News

29-Aug-2017
ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ဖြတ်ကျော်ပြီး ပင်လယ်ပြင်အတွင်းသို့ မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံက ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်လိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
29-Aug-2017
အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ချေးငွေများ ရရှိစေရန်အတွက် အချက်အလက်များ အားလုံးပါဝင်သည့် စမတ်ကတ် (Smart Card) များ ထုတ်ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
29-Aug-2017
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်တွင် ဩဂုတ်လ ၂၈ ရက်နေ့ ညသန်းခေါင်ယံအချိန်က တောင်ကြီးမှ သာစည်ဘက်သို့ မောင်းနှင်လာသော ခရီးသည်တင် ကားပေါ်တွင် လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးထံမှ ကာလတန်ဖိုး ကျပ်သန်း ၃၁၇ ဒသမ ၉၆ တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း နယ်မြေခံသာစည် မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
29-Aug-2017
ရခိုင်ပြည်နယ်ရှိ ဒေသခံ တိုင်းရင်းသားများကို တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ဘင်္ဂါလီ အကြမ်းဖက် သောင်းကျန်းသူများကို နှိမ်နင်းရာတွင် စစ်ရေးအကူအညီပေးရန် မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက အဆိုပြု ကမ်းလှမ်းလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
29-Aug-2017
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြို့လယ်အဝိုင်းတွင် ယာဉ်တိုက်မှုကြောင့် ပျက်စီးခဲ့သော ဟင်္သာရုပ်တုအစား ဟင်္သာရုပ်တုသစ်ကို သြဂုတ်လ ၂၈ ရက်က ပြန်လည်တပ်ဆင်ခဲ့သည်။
29-Aug-2017
ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင်များ အနေနှင့် ဖမ်းဆီးရာတွင် ပြန်လည်ခုခံသည့် မည်သည့် ဒုစရိုက်သမားကိုမဆို ပစ်ခတ်သတ်ဖြတ်နိုင်သည်ဟု သမ္မတ ဒူတာတေးက ခပ်ပြတ်ပြတ် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
28-Aug-2017
လှိုင်သာယာမြို့နယ်ရှိ DJY Knitting (Myanmar) ခြေအိတ်စက်ရုံမှ ဆန္ဒပြအလုပ်သမား ၈၀ ခန့်ကို အလုပ်ပြန်ခန့်ပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ခုံသမာဓိက ဩဂုတ် ၃၀ ရက်တွင် ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ဆန္ဒပြ အလုပ်သမားများထံမှ သိရသည်။
28-Aug-2017
သစ်တောဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်းရေးဆွဲခဲ့သည့် နိုင်ငံအဆင့် ကျားထိန်းသိမ်းရေး စီမံချက် (၂၀ဝ၃) ကို လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိစေပြီး လိုက်လျောညီထွေ ပြင်ဆင်နိုင်ရေးအတွက် အသစ်ပြန်လည် ရေးဆွဲမည်ဖြစ်ကြောင်း အဆိုပါဌာနထံမှ သိရသည်။
28-Aug-2017
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ခြံစည်းရိုးခတ်စဉ် သေနတ်ပစ်ခံရပြီး သေဆုံးခဲ့ရသည့် ဒေါ်ခင်ဝင်းအမှုကို ပိတ်လိုက်သည့်အတွက် ပြန်စစ်ရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ စာချွန်လွှာ တင်သွင်းမှုကို ကနဦး လက်ခံကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်နေသည့် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးအောင်သိန်းက ပြောကြားသည်။
28-Aug-2017
နှစ်ပေါင်း ၉၀ ကျော် သက်တမ်းရှိပြီး မန္တလေးမြို့ ဂုဏ်ဆောင် နိုင်ငံကျော် မြို့မတူရိယာအသင်းတွင် ငွေကြေးအရှုပ်အရှင်း ဖြစ်ပေါ်နေသောကြောင့် ယင်းအသင်းကိုတည်ထောင်သူ မြို့မငြိမ်းသား ဦးရွှန်းမြိုင်ကို ရာထူးမှ ရပ်စဲလိုက်ကြောင်း ဩဂုတ်လ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။
28-Aug-2017
ဘင်္ဂလားပင်လယ်အော်တွင် လေထု မငြိမ်မသက်မှုများနှင့် မုတ်သုံလေ အားကောင်းနေသည့်အတွက် ဒေသအချို့ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
28-Aug-2017
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကျောက်ချောကျေးရွာတွင် သာသနာပိုင် (ဘုန်းကြီးကျောင်းပိုင်) နံပါတ်ပြားအဝါ တပ်ဆင်ထားပြီး လူငယ်လေးဦး လိုက်ပါစီးနင်းလာသည့် ပြိုင်ကားတစ်စီးကို ယာဉ်ထိန်းတပ်ဖွဲ့က ယနေ့ (သြဂုတ်လ ၂၈ ရက်) မွန်းလွဲ တစ်နာရီခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။
28-Aug-2017
မန္တလေးတိုင်းဒေသကြီး ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရေလှောင်တမံ၊ အမြင့်ဆုံး ရေပမာဏကျော်လွန်ပြီး ရေလျှံကျနေသော်လည်း အန္တရာယ်ရှိသော အခြေအနေ မဟုတ်၍ မြစ်ကြောင်းတစ်လျှောက် နေထိုင်သူများ စိုးရိမ်ရန်မလိုဟု ရဲရွာရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးဌာန အရာရှိတစ်ဦးက ပြောကြားသည်။
28-Aug-2017
အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ တိုက်ခိုက်ခဲ့သော မောင်တောမြို့နယ် မြင်းလွတ်နယ်ခြားစောင့် ရဲစခန်းမှ ကျဆုံးသွားသည့် ရဲဝန်ထမ်း ၃ ဦးနှင့် လဝက ဝန်ထမ်းတစ်ဦး၏ အလောင်းကို သြဂုတ်လ ၂၇ ရက်နေ့ ညနေက မောင်တောသင်္ချိုင်းတွင် မြေမြှုပ်သြင်္ဂိုဟ်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
28-Aug-2017
လီဗာပူးအသင်းသည် မိုနာကို လူငယ်ကွင်းလယ်ကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန်အတွက် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၄ သန်းဖြင့် ဆက်သွယ် ကမ်းလှမ်းလိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။