်ရှိသူများ လာရောက်ဆက်သွယ်ညှိနှိုင်း ဖြေရှင်းမှု မရှိသေးကြောင်း ယင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောကြားသည်။
25-Aug-2017
မန်ယူအသင်းဟာ တိုက်စစ်မှူး အီဘရာဟီမိုဗစ်ကို အသင်းကစားသမားအဖြစ် စာချုပ်ပြန်ချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း အတည်ပြုချက်တစ်ရပ် တရားဝင် ထုတ်ပြန်ပေးသွားခဲ့ပြီ ဖြစ်ပါတယ်။
25-Aug-2017
ရှုံးပွဲမရှိစံချိန်နဲ့ ကမ္ဘာ့လက်ဝှေ့လောကမှာ မှတ်တမ်းကောင်း စိုက်ထူထားတဲ့ အမေရိကန် လက်ဝှေ့ကစားသမား မေဝယ်သာဟာ အိုင်ယာလန် ကိုယ်ခံပညာစုံ တိုက်ခိုက်ရေး ကစားသမား မက်ဂရီဂေါ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့်ပွဲစဉ်မှာ ကိုယ့်ကိုကိုယ် လောင်းကြေးပြန်ထပ်ဖို့ ပြင်ဆင်လိုက်ပါပြီ။
25-Aug-2017
ဘာစီလိုနာအသင်းဟာ ဒေါ့မွန်တိုက်စစ်မှူး ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပမာဏ ပေါင် ၁၃၈ သန်းနဲ့ သဘောတူညီမှု ရသွားခဲ့ပါပြီ။
25-Aug-2017
ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး စီရော်နယ်ဒိုသည် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီးအက်ဖ်အေ) က ပေးအပ်ချီးမြှင့်သည့် ဥရော ပတစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ၂ နှစ်ဆက် ဆွတ်ခူးသိမ်းပိုက် ရရှိသွားခဲ့ပြီ ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Aug-2017
မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၉ ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် လေးယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ၌ အမျိုးသမီးပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သော်လည်း အမျိုးသားအသင်းမှာ ငွေတံဆိပ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
25-Aug-2017
မြန်မာနိုင်ငံ၏ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်ဘဝမှ စတင်၍ နောက်ဆုံးအချိန်ထိ ဖြစ်ရပ်များ ပါဝင်သည့် အတ္ထုပ္ပတ္တိစာအုပ်ကို နိုင်ငံတော်အဆင့် အနေနှင့် ထုတ်ဝေမည် ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။
25-Aug-2017
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) စည်းမျဉ်းနှင့်ညီစေရန် ယခုနှစ် အောက်တိုဘာလမှစ၍ အကောက်ခွန် နှုန်းထားများကို တိုးမြှင့်ကောက်ခံမည်ဖြစ်ရာ လျှပ်စစ်ကားနှင့် မီနီထရပ် မော်တော်ယာဉ်များ တင်သွင်းခြင်း အကောက်ခွန် နှုန်းများကိုလည်း တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။
25-Aug-2017
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးနှင့် ပထမဆုံးအကြိမ် ဓာတ်ပုံတွဲရိုက်ရာတွင် ဒူတာတေးကဲ့သို့ လိုက်လံပြီး လက်သီးဆုပ်ပြခဲ့မိသည့်အတွက် သြစတြေးလျ ထောက်လှမ်းရေး အကြီးအကဲ နစ်ဝါနာကို ဝေဖန်ရှုတ်ချမှုများ ပေါ်ပေါက်ခဲ့ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
25-Aug-2017
မောင်တောဒေသရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကင်းစခန်းများကို ယနေ့နံနက်ပိုင်းမှ စတင်၍ အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် သြဂုတ်လ ၂၅ ရက် နံနက် ၇ နာရီခွဲအထိ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပြီး နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
25-Aug-2017
အကြမ်းဖက်မှုများ ဖြစ်ပွားနေ သေးသည့် ရခိုင်ပြည်နယ်လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုကောင်းမွန်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်သောကြောင့် အတည်မဖြစ်ဘဲ မှတ်တမ်းအဖြစ်သာ ထားရှိကြောင်း ဩဂုတ် ၂၄ ရက်က ကျင်းပသောလွှတ်တော်က ကြေညာခဲ့သည်။
24-Aug-2017
မြန်မာနိုင်ငံရှိ အလုပ်သမားများ၏ အခြေခံလုပ်ခလစာကို ကျပ် ၃၆၀ဝ သတ်မှတ်ထားရာ ၂ နှစ်လျှင် တစ်ကြိမ် ပြည်ထောင်စု အစိုးရအဖွဲ့ အတည်ပြုချက်များ ရရှိပါက အခါအားလျော်စွာ ပြောင်းလဲ ပြင်ဆင်ခွင့်ရှိကြောင်း ပဲခူးတိုင်းဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက ပြောကြားသည်။
24-Aug-2017
ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် စုံစမ်းဖော်ထုတ်ရာတွင် အမေရိကန် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးအဖွဲ့ (FBI) က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ထောက်လှမ်းရေး နည်းပညာများ သင်ကြားပြသပေးရန် နှစ်ဖက် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။