News

21-Nov-2017
လိင်တူအခွင့်အရေး လှုပ်ရှားမှုများ၊ ပွဲတော်များ၊ ရုပ်သံပြသမှုများ၊ ဖိုရမ်များ၊ ပြပွဲများကို အန်ကာရာမြို့တော်တွင် ပြုလုပ်ခွင့်မပြုဟု လုံခြုံရေးကို အကြောင်းပြကာ တူရကီနိုင်ငံက ပိတ်ပင်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
21-Nov-2017
အာဆင်နယ်အသင်းတာဝန်ရှိသူများသည် ကစားသမားသစ်ရှာဖွေရေး ကင်းထောက်အကြီးအကဲအဖြစ် ဆဗင် မစ်ဆလင်တတ်ကို တာဝန်ပေး ခန့်အပ်လိုက်ပြီဖြစ်ပြီး မစ်ဆလင်တတ်ကို ဒေါ့မွန်ထံမှနေ၍ ၎င်းတို့က ခေါ်ယူလိုက်ခြင်းဖြစ်ကြောင်း အာဆင်နယ်က သတင်းထုတ်ပြန်ထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။
21-Nov-2017
ရီးရဲလ်မက်ဒရစ်အသင်းသည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် မန်ယူဂိုးသမား ဒီဂီယာကိုခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၃ သန်း အသုံးပြုရန် စီစဉ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
21-Nov-2017
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး အပါအဝင် အမျိုးသားတစ်ဦးက ရဲပြုတ်ဟု ပြောဆိုသည်ဆိုကာ ဒုတိယရဲမှူးကြီး(ငြိမ်း)ရှေ့နေ ဦးကျော်ငြိမ်းက မြောင်းမြမြို့မရဲစခန်းတွင် နိုဝင်ဘာလ ၁၈ ရက်က အမှုဖွင့်ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။
21-Nov-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု အိုင်စောက်ကျေးရွာရှိ လေတပ်စခန်းဌာနချုပ်မှ သိမ်းဆည်းထားသည့် မြေယာများတွင် စိုက်ထားသည့် ကျောက်တိုင်ကို ဖျက်ဆီးသည်ဟုဆိုကာ တောင်သူ ၁၀ ဦးကို တရားစွဲဆိုသည့်အမှု ရုံးချိန်းသို့ တရားလိုနှင့် အကျိုးဆောင်ရှေ့နေ မလာကြောင်း တရားစွဲခံ တောင်သူများက ပြောကြားသည်။
21-Nov-2017
ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကညင်ချောင်းကျေးရွာတွင် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးထိုးခဲ့သော အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦး ဆေးထိုးပြီး ၃ ရက်အကြာ နိုဝင်ဘာလ ၁၉ ရက်နေ့တွင် သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
21-Nov-2017
ရန်ကုန်လိုင်စင် တက္ကစီများ စီးတီး တက္ကစီအဖြစ် YRTA ရုံးတွင် မှတ်ပုံတင်ရာ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခြင်းကြောင့် နိုဝင်ဘာလ ၂၂ ရက်မှစ၍ နေရာတိုးကာ ဖွင့်လှစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
21-Nov-2017
မွန်အမျိုးသား ပညာရေးကျောင်းများတွင် ပညာသင်ကြားနေသည့် ကျောင်းဆရာ၊ ဆရာမများ၏ ပထမအကြိမ် ညီလာခံကို မွန်ပြည်နယ် ရေးမြို့နယ် ရေချောင်းဖျားဒေသရှိ မွန်အမျိုးသား ပညာရေးကျောင်း ဗဟိုဌာနဖြစ်သည့် ညီစားမွန် ပညာရေးစခန်းတွင် နိုဝင်ဘာလ ၁၉ ရက်မှ ၂၀ ရက်အထိ ပြုလုပ်ခဲ့သည်။
21-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ကွင်းလယ်ကစားသမား အမ်ခီတာယန်၏ကြံ့ခိုင်မှုအခြေအနေကို စိတ်တိုင်းကျခြင်း မရှိတော့ကြောင်း သတင်းများ ထွက်ပေါ်နေပြီး ပင်ပန်းနွမ်းနယ်ခြင်း ဝေဒနာကို မကြာခဏ ခံစားရခြင်းက အမ်ခီတာယန်ကို ပွဲထွက်ခွင့်နည်းပါးနေစေခြင်းဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
21-Nov-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ သက္ကယ်ကျင်းကျေးရွာအရှေ့ဘက်ရှိ မဟာမြိုင် သစ်တောအတွင်းရှိသော လုံးပတ် ၁၇ ပေကျော်ရှိ ပျားစွဲကညင်ပင်ခိုးခုတ်သူများကို ဒေသခံရွာသားများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း သက္ကယ်ကျင်းကျေးရွာ တာဝန်ခံဦးရွှေဝိုင်းက ပြောကြားသည်။
21-Nov-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးနည်းပြကွန်တီ လက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရသည့် ကွင်းလယ်လူ ဝီလျံနှင့် နောက်ခံကစားသမား ဒေးဗစ်လူးဝစ်ဇ်တို့ကို ခေါ်ယူလိုလျက်ရှိပြီး ဝီလျံကိုခေါ်ယူရန်အတွက် လွန်ခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ကတည်းကပင် မန်ယူက ဆက်သွယ်ကြိုးပမ်းခဲ့သော်လည်း ချယ်လ်ဆီးအသင်းတာဝန်ရှိသူများနှင့် ကာယကံရှင်ကစားသမားဖြစ်သူတို့က ငြင်းဆန်ပယ်ချခဲ့သည့်အတွက် အပြောင်းအရွှေ့ အထမမြောက်ခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
20-Nov-2017
ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများ နိုင်ငံတကာမှ ကူညီထောက်ပံ့များကို လျှော့ချမည့် ကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာ အဖွဲ့အစည်းများထံ တိုးမြှင့်ပေးရန် တောင်းဆိုခဲ့သော်လည်း တိုးမြှင့်ပေးသွားရန် အစီအစဉ် မရှိဟုသာ ပြောကြားခဲ့ကြောင်း ယင်းဒုက္ခသည် စခန်းများထံမှ သိရသည်။
20-Nov-2017
ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီဒုက္ခ သည်များအရေးကိစ္စနှင့်ပတ်သက်၍ နိုင်ငံ တကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများနှင့် ပြစ်တင်ဝေဖန်မှုများ ရှိသော်လည်း ဥရောပဒေသ၏ အင်အားကြီး ဂျာမနီနှင့် ဥရောပသမဂ္ဂ(အီးယူ)တို့က မြန်မာအစိုးရအနေနှင့် ဒုက္ခသည်များ ပြဿနာကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသလို မြန်မာအပေါ် အပြုသဘော ဆောင်သည့် အမြင်များ ရှိနေကြောင်း ဂျာမနီအခြေစိုက် Deutsche Welle(DW) သတင်းဌာနက ရေးသားဖော်ပြသည်။
20-Nov-2017
ယာဉ်အိုယာဉ်ဟောင်း တစ်စီးအပ်နှံ၍ စလစ်ထုတ်ပေးကာ ကားသစ်တစ်စီး အစားထိုး တင်သွင်းခြင်းကို ၂၀၁၉ ခုနှစ်တွင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။