News

28-Mar-2017
အမေရိကန် အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Uber တက္ကစီ ဝန်ဆောင်မှုလုပ်ငန်းက မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီထံမှ သိရသည်။
28-Mar-2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ပေးရန်နှင့် ယင်းဒေသရှိ ပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မတ်လ ၂၈ ရက်) ညနေပိုင်းတွင် ကမာရွက်မြို့နယ်၊ လှည်းတန်းဈေးအနီးတွင် ပြုလုပ်ခဲ့သည်။
28-Mar-2017
ဆကသှှယရှေး ဥပဒပေုဒမှ ၆၆(ဃ)ဖှင့ှ တရားစှဲဆိုခံရသည့ှ ကိုမှိုးရနနှောငသှိနှးက တပမှတောှ ကာကှယရှေးဦးစီးခှုပမှှာ နိုငငှံဝနထှမှး ဖှဈသည့အှတှကှ ရာဇသတကှှီး ဥပဒပေုဒမှ ၄၉၉ တှငှ ပှဋဌှာနှးထားသည့ှ အသရဖကှမှှေု အဓိပပှါယှ ဖှင့ဆှိုခကှအှရ ထောကပှှဝဖနခှှငေ့ရှှိကှောငှး တရားခှငတှှငှ ထှကဆှိုလိုကသှညှ။
28-Mar-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ နမ့်ကိုင်းရွာတွင်၊ ယနေ့ (မတ် ၂၈ ရက်) နံနက် ၄ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပညာရေးဝန်ထမ်း လိုင်းခန်းအချို့ ပျက်စီးခဲ့ကြောင်း တာချီလိတ်မြို့နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
28-Mar-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် ၇ အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့ (မတ်၂၈ရက်) နံနက် ၉ နာရီက ပညာရှင်အဆင့် ၄ ရာထူးတိုး စာမေးပွဲ ကျင်းပခဲ့ရာ ဆရာ၊ ဆရာမ ၆၀ ကျော် ဝင်ရောက်ဖြေဆိုခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
28-Mar-2017
ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ချင်းပြည်နယ် ဟားခါးမြို့ ဗိုလ်တိုက်ချွန်းခန်းမတွင် ယနေ့ (မတ်လ ၂၈ ရက်) နံနက်က စတင်ကျင်းပလျက်ရှိကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များထံမှ သိရသည်။
28-Mar-2017
အိန္ဒိယအသင်းက စာရွက်ပေါ်မှာ ကျွန်တော်တို့ထက် ပိုကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း သူတို့ကို အနိုင်ရဖို့ ကောင်းကောင်းလုပ်နိုင်ပါတယ်။ ကမ္ဘောဒီးယားနဲ့ပွဲကိုလည်း ကြည့်ခဲ့ရပါတယ်။ အိန္ဒိယအသင်းက တည်ကန်ဘောတွေ ကစားတာ ကောင်းပေမယ့် သူတို့ကို တားဆီးဖို့ နည်းလည်းရှိပါတယ်။ အရေးကြီးတာက အာရုံစူးစိုက်ပြီး ကစားဖို့ လိုပါတယ်။ ပွဲတိုင်းကို ဗိုလ်လုပွဲလို ကစားသွားမှာပါ။
28-Mar-2017
မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ထွက်လာသော အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အမည်ပြောင်းလဲ လျှောက်ထားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
28-Mar-2017
လက်ပံတောင်းတောင် ကြေးထုတ်လုပ်ငန်းမှ ကျောက်သယ်ယာဉ်များကို တားဆီးခဲ့သည့် ဒေသခံ တောင်သူများကို မတ်လ ၂၄ ရက်နေ့က လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့သောဖြစ်စဉ်တွင် ဒေသခံတောင်သူ ၅၀ ဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီးမြို့နယ် ရဲမှူး ဌေးဝင်းက ပြောကြားသည်။
28-Mar-2017
မှော်ဘီမြို့နယ်၊ ဖူးကြီး၊ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရုံးတွင် မတ်လ ၂၆ ရက် ည ၁၀ နာရီခန့်က သွပ်ပြားများ ဝင်ရောက်ခိုးယူသည့် အမျိုးသားလေးဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Mar-2017
နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် တပ်မတော်က ဆက်လက်၍ အားသွန်ခွန်စိုက် ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၇၂ နှစ်မြောက် တပ်မတော်နေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
28-Mar-2017
ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမစ်ထရီ မက်စ်ဗီဒက်ဗ် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုပြီး အဂတိလိုက်စားမှု ဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးများကို ဦးဆောင်ခဲ့သည့် အတိုက်အခံခေါင်းဆောင်နှင့် ဆန္ဒပြသူ ရာပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြသည်။
28-Mar-2017
မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသား ဘာသာဝင်များ အချင်းချင်း အကြမ်းဖက်မှုများကို မရပ်နိုင်ပါက တိုင်းပြည် မွဲသထက်မွဲ၍ ဒုက္ခရောက်မည်ဟု နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာဘဒ္ဒန္တ ကုမာရာ ဘိဝံသက မိန့်ကြားသည်။
28-Mar-2017
ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားရမည့် အယ်လ်ကလပ်စီကိုဒါဘီ လာလီဂါပွဲစဉ် မတိုင်မီ သုံးရက်အလိုတွင် ၎င်းအယူခံတင်သွင်းထားသော အမှုအတွက် တရားရင်ဆိုင်ရလိမ့်မည် ဖြစ်ပြီး အဆိုပါ အမှုစစ်ဆေးခြင်းက မက်ဆီအတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမည်ကို ဘာစီလိုနာအသင်း တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြောင်း Marca က ဖော်ပြထားသည်။
28-Mar-2017
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်မှုကို အချုပ်အခြာ အာဏာကို ထိပါးလာသည့်အတွက် ကာကွယ်သွားမည်ဟု တပ်ချုပ်၏ပြောကြားမှုကို ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အချို့က ထောက်ခံလိုက်ကြသည်။