News

24-Aug-2017
The ExtremeCrew ဟု အမည်ပေးထားသည့် အင်ဒိုနီးရှား ကွန်ပျူတာဟက်ကာအဖွဲ့တစ်ဖွဲ့သည် မလေးရှားဝက်ဘ်ဆိုက်များကို လိုက်လံ တိုက်ခိုက်နေပြီဖြစ်ပြီး ၎င်းတို့အနေနှင့် ယခုကဲ့သို့ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်သည်မှာ ဆီးဂိမ်းစ်လက်ကမ်းစာအုပ်တွင် အင်ဒိုနီးရှား နိုင်ငံတော်အလံကို ပြောင်းပြန်ထည့်သွင်းဖော်ပြခဲ့သည့် မလေးရှား၏လုပ်ရပ်ကို မကျေနပ်၍ဖြစ်သည်ဟု ယင်းဟက်ကာအဖွဲ့က အသိပေးထားကြောင်း Channel News Asia က ဖော်ပြထားသည်။
24-Aug-2017
မြောက်ကိုရီးယားနိုင်ငံ နျူကလီးယား အစီအစဉ်ကို အကူအညီ ပေးနေသည့် ရုရှားနှင့် တရုတ်ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ် ဒါဇင်ခန့်ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်အရေးယူမှုများ ထပ်မံ ပြုလုပ်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
24-Aug-2017
မကွေးတိုင်းဒေသကြီး၌ ရေနံကြောနှင့်သတ္တုသိုက်ကြီး တစ်ခုတွေ့ရှိထားပြီး ဖော်ထုတ်နိုင်ရန် ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက The Voice သို့ ပြောဆိုသည်။
24-Aug-2017
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမ္မတဟောင်း ဘားရက်အိုဘားမားကို အရေးယူပေးရန် ငါးမင်းဆွေ၏ ဦးတိုက်လျှောက်ထား တရားစွဲဆိုမှုကို ဗဟန်းမြို့နယ် တရားရုံးက လက်မခံဘဲ ပယ်ချလိုက်သည်။
24-Aug-2017
ဘာသာရေးကိစ္စများကို အကြောင်းပြု၍ အဓိကရုဏ်း ဖြစ်ပွားနိုင်သည့် ကိစ္စရပ်များ ဖြစ်ပေါ်နိုင်ခြင်းကြောင့် အစ္စလာမ် ဘာသာဝင်များအနေဖြင့် ဗလီများ၌သာ ဝတ်ပြုဆုတောင်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဩဂုတ်လ ၂၂ ရက်နေ့တွင် အမိန့်စာ ထုတ်ပြန်ခဲ့သည်။
24-Aug-2017
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နားနောင်ကျေးရွာအနီးရှိ နှမ်းစိုက်ပျိုးရန် ထွန်ယက်ထားသည့် နှမ်းခင်းအတွင်း ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း နားနောင်ကျေးရွာတာဝန်ခံ ဦးဝင်းရွှေက ပြောကြားသည်။
24-Aug-2017
ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်မြို့ နယ်၊ ထန်းပေါက်ကျေးရွာရှိ နေအိမ်တစ်အိမ်တွင် သြဂုတ်လ ၂၂ ရက်နေ့က အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ကြိုးဆွဲချ အဆုံးစီရင်ခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) ရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်မြတ်ခိုင်က ပြောကြားသည်။
24-Aug-2017
ပဲခူးမြို့နယ်၊ ရေတာရှည်-ရေနီမြို့နယ်အတွင်းမှ ရန်ကုန်-မန္တလေး လမ်းဟောင်းတစ်လျှောက် နေ့စဉ်ကျောင်းသွားလာရသည့် ကျောင်းဆရာ၊ ဆရာမများကို မီနီဘတ်ယာဉ်များဖြင့် အခမဲ့ကြို/ပို့ပေးနေသည်။
24-Aug-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့တို့တွင် ဩဂုတ်လ ၂၃ ရက်နေ့က ကျပ်သိန်းပေါင်း ၃၇၀၀၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါး ၁၄၈ ကီလိုနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုထံမှ သိရသည်။
24-Aug-2017
ဧရာဝတီမြစ်ရေ မြင့်တက်လာမှု ကြောင့် မန္တလေးတိုင်းအတွင်းရှိ စာသင်ကျောင်း ၄၅ ကျောင်း ယာယီပိတ်ထားရကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။
24-Aug-2017
စက်မှုဇုန်များ ထူထောင်ခွင့်ကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများကိုယ်တိုင် စီမံလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
24-Aug-2017
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မီဒီယာများအပေါ် တဖျစ်တောက်တောက် ဝေဖန်သည့်အကျင့်ကို ဆက်လက်ထိန်းသိမ်းခဲ့ပြီး သစ္စာဖောက်များနှင့် နှိုင်းယှဉ်ခဲ့ကာ ‘ကျုပ်တို့တိုင်းပြည်ကို သဘောမကျတဲ့ လူဆိုးများ’ ဟု ထိုးနှက်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
23-Aug-2017
ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးတွင် သပိတ်စခန်းဖွင့်သူများကို ယင်းမြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ပေးထားသော်လည်း ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်မှု မရှိသေးပေ။
23-Aug-2017
မန္တလေးမြို့တော်ရှိ ပွဲစား၊ ကုန်သည်၊ စက်ပိုင်များ ကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်) သို့ ယခုနှစ်အတွင်း ပဲကိစ္စဖြင့် ငွေကြေးလိမ်လည်မှု မရှိသေးကြောင်း အဆိုပါအသင်းဥက္ကဋ္ဌ ဦးသက်တင်က ပြောကြားသည်။
23-Aug-2017
တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ပေါင်း ၁၆၀ ကျော်ရှိသည့်အနက် ကနဦးအဆင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၄၈ ခုတွင် နည်းပြ၊ သရုပ်ပြ၊ လက်ထောက် ကထိက၊ ကထိကများ နေထိုင်ရေး အဆင်ပြေ၊ မပြေ စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း တက္ကသိုလ် ဆရာ၊ ဆရာမအသင်းများ ကိုယ်စားပြု ကော်မတီ ဦးဆောင်ကော်မတီဝင် ဦးလှိုင်တင့်က ပြောကြားသည်။