News

28-Aug-2017
လှိုင်သာယာမြို့နယ်ရှိ DJY Knitting (Myanmar) ခြေအိတ်စက်ရုံမှ ဆန္ဒပြအလုပ်သမား ၈၀ ခန့်ကို အလုပ်ပြန်ခန့်ပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခုံသမာဓိက ဩဂုတ် ၃၀ ရက်တွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများထံမှ သိရသည်။
28-Aug-2017
သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့သည့် နိုင်ငံအဆင့် ကျားထိန်းသိမ်းရေး စီမံချက် (၂၀ဝ၃) ကို လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိစေပြီး လိုက်လျောညီထွေ ပြင်ဆင်နိုင်ရေးအတွက် အသစ်ပြန်လည် ရေးဆွဲမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
28-Aug-2017
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းအမှုကို ပိတ်လိုက်သည့်အတွက် ပြန်စစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းမှုကို ကနဦး လက်ခံကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
28-Aug-2017
နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိပြီး မန္တလေးမြို့ ဂုဏ်ဆောင် နိုင်ငံကျော် မြို့မတူရိယာအသင်းတွင် ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်နေသောကြောင့် ယင်းအသင်းကိုတည်ထောင်သူ မြို့မငြိမ်းသား ဦးရွှန်းမြိုင်ကို ရာထူးမှ ရပ်စဲလိုက်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
28-Aug-2017
ဘင်္ဂလားပင်လယ်အော်တွင် လေထု မငြိမ်မသက်မှုများနှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
28-Aug-2017
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာတွင် သာသနာပိုင် (ဘုန်းကြီးကျောင်းပိုင်) နံပါတ်ပြားအဝါ တပ်ဆင်ထားပြီး လူငယ်လေးဦး လိုက်ပါစီးနင်းလာသည့် ပြိုင်ကားတစ်စီးကို ယာဉ်ထိန်းတပ်ဖွဲ့က ယနေ့ (သြဂုတ်လ ၂၈ ရက်) မွန်းလွဲ တစ်နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Aug-2017
မန္တလေးတိုင်းဒေသကြီး ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေလှောင်တမံ၊ အမြင့်ဆုံး ရေပမာဏကျော်လွန်ပြီး ရေလျှံကျနေသော်လည်း အန္တရာယ်ရှိသော အခြေအနေ မဟုတ်၍ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ စိုးရိမ်ရန်မလိုဟု ရဲရွာရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
28-Aug-2017
အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် မြင်းလွတ်နယ်ခြားစောင့် ရဲစခန်းမှ ကျဆုံးသွားသည့် ရဲဝန်ထမ်း ၃ ဦးနှင့် လဝက ဝန်ထမ်းတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၇ ရက်နေ့ ညနေက မောင်တောသင်္ချိုင်းတွင် မြေမြှုပ်သြင်္ဂိုဟ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
28-Aug-2017
လီဗာပူးအသင်းသည် မိုနာကို လူငယ်ကွင်းလယ်ကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၄ သန်းဖြင့် ဆက်သွယ် ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Aug-2017
မြန်မာနိုင်ငံသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း ပဲဈေးကို တင်းတင်းမာမာ ဆုပ်ကိုင်ထားမှုကြောင့် အိန္ဒိယနိုင်ငံနှင့် နားလည်မှုစာချွန်လွှာ မရေးထိုးနိုင်ခဲ့ဘဲ ပဲတင်သွင်းခွင့်မူဝါဒ ပြောင်းလဲလိုက်သည့်အချိန်တွင် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
28-Aug-2017
ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းပေါင်း ငါးထောင်ကျော်ကို အဆင့် တိုးပေးခဲ့ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။
28-Aug-2017
အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများတိုက်ခိုက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် တိုင်းရင်းသားများ၊ လုံခြုံရေး တာဝန်ထမ်းဆောင်နေကြသည့် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သားများကို တာချီလိတ်ဒေသခံများစုပေါင်း၍ ငွေလှူဒါန်းမည်ဖြစ်ကြောင်း တာချီလိတ်မြို့ ရခိုင်ပြည်နယ် ကူညီထောက်ပံ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဖြိုးရှိန်က ပြောကြားသည်။
28-Aug-2017
မြန်မာနိုင်ငံရဲတပ်ဖွဲ့၌ ယာယီရဲချုပ် တာဝန်ရယူထားသော ရဲမှူးချုပ် အောင်ဝင်းဦးသည် စက်တင်ဘာလ ဒုတိယအပတ်တွင် ရဲချုပ်ရာထူးသို့ တရားဝင် စတင်ခန့်အပ်ခံရမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနထံမှ သိရသည်။
28-Aug-2017
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ရခိုင်ပြည်နယ် အကြမ်းဖက်ဖြစ်စဉ် အတွင်းရှိ အခက်အခဲ တွေ့နေသူများကို ဆန်လှူမည် ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
28-Aug-2017
ရခိုင်ပြည်နယ် မောင်တောဒေသကို အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် အကြမ်းဖက် ဘင်္ဂါလီများနှင့် ARSA အကြမ်းဖက်အုပ်စုတို့ကို အားပေးထောက်ခံမှုများ ပြုလုပ်ပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်လိုက်သည်။